နိုဘယ်ဆု (၈)ဆု သိပ္ပံနှင့်သုတေသနဖွံ့ဖြိုးရေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bell Labs ရဲ့ ဥက္ကဌအနေနှင့် သူဟာ တီထွင်ဆန်းပြားမူတွေ နှင့် အဖြေရှာခြင်းဆိုင်ရာတွေမှာ အတော်အတန်သိရှိသူဖြစ်ပါတယ်။
Blueprint တွေရဲ့ သက်ရောက်မှုကို အနာဂတ်မှာမြင်တွေ့လိုပါသလား?
Weldom ရဲ့ ခေတ်တစ်ခေတ်ကိုပြောင်းလဲစေနိုင်တဲ့ ၀န်ဆောင်မှု (သို့) ပါရာဒိုင်းတစ်ခု ပြန့်ကျဲသွားစေမယ့် ပစ္စည်းတစ်ခုလုပ်ရာမှာ လိုက်နာသင့်တဲ့ အချက်တွေကို မင်မင် ကနည်းနည်းလောက်ပြောပြချင်ပါတယ်နော်...။
-လူတွေလိုအပ်နေတာတွေအပေါ်မှာအာရုံစိုက်ပါ
လူတွေကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးခြင်းအားဖြင့် သင်ဟာ အမြဲတမ်းတစ်ပန်းသာနေမှာပါ။
Weldon က Jezz Bezoz ကို ဥပမာအနေနှင့်ပြပါတယ်။
“ Amazon ဟာ ပြောင်းလဲနေတဲ့အရာတွေထက် မပြောင်းလဲတဲ့အရာတွေကိုသာ အာရုံစိုက်တာပါ။
Amazon ဟာ လူတွေအတွက် ခေတ်သစ် delivery စနစ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြင့် မရှိမဖြစ် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို တည်ထောင်လိုက်တာပါ။
သင်ကိုယ့်ကိုကိုယ်မေးရမှာက နှစ်ပေါင်းဘယ်လောက်တောင်ရှိနေပြီဖြစ်တဲ့ ပြဿနာတစ်ခုကို သင်ဖြေရှင်းနိုင်မှာလဲဆိုတာပဲ”။
-အနာဂတ်ရဲ့ပန်းတိုင်က အချိန်ကုန်သက်သာစေခြင်းပါပဲ
“အချိန်ဟာ အကန့်အသတ်ရှိတဲ့ ပစ္စည်းတစ်မျိုးပါပဲ ၊ အဲ့ဒါကိုအသုံးချဖို့ နည်းလမ်းအများကြီးလည်းမရှိပါဘူး” လို့ဆိုပါတယ်။
သူက အချိန်ကုန်သက်သာစေခဲ့တဲ့ တီထွင်မှုအနည်းငယ်ကို ဥပမာပေးခဲ့ပါတယ်။
ပုံနှိပ်စက် ရယ် ၊ လက်နှင့်ရေးတာရယ် ?
ပုံနှိပ်စက်က အချိန်ကုန်သက်သာတာပေါ့...
လမ်းလျှောက်မလား ၊ ကားနှင့်သွားမလား ?
ကားကသင်ရောက်ချင်တဲ့နေရာကို ပိုမြန်မြန်ရောက်တယ်နော်...
တကယ့်မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးတစ်ခုကို လုပ်မယ်ဆိုရင်တော့ တစ်နာရီ ၊ တစ်စက္ကန့် ၊ တစ်မိနစ် အချိုန်ကုန်သက်သာစေမယ့် အရာမျိုးကို ဖန်တီးယူပါ။
-အလိုအလျှောက်လုပ်ခြင်း = အနာဂတ်
Automation = The Future
Information era ကို ကျော်တက်လာနိုင်တဲ့ နည်းပညာ တော်လှန်ရေးတစ်ခုကို Weldon က ခန့်မှန်းမိပါတယ်။
နောင်ပေါ်ပေါက်လာမယ့် နည်းပညာတွေက လူတွေကို အချိန်ကုန်သက်သာစေမယ့် အလိုအလျောက်ဆောင်ရွက်ခြင်းတွေ ဖြစ်ပါလိမ့်မယ်တဲ့။
-Digital နှင့် Physical နယ်ပယ်ကို ချိတ်ဆက်ပါ
မီဒီယာတွေ ၊ device တွေ နှင့် web system တွေဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားတာပါ။
ဒါပေမယ့် အခြေခံအဆောက်အအုံတွေ ၊မြို့တွေနှင့် လူမှုအသိုင်းအ၀ိုင်းတွေနှင့်တော့ မဟုတ်ပါဘူး။
weldom က Fibit တို့လိုမျိုး digital နှင့် physical တွေကိုချိတ်ဆက်ပေးနိုင်တဲ့အရာတွေဟာ အနာဂတ်မှာ ဆန်းပြားတဲ့ ထုတ်ကုန်တွေရဲ့ လှိုင်းလုံးအစဖြစ်နိုင်ပါတယ်။
-ဗဟုသုတတွေဖန်တီးပါ
လူသားတွေနှင့်နောက်ထပ် အခက်အခဲတွေက ဘာလဲ။
သတင်းအချက်အလက်တွေများလာတာပါ။
အချက်အလက်တွေ စုပြုံနေခြင်းဟာ တဖြည်းဖြည်းနှင့် ကျွှန်တော်တို့ စုဆောင်းမှတ်ယူထားတဲ့ data များလာတာနှင့်အမျှ မနိုင်ဝန်ထမ်းသလိုဖြစ်လာပါလိမ့်မယ်။
အနာဂတ်မှာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတော့ online ကနေရရှိတဲ့ သတင်းအချက်အလက်သန်းပေါင်းများစွာကို ဆက်စပ်ဗဟုသုတအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားကြတော့မှာပါ။
အဲ့လိုမျိုး ဆက်စပ်ဗဟုသုတ ဆိုတာဟာ ဘာလဲဆိုတော့ သိသင့်တဲ့ဗဟုသုတပါ ၊ သိချင်တဲ့ဗဟုသုတတင်မဟုတ်ပါဘူးဆိုပြီး Weldon က ဖွင့်ဆိုထားပါတယ်။
တကယ်လို့ အဲ့လိုမျိုးများပြားလှတဲ့ သင်ဟာ သတင်းအချက်အလက်တွေကို လူတွေအတွက်
အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲစေနိုင်မယ့်အကြောင်းတစ်ခုတွေ့လိုရှိရင် အနာဂတ်မှာ အခရာကျတဲ့ ၀န်ဆောင်မှု(သို့) ထုတ်ကုန်တစ်ခုကို ရရှိမှာဖြစ်ပါတယ်။
Recommended for you-သင့် ဆိုင်ရဲ့ ဝင်ငွေရလမ်းကို Online ကတစ်ဆင့် အဆများစွာ ချဲ့ထွင်လိုက်ပါ!
Credit; founderclubmyanmar