ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူပြည်ဆင်းလာပြီး " အသင် လူသား ငါသင့်ကို ကူညီမယ်။
ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်းပြောပါ။ "
" ကောင်းပါပြီ သိကြားမင်း "
" ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင်ဘာလုပ်မလဲ "
ဆိုတော့ သူတောင်းစားက စဉ်းစားပြီး ဖုန်းဝယ်မယ်။
သိကြားမင်းက" ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ"ဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ...
" ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲဒီ ဒီနေရာ သွားတောင်းမယ် " တဲ့ဗျ။
သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်း ဘူးဆိုပြီး" ဒါဆို သိန်းငါးဆယ်ပေးမယ် ဘာလုပ်မလဲ "
ဆိုတော့ သူတောင်းစားက တချက်ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။
" ဆိုင်ကယ်တစ်စီးဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့ " တဲ့။
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး ... " သိန်း တစ်ရာပေးမယ်ကွာ.. ဘာလုပ်မလဲ "မေးတော့ သူတောင်းစားက ..." ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ် " တဲ့။
သိကြားမင်းက မဖြစ်ပါဘူး ..." နောက်ဆုံးအနေနဲ့သိန်းငါးရာပေးမယ်ဘာလုပ်မလဲ "
ဆိုတော့ ...သူတောင်းစားက ပျော်ပြီး ဘာပြောတယ်ထင်လဲ။
" ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့ " တဲ့...။အေးရော
ဒါလေးနဲ့ ပတ်သတ်ပြီး မင်မင် သိစေချင်တာက ...
သင့်ရဲ့ ... အတွေးအခေါ်ဟောင်းခံယူချက်အဟောင်းတွေ_မစွန့် နိုင်သရွေ့သူတောင်းစားဘဝကလွတ်မှာမဟုတ်ဘူးဆိုတာပါပဲဗျာ...။
Recommended for you-သင့်အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် တစ်နာရီ
Source; Online Knowledge