Business Marketing

သင့်ရဲ့လူမှုပတ်ဝန်းကျင်မှာ သူငယ်ချင်းအဖြစ်လက်မခံသင့်သောလူများ

Read 4367 times
သင့်ရဲ့လူမှုပတ်ဝန်းကျင်မှာ သူငယ်ချင်းအဖြစ်လက်မခံသင့်သောလူများ

လူကြွား

ဘယ်နေရာမှာမဆို သူ့အကြောင်းကို ရှေ့တန်းတင်ပြီး ပြောရုံနဲ့မပြီး ဆွဲဆောင် သိမ်းသွင်းရန်အတွက် အမြဲကြိုးစားနေသောသူ။ ပတ်ဝန်းကျင်ကလူတွေက ဘယ်လောက်ပဲမုန်းနေပါစေ။ ဒီလူကတော့ ပြောတာကိုတော့ ရပ်သွားမှာ မဟုတ်ပါ။

ဥာဏ်မရှိသောသူ

ကြိုးစားပြီး သင်ယူမယ်လို့ မစဉ်းစားပဲ အမြဲတမ်း အမှားကို ထပ်ခါတလဲလဲ လုပ်နေသောသူ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမှားကို ဝန်မခံပဲ ပြန်လည် သုံးသပ်မှုမရှိသောသူပါ။

သူတပါးကို အားကိုးလွန်သောသူ

ကိုယ်တိုင် မကြိုးစားပဲ ပတ်ဝန်းကျင်ကသူကို တွယ်ကပ်ပြီး နေထိုင်စားသောက်နေသောသူကို ရှောင်သင့်ပါတယ်။

ပျင်းသောသူ

ပျင်းတယ်ဆိုတဲ့အကျင့်ကတော့ ကြောက်စရာအလွန်ကောင်းပါတယ်။ အပျင်းရောဂါဟာ ပတ်ဝန်းကျင်ကိုလည်း ကူးစက်တာကြောင့် ဒီလူနားမှာ မနေသင့်ပါ။

လူ့ဘဝက ခဏလေးပါ။ လုပ်ချင်တာကို လုပ်မယ်ဆိုသောသူ

ဒီခံယူချက်က မှန်ပင်မဲ့လည်း အတွေးမှားသွားရင်တော့ လမ်းမှားကို ရောက်သွားပါလိမ့်မယ်။ ဘဝက ခဏလေးဆိုပြီး သောက်မယ်စားမယ်ဆိုရင်တော့ လုပ်ချင်တာလုပ်မယ်ဆိုတာကတော့ မှားတယ်လို့ထင်ပါတယ်။

စကားပြောလွန်းသူ

အားနေ လေတွေပေးနေပြီးတော့ ဘာမှအကျိုးမရှိတဲ့စကားတွေကို အမြဲပြောနေတဲ့သူကိုတော့ ရှောင်သင့်ပါတယ်။

Related Article-အဆိပ်နဲ့တူသောလူများ

အမြဲတည်း ငြီးနေသောသူ

 ဘာမှမလုပ်ရသေး ဖြစ်မလာတဲ့ကိစ္စကို အမြဲတမ်း ငြီးနေသောသူနားမှာတော့ မနေသင့်ပါ။ သူ့ရဲ့ဓာတ်တွေ ကူးပါလိမ့်မယ်။ သူတယောက်တည်း အဆင်မပြေတာမဟုတ် အားလုံးအဆင်မပြေတာပါ။

လက်ရှိ အခြေအနေကို ကျေနပ်နေသူ

အခု ဒုက္ခတွေကို ကြုံနေရတယ်၊ ကိုယ်က ဒီနေရာမှာ နေထိုင်စားသောက်ရတာ အဆင်မပြေဘူးဆိုရင်၊ ကပ်သပ်ပြီးနေတာထက် ထွက်သွားသင့်ပါတယ်။ အားလုံးကို သုညက ပြန်စရမယ်လို့ တွေးပြီးပူနေရင်တော့ တိုးတက်မယ်လို့ မထင်ပါ။

ဘဝမှာ ရည်မှန်းချက်မရှိသောသူ

လူတိုင်းမှာ ကိုယ့်ရဲ့ဘဝ ရည်မှန်းချက်အတွက် ကြိုးစားပြီး လျှောက်လှမ်းနေကြတာပါ။ ဘဝရည်မှန်းချက် ပျောက်နေသောသူကတော့ သူတပါးရဲ့ ရည်မှန်းချက်တွေကို ဝေဖန်ခြင်းဖြင့် အချိန်ကုန်နေတတ်ပါတယ်။

ဘာကိုမှ မယုံသောသူ

ဘဝမှာ အမျိုးမျိုးသော အခက်အခဲတွေကြောင့် ပတ်ဝန်းကျင်ကို မယုံကြည်တော့တဲ့အခါမျိုးလည်းရှိပါတယ်။ ဒါပင်မဲ့လည်း ဘာကိုမှ မယုံရင်တော့ ဘာမှကိုလုပ်လို့ ရမှာမဟုတ်ပါ။

Source; Chelmo Team