Life Hacks

ကမ္ဘာပေါ်က အသက်အငယ်ဆုံးသော ဘီလျံနာညီအစ်မနှစ်ဦး

Read 456 times
ကမ္ဘာပေါ်က အသက်အငယ်ဆုံးသော ဘီလျံနာညီအစ်မနှစ်ဦး


အဆိုပါ Andresen ညီအမနှစ်ဦးဟာ ယခုမှ အသက်တွေက၂၁ နှစ်နဲ့ ၂၂ နှစ်တို့သာ ရှိသေးပေမယ့် သူတို့တွေရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုတန်ဖိုးကတော့ တစ်ဦးကို ကန်ဒေါ်လာ ၁ ဒသမ၅ ဘီလီယံနီးပါးစီ ရှိနေကြပြီ ဖြစ်ပါတယ်။
Alexandra ကတော့ ထူးချွန်တဲ့ မြင်းစီးသမားတစ်ဦး ဖြစ်သလို Katharina ကလည်း ကောလိပ်ကျောင်းသူ၊ Ernst & Youngမှာ intern ဆင်းနေသူတစ်ဦး ဖြစ်ပါတယ်။
Forbes ရဲ့ ဖော်ပြချက်အရ သူတို့ ညီအမနှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က သူတို့ဖခင်ဖြစ်သူ Johan Andresen ဆီကနေ အမွေတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ Johan Andresenက သူတို့ မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Ferd ကို သူတို့ ညီအမနှစ်ဦးကို လွှဲပြောင်းပိုင်ဆိုင်ခွင့်ပေးလိုက်တာပါ။
သူတို့ နှစ်ဦးဟာ ကုမ္ပဏီမှာ တစ်ဦးကို အစုရှယ်ယာ ၄၂ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြပါတယ်။
သူတို့ ညီအမတွေဟာ ၂၀၀၇ ခုနှစ်က ယင်းအမွေတွေကို ဆက်ခံရယူပြီး ကြွယ်ဝနေခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာတွေအဖြစ် မကြာသေးမီကမှ ကြေညာခြင်း ခံရတာဖြစ်ပါတယ်။
ခုဆိုရင် အသက် ၂၁ နှစ်အရွယ် Alexandra နဲ့ ၂၂ နှစ်အရွယ်Katharina တို့ကတော့ တစ်ဦးစီကို ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ၁ ဒသမ ၄၇ ဘီလီယံစီ ရှိနေပြီ ဖြစ်ပါတယ်။

Read-ဥာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းလမ်း ၇ နည်း

Source; Strategy First Journal