၂၀၁၉ ကမ္ဘာ့အမွေအနှစ် စာရင်းကြေညာချက်ကို အခြားနိုင်ငံ ၃၆ နိုင်ငံက အမွေအနှစ်တွေနဲ့အတူ ပုဂံဟာ ယှဉ်ပြိုင်ရွေးချယ်ခံဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်တယ်၊ မဝင်ဘူးဆိုတာကတော့ အဲနေ့မှာ တစ်ကမ္ဘာလုံးက မြင်တွေ့ကြရမှာပါ။
နှလုံးသားထဲက ပုဂံဆိုတဲ့ ဓာတ်ပုံပြပွဲတစ်ခုကို လာမယ့်ဧပြီလ ၄ ရက်နေ့ ကနေ ၆ရက်နေ့အထိ ရန်ကုန်မြို့ Junction City မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
မြန်မာ့အမွေအနှစ်ကနေ ကမ္ဘာက အမွေအနှစ်ဖြစ်ဖို့ ကြိုးစားနေတဲ့ ပုဂံ အတွက်အထောက်အပံ့ ဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
SME လုပ်ငန်းတွေအတွက် မိမိထုတ်ကုန် လာပေးထားတာနဲ့ ဝိုင်းရောင်းပေးမဲ့ System
အခုအကြိမ် ကျင်းပမယ့် နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲဟာ ၈ကြိမ်မြောက်ပြပွဲ ဖြစ်ပါတယ်။
နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲကို ၂၀၁၈ ခုနှစ် မတ်လထဲက ကျင်းပခဲ့ပြီး တစ်နှစ်တာကာလအတွင်းမှာ ၇ ပွဲတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို ကျင်းပခဲ့တဲ့ပွဲတွေကတော့
၁။ မင်းနန်သူကျေးရွာ၊ ပုဂံမြို့
၂။ အမျိုးသားပြတိုက်၊ ရန်ကုန်မြို့
၃။ မြို့တော်ခန်းမ၊ မန္တလေးမြို့
၎။ မြို့တော်ခန်းမ၊ မုံရွာမြို့
၅။ အမျိုးသားပန်းချီပြခန်း၊ စင်္ကာပူနိုင်ငံ
၆။ ကမ္ဘောဇသာဒီ နန်းတော်၊ ပဲခူးမြို့
၇။ မြို့တော်ခန်းမ၊ ပုသိမ်မြို့ တို့ ဖြစ်ပါတယ်။