Events & Exhibitions

ရန်ကုန် Digital CV အလုပ်အကိုင်ပြပွဲကို မတ်လ ၉ ရက်နေ့ ကျင်းပမည်

Read 2323 times
ရန်ကုန် Digital CV အလုပ်အကိုင်ပြပွဲကို မတ်လ ၉ ရက်နေ့ ကျင်းပမည်

ပြပွဲကို မည်သူမဆို အခမဲ့ လာရောက် လေ့လာ လျှောက်ထားနိုင်ပြီး စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ ဟောပြောပွဲတွေလည်း ပါဝင်မှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ အလုပ်အကိုင် ပြပွဲတစ်ခု ဖြစ်ပါတယ်။

နာမည်ကြီး ထိပ်တန်းကုမ္ပဏီတွေကနေ အလုပ်အကိုင် အမျိုးအစားပေါင်းများစွာကို ခေါ်ယူသွားမှာဖြစ်ပြီး မိမိရဲ့ CV တွေကို ဖုန်းထဲမှာ ထည့်သွင်းယူလာခြင်းအားဖြင့် QR Code ကနေတစ်ဆင့် လွယ်ကူလျှင်မြန်စွာ အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့ Knowledge Sharing Workshop

ပါဝင် ပြသမယ့် ကုမ္ပဏီတွေကတော့ CB Bank, MAB Bank, UMG, Duwun, Super One, Capital, Wall Street English, Colgate, Royal-D နဲ့ Royal Garden Hotel စတဲ့ လုပ်ငန်းတွေဖြစ်ပြီး မိမိနဲ့ သင့်တော်မယ့် အလုပ်အကိုင်တွေကို တစ်နေရာထဲမှာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ပြပွဲနေ့မှာ လာရောက်မယ့်သူတွေ အဆင်ပြေစေဖို့အတွက် တိရစ္ဆာန်ဥယျာဉ် ( ကျောက်တိုင် ) မှတ်တိုင်ကနေ Rose Garden Hotel အထိ Free Shuttle Bus တွေလည်း ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

Digital CV အလုပ်အကိုင်ပြပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ် ထပ်မံ သိရှိလိုတဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 0931349834 ကို ဆက်သွယ် မေးမြန်းလို့ ရပါတယ်။

Su Mon Oo

Myanmar Advertising Directory