ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ ဟောလိဝုဒ်စာရေးဆရာတွေက စိတ်ဓာတ်ကျမှုတွေအကြောင်း ကို သိကြတယ်လေ။
ပြီးတော့မဆုတ်မနစ်ကြိုးစားဖို့ ဆုံးဖြတ်ထားတဲ့သူတွေရဲ့ အကြောင်းတွေကို ရိုက်ကူးထားခဲ့ပါတယ်။
ဒါတွေကတော့ ကောင်းမွန်တဲ့ သံစဉ်တွေနဲ့ စိတ်ဓာတ်တက်ကြွမှုကို မြင့်တက်စေမဲ့ ဇာတ်ကားကောင်း ကိုးခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ကို Link လေးတွေနဲ့ မင်မင်ကတွဲပေးထားပါတယ်နော်...။
1-Limitless(2011)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"Howlin" For You"-The Black Keys
Limitless ဆိုတဲ့ ဇာတ်ကားလေးမှာ Bradley Cooper ကဦးနှောက်စွမ်းရည်ကို ရာနှုန်းပြည့် အလုပ်လုပ်စေတဲ့ ဆေးလုံးလေးကို သောက်လိုက်ပြီးနောက်
ဖိနှိပ်ခံစာရေးဆရာတစ်ယောက်ကနေ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ကျွန်တော် ဒီနေရာမှာ ဆေးအသုံးပြုမှုကို အပြစ်မယူပေမဲ့ လျှစ်လျှူရှုထားတာတော့မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီဇာတ်လမ်းထဲက သရုပ်ဖော်ချက်တွေက အရမ်းကို ကောင်းမွန်ပါတယ်။
2-Begin Again
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"A Step You Can't Take Back-Keira Knightley
အလုပ်ပြုတ်လာတဲ့ တေးသံသွင်းထုတ်လုပ်သူ Mark Ruffalo က Keira Knightley ဆိုတဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တေးရေးဆရာမ တစ်ယောက်ကို ဘားမှာ ဆုံတွေ့ခဲ့ပါတယ်။
ဒါကတော့ သူတို့နှစ်ယောက် ပူးပေါင်းမှုတွေရဲ့ အစတစ်ခုပေါ့နော်။
ဒီဇာတ်လမ်းထဲမှာ ကံကြမ္မာနဲ့ အခွင့်အရေးတွေဆိုတာ တစ်ခါတစ်လေမှာ ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုတာကို သရုပ်ဖော်ထားပါတယ်။
3-The Devil Wears Prada(2014)
ဒီသီချင်းလေးကို လည်း နားထောင်ကြည့်လိုက်ပါဦး။
"Vogue"_Madonna
Anne Hathaway's Andrea က ဖက်ရှင်မဂ္ဂဇင်းတစ်ခုက နာမည်ကြီးအယ်ဒီတာတစ်ယောက်ရဲ့ လက်ထောက်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။
အခက်အခဲအလှည့်အပြောင်းတွေနဲ့ ဖက်ရှင်လောကမှာ ကြိုးစားဖန်တီးဖြတ်သန်းခဲ့ရပုံတွေကို သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီးတော့
သူတို့ရဲ့ ကြိုးစားပုံတွေကနေ စိတ်ဓာတ်တက်ကြွလာစေနိုင်ဖို့ သေချာစေမယ့် ဇာတ်ကားကောင်း တစ်ခုလည်းဖြစ်ပါတယ်။
4-Office Space(1999)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါဦး။
"Damn It Feels Good To Be A Gangsta"_Geto Boys
ဒီကားလေးကတော့ ရုံးခန်းထဲက ဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒါကတော့ အမှန်တကယ်မှာ ကျွန်တော်တို့ မပြုလုပ်ကြတဲ့ ရုံးခန်းတော်လှန်မှုတစ်ခုကို ဟာသဆန်ဆန် ပြုလုပ်ထားကြတာပါ။
ဒါပေမဲ့ ဒါကတော့ ဝန်ပိနေတဲ့ အချိန်မှာ ပျော်ရွှင်စေလာမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
5-Legally Blonde(2001)
ဒီသီချင်းလေးကို လည်းနားထောင်ဦးနော်။
"Perfect Day"_Hoku
Peppy Harvard တရားဥပဒေကျောင်းသူလေး Elle Woods က သူမချစ်သူရှိရာ တက္ကသိုလ်ကို လာရောက်တက်ရောက်ခဲ့ရာက
သူမဘဝအတွက် ကြိုးပမ်းမှုတွေရယ် ချစ်သူရယ် ရွေဝါရောင်ကောင်မလေးတွေကို ခွဲခြားဆက်ဆံတတ်သူတွေကြားမှာ လုံးပမ်းကြိုးစားခဲ့ရပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
အရေးကြီးဆုံးအရာကတော့ သူမရဲ့ ချစ်မြတ်နိုးစိတ်ပါ။
စွန့်ဦးစီးပွားရေးပညာရှင်များအတွက် အရေးကြီးဆုံးအရာတစ်ခုပေါ့။
6-The Hangover(2009)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"Joker and The Thief"_Wolfmother
Vegas မှာ လူပျိုညကို အချိန်ကုန်ဆုံးနေကြတဲ့ သူငယ်ချင်းသုံးယောက်က မနက်ခင်းနိုးထလာချိန်မှာ သူတို့ရဲ့ သူငယ်ချင်းသတို့သားလောင်းပျောက်ဆုံးနေတာကို သိလိုက်ရပါတယ်။
မနေ့ညက မှတ်ဥာဏ်အားလုံးကိုလဲ ဘာမှမမှတ်မိနိုင်ဖြစ်နေပြီးတော့ မင်္ဂလာပွဲမတိုင်ခင် သတို့သားလောင်းကို ရှာဖွေဖို့ မြို့ကို လှည့်ပတ်သွားလာခဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
7-Major League(1989)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"Wild Thing"_ The Troggs
Cleveland Indian ရဲ့ ပိုင်ရှင်အသစ်က သူမအသင်းပြောင်းရွှေ့နိုင်ဖို့အတွက် ဆိုးရွားတဲ့ အသင်းကို တမင်ဖွဲ့စည်းထားပြီးတော့ ရှုံးနိမ့်အောင် ကြံစည်ခဲ့ပါတယ်။
ဒါပေမဲ့ အစီအစဉ်က ပေါ်သွားတဲ့ အချိန်မှာတော့ သူမကို အရွဲ့တိုက်ဖို့အတွက် အနိုင်ရအောင် ကစားခဲ့ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
8-The Karate Kid(1984)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"You're The Best Around"_ Joe Esposito
Mr.Miyagi စကားကိုသာ ကျွန်တော်တို့အားလုံး နားထောင်ခဲ့ရင် ကမ္ဘာကြီးက ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
လူငယ်လေး Daniel က ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဘယ်လောက်ကြိုးစားလုပ်ကိုင်နေလဲဆိုတာကို ထပ်ခါထပ်ခါကြည့်ဖို့ မင်းကဒီဇာတ်ကားကို ကြည့်နိုင်ပါတယ်။
ပျင်းရိမှုနဲ့ သံသယကတော့ မင်းရဲ့ရန်သူတွေပဲဖြစ်ပါတယ်။ မင်းကိုယ်မင်း ဘုရင်တစ်ဆူလို သတ်မှတ်ပြီးတော့ သူတို့ကို ဖြိုလှဲလိုက်ပါ။
9-Rocky IV(1985)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
"Heart on Fire"_ John Cafferty
Rocky Balboa ကတော့ ကမ္ဘာ့ဟဲဗီးလက်ဝှေ့ချန်ပီယံ တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ ခြောက်ပေလေးလက်မနဲ့ ၂၆၁ ပေါင်ရှိတဲ့ Drago ဆိုတဲ့ ပြိုင်ဘက်အသစ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။
Rocky ရဲ့ လေ့ကျင့်မှုတွေက တကယ်ကို ပြင်းထန်ပါတယ်။
ဒါကတော့ နေ့စဉ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ မင်းလုပ်ဆောင်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်တက်ကြွစေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ကဲ...ရုံးပိတ်ရက်မှာ ဒါမှမဟုတ် စိတ်အားငယ်လာတဲ့ အချိန်တွေရှိလာခဲ့မယ်ဆိုရင် မင်မင်ပြောပြတဲ့ ဇာတ်ကားလေးကြည့် ပြီး သီချင်းလေးတွေနားထောင်လိုက်နော်...။
မင်မင်တော့ စိတ်အားငယ်ရင် ဒီလိုစိတ်အားတက်စေမယ့် ကားတွေကြည့်ပါတယ် ဘေဘီတို့လေးတို့ရေ....ဘိုင်...။
Recommended for you-ကိုယ့်ကိုယ်ကို အားဆေးတိုက်ပါ!
Credit; pointyouthplatform