Tips

သင့်လုပ်ငန်းကုမ္ပဏီကို နာမည်ပေးမယ်ဆိုရင် ရှောင်ရမယ့်အချက် (၆)ချက်

Read 4350 times
သင့်လုပ်ငန်းကုမ္ပဏီကို နာမည်ပေးမယ်ဆိုရင် ရှောင်ရမယ့်အချက် (၆)ချက်

အဲဒီတော့ သင့်လုပ်ငန်းအတွက် အကောင်းဆုံးနာမည်တစ်ခု စဉ်းစားမယ်ဆိုရင် ရှောင်သင့်တဲ့အချက် (၆) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။


၁။ နေရာတစ်နေရာတည်းမှာ အခြေချလုပ်ကိုင်တဲ့ လုပ်ငန်းမဟုတ်ရင် နေရာဒေသတွေမပါပါစေနဲ့။ တခြားဒေသတွေကို ခြေဆန့်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ ဒဂုံသန့်ရှင်းရေးဝန်ဆောင်မှုဆိုရင် တခြားနယ်တွေမှာ ကုမ္ပဏီခွဲဖွင့်မယ်ဆိုရင် နားရှုပ်စရာဖြစ်လာနိုင်ပါတယ်။

၂။ ကြားတာနဲ့ စိတ်ညစ်စရာနာမည်မျိုး မပေးမိပါစေနဲ့။ Customer တွေက သင့်ကုမ္ပဏီနာမည်ကို အရင်ဆုံးမြင်ကြမှာပါ။ သင့်ကုမ္ပဏီနာမည်ကို သင့်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ပေါ်လွင်စေရုံမကဘဲ တန်ဖိုးမြှင့်ပေးမယ့် နာမည်ကိုရွေးပါ။ “လွှင့်မယ် ပစ်မယ်” ဆိုတဲ့ အမှိုက်ပစ်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီနာမည်ကိုကြည့်ပါ။ ကုမ္ပဏီရဲ့ လုပ်ငန်းသဘောကိုပေါ်လွင်စေပေမယ့် နာမည်က မကောင်းတဲ့ဘက်ကို ရောက်နေတာကိုတွေ့ရမှာပါ။

၃။ Search Engine တွေ မှာ ရှာရလွယ်စေမယ့် စကားလုံးတွေကို ရွေးဖို့ပဲ စိတ်အားထက်သန်မနေပါနဲ့။ အခုလောလောဆယ် အဆင်ပြေနိုင်မယ်ဆိုရင်တောင် နည်းပညာတွေကတိုးတက်လာဦးမှာဖြစ်လို့ နောက်ပိုင်းမှာ အဆင်ပြေနိုင်မယ် မပြေနိုင်ဘူးဆိုတာ မသေချာပါဘူး။ အတူမရှိတဲ့ နာမည်တစ်ခုဖြစ်အောင် ထူးထူးခြားခြားနာမည်ပေးထားတယ်ဆိုရင် Search Engine မှာ ရှာရတာလွယ်ပေမယ့် မှတ်ရခက်နေတဲ့အတွက် အဆင်မပြေနိုင်ပါဘူး။

၎။ သင့်နာမည်ကို ကုမ္ပဏီနာမည်မှာမထည့်ပါနဲ့။ သင့်နာမည်က သင့်ဘဝအတွက်ပါ။ ကုမ္ပဏီရဲ့ အတက်အကျက သင့်နာမည် အတက်အကျမဟုတ်ပါဘူး။ Sir Clive Sinclair ရဲ့နာမည်က အစောပိုင်း Computer လောကမှာ ထင်ရှားပေမယ့် Sinclair C5 ဆိုတဲ့ လျှပ်စစ်ကား တီထွင်ရာမှာကျရှုံးခဲ့တဲ့အတွက် သူ့နာမည်ပါပျောက်ကွယ်ခဲ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းမစတင်ခင်မှာ လေ့လာထားရမယ့် အချက်များ

၅။ စိတ္တဇနာမ်တွေကိုလည်း နာမည်ပေးတဲ့နေရာမှာ ဖယ်ထုတ်မထားပါနဲ့။ သင့်ရဲ့ Customer တွေက သင့်လုပ်ငန်းက ဘာကြီးလဲဆိုတာသိဖို့ထက် သင့်လုပ်ငန်းအပေါ်ခံစားမှုကောင်းဖို့က ပိုအရေးကြီးပါတယ်။ ဥပမာ - စေတနာဆေးခန်း

၆။ သင်မကြိုက်တဲ့ နာမည်ကို မပေးမိပါစေနဲ့။ ဘယ်လောက်ပဲသင့်တော်တဲ့နာမည်ဖြစ်နေပါစေ သင့်စိတ်ထဲမှာ သဘောမကျတဲ့နာမည်မျိုးကို မပေးပါနဲ့။ အဲဒီနာမည်နဲ့ အချိန်ကြာရှည်လုပ်ရမှာဖြစ်တဲ့အတွက် သင့်စိတ်ထဲ သဘောတွေ့နေဖို့ကလည်း အရေးကြီးပါတယ်။ “Hertz Rent-A-Car” ကို အရင်က “DrivUrSelf” လို့ ပေးထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နာမည်စာလုံးပေါင်းရတာ ခက်လို့ဆိုပြီး ပြန်ပြောင်းလဲလိုက်တာပါတဲ့။

အခုပြောပြခဲ့တဲ့ အချက်လေးတွေက လုပ်ငန်းစလုပ်မယ့်မိတ်ဆွေတွေဖြစ်ဖြစ် လုပ်ငန်းအသစ်ချဲ့ထွင်ချင်တဲ့ မိတ်ဆွေတွေအတွက်ဖြစ်ဖြစ် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

Myanmar Advertising Directory