ရှုံးနိမ့်မှုကို လက်ခံပုံ ခြင်းမတူတဲ့အတွေက်ကြောင့်ပါ။ ဘယ်လို အခက်အခဲတွေပဲ ကြုံနေပါစေ ကိုယ်ကအရှုံးမပေးမချင်း မရှုံးပါဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပါ။ စိတ်ပညာရှင်တစ်ယောက်ရဲ့ လေ့လာသုံးသပ်ချက်တစ်ခုကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ သူက စက်ရုံတစ်ရုံအပိတ်ခံရတဲ့အချိန်မှာ အလုပ်သုံးကြိမ်ပြုတ်ဖူးတဲ့ လူတွေကို လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
တွေ့ရှိတာနဲ့ပက်သက်ပြီး သူတို့ကိုယ်တိုင် အံ့အားသင့်ခဲ့ ကြရတယ်။
အလုပ်ပြုတ်သွားတဲ့ လူတွေဆိုတော့ သူတို့ဟာ ရိုက်ချိုးခံထားရတယ်။ စိတ်ဓါတ်တွေ ကျဆင်းနေမယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါပေမယ့်အဲ့လိုဖြစ်ရမယ့်အစား သူတို့ဟာ အံ့အားသင့်လောက်အောင် ဒူပေနာပေ ခံနိုင်ကြတယ်ဆိုတာ တွေ့လိုက်ကြရတယ်။
ဒီလိုဘာကြောင့်ဖြစ်ရတာလဲ???
ဆင်းရဲဒုက္ခတွေကို ခဏခဏခံရတဲ့လူတွေဟာ ဘယ်လိုပြန်ကန်ရမယ်ဆိုတာ သင်ယူတတ်မြောက်သွားကြ တယ်လို့ နောက်ဆုံးမှာ မှတ်ချက်ချကြတယ်။ အလုပ်ပြုတ်ပြီး အလုပ်သစ်ပြန်ရတာ နှစ်ကြိမ်ကြုံခဲ့ဖူးတဲ့ လူတွေဟာ တစ်နေရာတည်းမှာပဲ
အလုပ်လုပ်ပြီး ဘာဒုက္ခမှ မကြုံဖူးတဲ့သူတွေထက် ပိုပြီးဒုက္ခကို ရင်ဆိုင်နိုင်စွမ်း ရှိကြတယ်။
အထင်နဲ့ အမြင် တခြားစီဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ကျရှုံးမှုတွေ အများကြီးတွေ့ကြုံဖူးရင် မကြုံဖူးတဲ့ လူတွေထက်ကိုယ်က အောင်မြင်မှုရဖို့ အခြေအနေပိုသာတယ်။
ကိုယ်ကကျရှုံးတယ်၊ ထပ်ကျရှုံးတယ်၊ ထပ်ကျရှုံးတယ်၊ နောက်ကိုယ့်ခြေထောက်နဲ့ ကိုယ်ပြန်ထတယ်။ ထပ်ခါပြန်ထတယ်။
ကျရှုံးမှုကနေ ဆက်တိုက်သင်ယူနေတယ်၊ အဲဒါဟာကိုယ်က အင်အားတွေ၊ ဇွဲလုံ့လတွေ၊ အတွေ့အကြုံတွေ၊ အသိပညာတွေကို တည်ဆောက်နေတာပဲ ဖြစ်တယ်။
ဒီအရည်အချင်းတွေ တိုးတက်အောင် လုပ်တဲ့လူတွေဟာ ကောင်းတာတွေ စောစောလာ၊ မြန်မြန်လာတတ်တဲ့ လူတော်တော်များများနဲ့ မတူကြပဲ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ကြတယ်။
ကိုယ်ကအရှုံးမပေးမချင်း တကယ့်နေရာကောင်းကို ကိုယ်ရောက်နေတာပဲ ဖြစ်တယ်။
အထင်နဲ့အမြင် လွဲကောင်းလွဲနိုင်တယ်။ ဒါပေမဲ့ ကိုယ်က အများကြီးကျရှုံးခဲ့ရင် ဒါကို အောင်ပွဲခံလိုက်ပါ။
Read-မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်နဲ့
ကိုကို (စက်မှုတက္ကသိုလ်)