Tips

AFP က သတင်းအခကြေး ရလိုမှုဖြင့် X ကို တရားစွဲဆို

Read 3095 times
AFP က သတင်းအခကြေး ရလိုမှုဖြင့် X ကို တရားစွဲဆို

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ယခင် Twitter ကို brand အသစ်ပြောင်းလဲခဲ့သည့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီး X ကို ပြင်သစ်မှာ မူပိုင်ခွင့်နှင့် ပတ်သက်ပြီး AFP သတင်းဌာနက တရားစွဲဆိုလိုက်ပါသည်။

နည်းပညာကုမ္ပဏီများက သတင်းများအတွက် အခကြေးငွေပေးရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှု တစ်ရပ် ဖြစ်ပါသည်။

 

မီဒီယာအုပ်စုများသည် ၎င်းတို့ တင်ပြသည့် အကြောင်းအရာများနှင့် ပုံများသည် X၊ Facebook Google ကဲ့သို့သော ပလက်ဖောင်းများကို တန်ဖိုးတက်စေသည်ဟု ပြောဆိုနေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ ထိုသို့ တန်ဖိုးတက်အောင်ပြုသဖြင့် ပလက်ဖောင်းများမှ ရရှိသည့် အမြတ်ထဲမှ ဝေစုကို မီဒီယာများ ရထိုက်သည်ဟု ဆိုကြသည်။

 

ဉရောပသမဂ္ဂက လုပ်ငန်းသဘောသဘာဝ နီးစပ်ပြီး ဆက်စပ်မှု ရှိနေသည့်အတွက် "အိမ်နီးနားချင်း ရပိုင်ခွင့်များ" ဟု ခေါင်းစဉ်တပ်ပြီး အခကြေးပေးအပ်ရန် ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့သည်။

ရလဒ်အဖြစ် Google နှင့် Facebook တို့က နောက်ဆုံး၌ ပြင်သစ် မီဒီယာများကို အခကြေး ပေးရန် သဘောတူခဲ့ကြသည်။

 

X သည် "အိမ်နီးနားချင်း ရပိုင်ခွင့်များ" ကိစ္စ ဆွေးနွေးညှိနှိုင်းရန် အတိအလင်း ငြင်းဆန်သည်ဟု AFP က စွပ်စွဲသည်။ သို့ဖြစ်ရာ ပါရီမြို့မှ တရားရုံးတွင် ဩဂုတ်လ ၂ ရက်တွင် တရားဆွဲစိုခဲ့ကြောင်း  AFP က ကြေညာချက် ထုတ်ပြန်သည်။

 ပြင်သစ်တွင် မီဒီယာအုပ်စုက အနိုင်ရသော်လည်း အခြားနိုင်ငံများတွင် အရေးနိမ့်နေဆဲ ဖြစ်သည်။ 

ကနေဒါတွင် သတင်းမီဒီယာများကို သတင်းအခကြေး ပေးရန် ဥပဒေကို ရှောင်ကွင်းရန် Meta က ကနေဒါတွင်  Facebook နှင့် Instagram ပေါ်မှာ သတင်းအဖွဲ့အစည်းများထံမှ ပို့စ်များကို block ထားသည်။

Google ကလည်း အလားတူ လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ဩစတေးလျတွင်လည်း Meta နှင့် Google တို့က အလားတူပင် ဆန့်ကျင်ငြင်းဆန်ကြသည်။

Meta နှင့် Google တို့သည် အွန်လိုင်းကြော်ငြာကို ကြီးစိုးလွှမ်းမိုးထားကြသဖြင့် သတင်းမီဒီယာများ ရှေးယခင်ကလို ကြော်ငြာများ မရကြတော့သဖြင့် ကြော်ငြာဝင်ငွေ ကျဆင်းပြီး ဆက်လက်ရပ်တည်ဖို့ အခက်အခဲကြုံကြရသည်။ ထိုအခြေအနေတွင် ၎င်းတို့၏ သတင်းများကို အခမဲ့ သုံးစွဲခြင်း ခံနေရသည်။

 Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL