Life Hacks

အလုပ်လုပ်တဲ့ နေ့တိုင်းဟာ သင့်အတွက် ကံကောင်းတဲ့နေ့ပါ!

Read 590 times
အလုပ်လုပ်တဲ့ နေ့တိုင်းဟာ သင့်အတွက် ကံကောင်းတဲ့နေ့ပါ!

ကံ​ကောင်း​ချင်​တဲ့​လူ​ငယ်​တွေ​ဟာ ​အ​ခွင့် ​အ​လမ်း​ကို ​ဖန်​တီး​ရ​ယူ​နိုင်​ဖို့​လို​ပါ​တယ်။ 

အ​ခွ​င့်​အ​လမ်း​ကို ​ဖန်​တီး​ရ​ယူ​နိုင်​ဖို့​ဆို ​တာ ​ကိုယ့်​ရဲ့​အား​နည်း​ချက်​နဲ့ ​အား​သာ ​ချက်​တွေ​ကို ​ဦး​စွာ​ပ​ထ​မ​သိ​ရှိ​ဖို့​လို​ပါ ​တယ်။ 

ကိုယ့်​ရဲ့​အား​နည်း​ချက်​ကို မသိ​ရှိ၊ ​မ​ပြု​ပြင်​နိုင်​ဘူး​ဆို​ရင်​တော့ ​အ​ခွ​င့် ​အ​လမ်း​တွေ​ကို ​ဖန်​တီး​ရ​ယူ​နိုင်​ဖို့​ဝေး​လို့ ​ဆုတ်​ယုတ်​မှု​တွေ​သာ ​ကိုယ့်​ဆီ​ကို ​မ​ဖိတ်​ခေါ်​ဘဲ​ရောက်​ရှိ​လာ​မှာ​ဖြစ်​ပါ ​တယ်။

ကိုယ့်​ရဲ့​အား​နည်း​ချက်​ကို ​အား​သာ​ချက်​အ​ဖြစ် ​ပြောင်း​လဲ​နိုင်​မှ ​သာ​လျှင် ​အ​ခွ​င့်​အ​လမ်း​တွေ​ကို ​သိ​ရှိ၊ ​ဖန်​တီး၊ ​ရ​ယူ​နိုင်​မှာ​ဖြစ်​ပါ​တယ်။

အ​ခွင့်​အ​လမ်း​တွေ​ကို ​ဖန်​တီး ​ရယူ​နိုင်​ဖို့​အ​တွက် ​လူ​ငယ်​တွေ​အ​နေ​နဲ့ ​အ​ခြား​သူ​တစ်​ဦး​ဦး​ကို ​မှီ​ခို​အား​ထား​ဖို့ ​မ​လို​ပါ​ဘူး။ 

ကိုယ်​တိုင်​သာ​လျှင် ​ကိုယ့် ​ဘဝ​ရဲ့ ​ပဲ့​ကိုင်​ရှင်​ဖြစ်​ကြောင်း ​သ​ဘော​ပေါက်​ လက်​ခံ​ဖို့​လို​ပါ​တယ်။

ကိုယ့်​ အ​ခွင့်အ​လမ်း ​ကို ​ကိုယ်​ကိုယ်​တိုင်​ဘယ်​လို ​ရ​ယူ​ဖန်​တီး​ရ​မ​လဲ​ဆို​တာ ​သိ​လာ​ပြီး​ရင် ​တော့ ​ကိုယ်​ဟာ ​ကံ​ကောင်း​တဲ့​သူ​ဖြစ် ​ဖို့ ​နီး​စပ်​ပါ​ပြီ။ 

အ​ခွ​င့်​အ​လမ်း​ကို ​ဆုပ် ​ကိုင်​နိုင်​ပြီ​ဆို​ရင်​တော့ ​ကိုယ်​ဟာ​ ကံ​ကောင်း​တဲ့​သူ​ဖြစ်​ပါ​ပြီ။ ​တ​ကယ်​တော့ ​ကံ​ဆို​တာ ​အ​လုပ်​ပါ။ 

ဒါ​ကြောင့်​အ​လုပ် ​လုပ်​ပါ။ ​အ​ခွ​င့်​အ​လမ်း​တွေ ​အ​လို​လို ​ဖြစ်​ပေါ်​လာ​ပါ​လိမ့်​မယ်။

အ​လုပ်​လုပ်​ပေ​မဲ့ ​အ​ခွင့်​အ​လမ်း ​ကောင်း​မ​ပေါ်​ဘူး​ဆို​ရင်​တော့ ​ကိုယ့် ​ကိုယ်​ကိုယ်​ပြန်​သုံး​သပ်​တတ်​ဖို့​လို​ပါ ​တယ်။ 

ကိုယ်​ဟာ​နွား​နို့​ရ​ဖို့​အ​တွက် ​နွား ​မ​ရဲ့​နို့​ကို ​ညှစ်​နေ​တာ​လား။ ​နွား​မ​ရဲ့​ဦး ​ချို​ကို ​ညှစ်​နေ​တာ​လား။

နွား​မ​ရဲ့​ဦး​ချို ​ကို ​ညှစ်​မိ​နေ​တယ်​ဆို​ရင်​တော့ ​အ​လုပ် ​လုပ်​ပေ​မဲ့ ​အ​ချည်း​နှီး​ပဲ​ဖြစ်​ပါ​လိ​မ့်​မယ်။ 

ဒါ​ကြောင့်​နွား​နို့​ရ​ဖို့ ​နွား​မ​ရဲ့​နို့​ကို ​ညှစ် ​တတ်​ဖို့​လို​သ​လို ​အ​ခွ​င့်​အ​လမ်း​ကောင်း ​တွေ​ရ​ဖို့ ​အ​လုပ်​ကို ​ရွေး​ချယ်​လုပ်​ကိုင် ​တတ်​ဖို့​လည်း ​လို​အပ်​ပါ​တယ်။ 

ကိုယ့် ​အ​တွက် ​တိုး​တက်​မှု​ဖြစ်​ထွန်း​စေ​မယ့် ​အ​လုပ်​အ​ကိုင်​ကောင်း​တွေ​ကို ​ရွေး​ချယ် ​လုပ်​ကိုင်​နေ​ဖို့ ​လို​အပ်​ပါ​တယ်။

ဒါ​ကြောင့် ​ကို​ယ့်​အ​တွက် ​အ​ကျိုး ​ဖြစ်​ထွန်း​စေ​မယ့် ​အ​လုပ်​အ​ကိုင်​တစ်​ခုခု​ ကို ​စ​တင်​လုပ်​ကိုင်​ဖို့ ​ဆုံး​ဖြတ်​ပါ။

အဲ ​ဒီ​လို​ဆုံး​ဖြတ်​ချက်​ချ​မှတ်​ပြီး ​စ​တင်​ လုပ်ကိုင်​တဲ့​နေ့​ဟာ ​ကိုယ့်​အ​တွက် ​ကံကောင်း​တဲ့​နေ့​ဖြစ်​ကြောင်း​ကို ​သ​တိ​ရ ​ပါ။

အ​ကောင်း​ဆုံး​ကို ​မျှော်​လင့်​ပါ။ ​အ​ဆိုး​ဆုံး​အ​တွက် ​ပြင်​ဆင်​ထား​ပါ။

အ​ကောင်း​မြင်​စိတ်​နဲ့ ​လုပ်​ကိုင်​ဖို့ ​လို ​အပ်​သ​လို ​သင်​ခန်း​စာ​ရ​ယူ​တတ်​ဖို့ ​လည်း ​လို​အပ်​ပါ​တယ်။ 

အ​ဆိုး​ဆုံး ​အ​ခြေ​အ​နေ​ဆို​တာ ​မ​ရှိ​တာ​မို့ ​ကိုယ့် ​ထက်​အ​ခြေ​အ​နေ​ဆိုး​ရွား​စွာ ​ကြုံ​တွေ့ ​နေ​ရ​သူ​တွေ ​အ​များ​အ​ပြား​ရှိ​နေ​တာ​ကို ​လည်း ​သ​တိ​ပြု​ပါ​။

Abhishek Thakore (2014)က​ကိုယ့်​ရဲ့​ကံ​ကောင်း​တဲ့​နေ့​ကို ​ကိုယ် ​ကိုယ်​တိုင်​လက်​တွေ့​ကျ​ကျ ​ဖန်​တီး​ဖို့ ​အ​ခု​လို​အ​ကြံ​ပြု​ထား​ပါ​တယ်။ 

သူ့​ရဲ့ ​အ​ကြံ​ပြု​ချက်​တွေ​က​တော့ ​လက်​တွေ့ ​သ​ဘော​ဆန်​ပြီး ​လူ​ငယ်​တွေ​အ​တွက် ​တစ်​နည်း​တစ်​ဖုံ ​အ​သုံး​ဝင်​မယ်​လို့ ​မျှော်​လင့်​မိ​တာ​ကြောင့် ​ပြန်​လည်​မျှ​ဝေ ​လိုက်​ပါ​တယ်။

 

-ကိုယ့်​ရဲ့​လက်​ရှိ​ရင်​ဆိုင်​နေ​ရ​တဲ့ ​အ​ခြေ​အ​နေ​ဟာ ​ကိုယ့်​ရဲ့​အ​တိတ်​က ​ဆုံး​ဖြတ်​ချက်​ကြောင့်​ဖြစ်​တယ်။

ကံ​ကြောင့်​မ​ဟုတ်​ဘူး။ ​ဒါ​ကြောင့် ​အ​ခု​က ​စ​လို့ ​ကိုယ့်​ရဲ့​ဆုံး​ဖြတ်​ချက်​တွေ​ကို ​ရေ ​ရာ​ခိုင်​မာ​ဖို့​လို​ပါ​တယ်။ 

ဒါ​ဆို ​သင်​ဟာ ​ကံ​ကောင်း​တဲ့​နေ့​ကို ​စ​တင်​ပိုင်​ဆိုင်​ပါ ​ပြီ။

 

-သင်​ကြုံ​တွေ့​ရ​တဲ့​ဖြစ်​စဉ်​တိုင်း၊ ​ဆက်​ဆံ​ပတ်​သက်​ရ​တဲ့​လူ​တိုင်း​ရဲ့ ​နောက်​ကွက်​က​ဖြစ်​စဉ်​တွေ​ကို ​နက် ​နက်​နဲ​နဲ​ရှာ​ဖွေ​ဖော်​ထုတ်​ပါ။ 

ဘာ​လို့​လဲ ​ဆို​တော့ ​သင်​အ​ခု​တွေ့​ရှိ​နေ​ရ​တဲ့ ​သူ​တို့ ​ရဲ့​အောင်​မြင်​မှု​တွေ​ဟာ ​အ​ခု​မှ ​လတ် ​တ​လော​ဖြစ်​လာ​တဲ့​အောင်​မြင်​မှု​တွေ ​မ​ဟုတ်​ဘူး​ဆို​တာ ​သင့်​အ​နေ​နဲ့​တွေ့​ရှိ ​လာ​ရ​ပါ​လိမ့်​မယ်။ 

ဆို​လို​ချင်​တဲ့​သ​ဘော ​က​တော့ ​သူ​တို့​အ​ခု​လို​အောင်​မြင်​မှု​တွေ ​ရ​ရှိ​လာ​ဖို့​အ​တွက် ​ချွေး​စက်​မြောက်​မြား ​စွာ​ကို ​အ​ရင်း​အ​နှီး​ပြု​ခဲ့​ရ​တယ်​ဆို​တာ ​ကို​ပါ။

 

-ကံ​ဆိုး​လိုက်​တဲ့​ငါ​လို့ ​သင် ​အ​မြဲ​တမ်း​တွေး​မိ​နေ​ပြီ​ဆို​ရင် ​သင့်​အ​နေ ​နဲ့ ​တစ်​ခု​ခု​မှား​နေ​ပြီ​ဆို​တာ ​သေ​ချာ​နေ ​ပါ​ပြီ။ 

ဘာ​လို့​လဲ​ဆို​တော့ ​သင့်​အ​နေ​နဲ့ ​သ​ဘာဝ​က​ပေး​အပ်​ချီး​မြှင့်​ထား​တဲ့ ​ကံ​ကောင်း​ခြင်း​လက်​ဆောင်​တွေ ​ရှိ​နှ​င့် ​ပြီး​သား​ပါ။ 

ဥ​ပ​မာ​ဆို​ပါ​စို့ ​သင့်​ကို ​ပြုံး ​ပြ​မယ့်​သူ​မ​ရှိ​ဘူး​ဆို​ရင်​တောင်​မှ ​သင့် ​ဘက်​က​စ​တင်​ပြုံး​ပြ​လို့​ရ​နိုင်​တဲ့​အ​နေ ​အ​ထား​ရှိ​နေ​ဖို့​လို​တယ်​ဆို​တာ ​သ​တိ​ပြု ​ဖို့​လို​ပါ​တယ်။ 

သင့်​ရဲ့ ​ကိုယ်​ပိုင်​အ​ပြုံး ​တစ်​ပွ​င့်​ဟာ ​သင့်​ရဲ့​သ​ဘာဝ​က​ပေး​အပ် ​တဲ့​အ​ဖိုး​တန်​ဆုံး​လက်​ဆောင်​မွန်​ပါ။ 

အဲ​ဒီ​လှ​ပ​တဲ့​အ​ပြုံး​တစ်​ပွင့်​က ​သင့် ​အ​တွက် ​ပို​ကောင်း​မွန်​တဲ့၊ ​သာ​လွန်​တဲ့ ​ကံ​ကောင်း​ခြင်း​တွေ​ကို ​ဖန်​တီး​ယူ​ဆောင် ​လာ​နိုင်​လို့​ပါ​ပဲ။

 

-သင့်​မှာ ​အ​ခြား​သူ​တစ်​ဦး​ဦး​နဲ့ ​နှိုင်း​ယှဉ်​လို့​မ​ရ​နိုင်​တဲ့ ​အ​ရည်​အ​ချင်း ​တွေ​ရှိ​နေ​တယ်​ဆို​တာ​ကို ​သ​တိ​ပြု​ဖော် ​ထုတ်​ပါ။ 

အဲ​ဒီ​အ​ရာ​တွေ​ကို ​သေ​ချာ​စွာ ​စာ​ရင်း​ပြု​စု​မှတ်​သား​ထား​ပါ။

တစ်​ခု​ချင်း ​စီ​ကို ​အောင်​မြင်​စွာ​အ​ကောင်​အ​ထည် ​ဖော်​ပါ။ 

ဒါ​ဆို​ရင် ​သင့်​ဘဝ​ဟာ ​ပို​မို ​လေး​နက်​တောက်​ပ​လာ​ဖို့​သေ​ချာ​ပါ ​တယ်။ 

တ​ကယ်​လို့ ​အဲ​ဒီ​လို​အ​ရည် ​အ​ချင်း​တွေ​ကို ​သင့်​အ​နေ​နဲ့ ​ရှာ​ဖွေ ​ဖော်​ထုတ်​နိုင်​စွမ်း​မ​ရှိ​ဘူး​ဆို​ရင်​တော့ ​သင်​ဟာ ​ကံ​ကောင်း​ခြင်း​ကို ​ဘယ်​တော့မှ ​တွေ့​ရှိ​မှာ​မ​ဟုတ်​ပါ​ဘူး။ 

တ​ကယ် ​တော့ ​ကံ​ကောင်း​တယ်/​မ​ကောင်း​ဘူး ​ဆို​တာ ​သင့်​အ​ပေါ်​မှာ​လည်း ​မူ​တည် ​နေ​လို့​ပါ​ပဲ။

 

-သင့်​ဘဝ​မှာ ​တန်​ဖိုး​ထား​မှု ​ဆို​တာ ​ဘယ်​လို​အ​ရာ​မျိုး​လဲ​ဆို​တာ​ကို ​ကွဲ​ကွဲ​ပြား​ပြား​သတ်​မှတ်​ပါ။ 

ဥ​ပ​မာ​ဆို ​ပါ​စို့။ ​သင့်​ရဲ့​တန်​ဖိုး​ထား​မှု​ဟာ ​ငွေ​ကြေး ​လား၊ ​ပျော်​ရွ​ငှ်​မှု​လား၊ ​လုံ​ခြုံ​မှု​လား၊ ​လွတ်​လပ်​မှု​လား ​စ​သည်​ဖြင့် ​သတ် ​မှတ်​ထား​ပါ။ 

သင့်​တန်​ဖိုး​ထား​မှု​ကို ​သင် ​ကိုယ်​တိုင်​ပဲ ​သတ်​မှတ်​လို့​ရ​နိုင်​ပါ​လိမ့် ​မယ်။ 

အ​ခြား​သူ​တစ်​ဦး​ဦး​နှ​င့် ​တန်​ဖိုး ​ထား​မှု​ကို ​ထပ်​တူ​ညီ​နေ​ရ​မယ်​လို့ ​မ​ဆို ​လို​ပါ​ဘူး။ 

အဲ​ဒီ​တန်​ဖိုး​ထား​မှု​တွေ​ကို ​အ​စီ​အ​စဉ်​တ​ကျ​မှတ်​သား​ထား​ပါ။ 

သင့်​အ​တွက် ​အ​မှန်​တ​ကယ်​ရော ​အ​ရေး​ပါ​တဲ့​တန်​ဖိုး​ထား​မှု​တွေ​လား​ ဆို​တာ​ကို​လည်း ​သေ​ချာ​ပြန်​သုံး​သပ်​ပါ။ 

ကိုယ်​တိုင်​က​တန်​ဖိုး​ထား​မှု ​သတ်​သတ် ​မှတ်​မှတ်​မ​ရှိ​ဘူး​ဆို​ရင်​တော့ ​သင့်​ကိုယ် ​သင်​ဘာ​တွေ​လုပ်​နေ​မိ​လဲ၊ ​ဘာ​ကြောင့် ​လုပ်​နေ​မိ​လဲ၊

ဘာ​အ​တွက်​လုပ်​နေ​မိ​လဲ ​ဆို​တာ​တွေ​ကို ​ကွဲ​ကွဲ​ပြား​ပြား​သိ​ရှိ​မှာ ​မ​ဟုတ်​တဲ့​အ​တွက် ​သင့်​မှာ ​ပူ​ပင်​သော ​က​တွေ၊ ​အ​စိုး​မ​ရ​မှု​တွေ၊ ​အ​လို​မ​ကျ​မှု ​တွေ​နဲ့ ​အ​မြဲ​တမ်း​ရင်​ဆိုင်​နေ​ရ​မှာ ​သေချာ​ပါ​တယ်။ 

ကံ​ဆိုး​မိုး​မှောင်​ကျ​မှု​ဆို ​တာ ​သင့်​ရဲ့​ခံ​စား​သတ်​မှတ်​ချက်​နဲ့​လည်း ​သက်​ဆိုင်​နေ​ပါ​သေး​တယ်။

 

-​နိ​ဂုံး​ချုပ်​အ​နေ​နဲ့ ​ကံ​ကောင်း​ဖို့ ​အ​တွက် ​အ​လုပ်​လုပ်​ပါ။ 

ကိုယ်​လုပ်​နေ ​တဲ့​အ​လုပ်​ဟာ ​ကိုယ်​တိုင်​က ​အ​မှန် ​တ​ကယ်​မြတ်​နိုး​လို့၊ ​တန်​ဖိုး​ထား​လို့ ​လုပ်​နေ​တာ​မျိုး​ပဲ​ဖြစ်​ပါ​စေ။ 

ကံ​ကောင်း ​တယ်၊ ​ဆိုး​တယ်​ဆို​တာ​ဟာ ​တစ်​ကိုယ် ​ရေ​ခံ​စား​မှု​နဲ့​သက်​ဆိုင်​ပါ​တယ်။ 

ပတ်ဝန်း​ကျင်​က ​သတ်​မှတ်​ပေး​လို့​မ​ရ​နိုင်​ပါ ​ဘူး။ 

ပတ်​ဝန်း​ကျင်​က ​အ​သိ​အ​မှတ်​ပြု ​မှု​ကို ​လွန်​ကဲ​စွာ​လို​ချင်​လာ​ပြီ​ဆို​ရင်​တော့ ​သင်​အ​မြဲ​တမ်း ​ကံ​ကောင်း​ဖို့​ဆို​တာ ​မ​ဖြစ်​နိုင်​တော့​ပါ​ဘူး။ 

ပတ်​ဝန်း​ကျင်​ဆို ​တာ ​ချီး​မွမ်း​ရင် (၇)​ရက်​ထက် ​မ​ပို​နိုင် ​ဘူး​ဆို​တဲ့ ​ရှေး​ဆုံး​မ​စ​ကား​က ​ရှိ​နေ​ပြန် ​တာ​ကြောင့်​ပါ။ 

ဒါ​ကြောင့် ​တ​ကယ်တမ်း​တော့ ​ကံ​ကောင်း​တဲ့​လူ​သား ​ဖြစ်​ဖို့​အ​တွက် ​ကိုယ်​ရွေး​ချယ်​တဲ့​အ​လုပ်​ကို ​ကိုယ်​တိုင်​က ​လို​လား​နှစ်​သက်​စွာ​လုပ် ​ဆောင်​နေ​ဖို့​လို​ပါ​တယ်။ 

ဒါ​ဆို ​အ​ချိန် ​တိုင်း၊ ​နေ့​ရက်​တိုင်း​မှာ ​သင်​ဟာ ကံ​ကောင်း​တဲ့​လူ​သား​တစ်​ဦး​ဖြစ်​နေ​ပါ​လိမ့် ​မယ်။

Recommended for you-ကမ္ဘာ့ စွမ်းဆောင်ရည်အပြည့်ဝဆုံးလူသားတို့ ၏တနေ့ တာစီမံခန့် ခွဲနည်း

Credit;HR Journal