တကယ်တော့ အောင်မြင်နေတဲ့ သူတွေဟာ အဆက်မပြတ်အလုပ်လုပ်ခြင်းကို လက်ကိုင်ထားနေလိုပါပဲ။ အခြားလူတွေ အိပ်မောကျနေချိန်မှာ ကြိုးစးရုန်းကန်ရင်း၊ အခြားလူတွေ အချိန်ဖြုန်းနေကြချိန်မှာ အချိန်တွေကို အသုံးချရင်း သူတို့ရဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ကြတယ်။
အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ သူတို့ရဲ့ ကြိုးစားခြင်းတွေကို အောင်မြင်ခြင်းဆိုတဲ့ အသီးအပွင့်အဖြစ် ရရှိခံစားရကြတယ်။ ဒါကိုလူတွေက အားကျငေးမောတတ်ကြပေမယ့် သူတို့တွေဘာကြောင့် အောင်မြင်နေကြတာလဲ၊ ဘယ်လိုအရည်အချင်းတွေ ဖြည့်တင်းခဲ့ကြတာလဲ၊ အချိန်တွေကို ဘယ်လိုသုံးခဲ့ကြတာလဲ ဆိုတာကိုတော့ မစဉ်းစားတတ်ကြပါဘူး။
တကယ်တော့ သင်ဒီနေ့လုပ်နေတဲ့အလုက်ဟာ မနက်ဖြန်သင်ဖြစ်လာမယ့် ဘဝပါပဲ။ ကောင်းမွန်တဲ့ဘဝတစ်ခုကိုလိုချင်ရင် ထိုက်တန်တဲ့ပေးဆပ်ခြင်းတွေ ပေးရမှာဖြစ်သလို မနက်ဖြန်မှာ လိုရာခရီးရောက်ဖို့ ဒီနေ့မှာ လမ်းလျှောက်နေဖို့လိုတယ်လေ။
ဒါကြောင့် အချိန်တွေဖြုန်းပြီး ဘဝမှာ ရေစုန်မျောပြီးနေရင် ဘဝက သယ်ဆောင်သွားတဲ့နေရာကိုရောက်ပြီး ကူးခတ်သွားရင်တော့ သင်လိုရာခရီးရောက်နိုင်ပါတယ်။ လောကကြီးဟာ သင်နေထိုင်တဲ့အတိုင်းဖြစ်လာတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဖြစ်သလိုနေရင်၊ အချိန်တွေဖြုန်းနေရင် သင်နဲ့ထိုက်တန်တဲ့ နေရာတစ်ခုကိုပဲ ရမှာဆိုတာကို မမေ့ပါနဲ့။
Credit;Gandawin Magazine