Events & Exhibitions

သင့်ရဲ့လက်လီလုပ်ငန်းကို စနစ်တကျဦးဆောင်လုပ်ကိုင်ချင်တယ်ဆိုရင်

Read 2375 times
သင့်ရဲ့လက်လီလုပ်ငန်းကို စနစ်တကျဦးဆောင်လုပ်ကိုင်ချင်တယ်ဆိုရင်

ဖွံဖြိုးတိုးတက်လာတဲ့ လုပ်ငန်းကဏ္ဍတွေထဲမှာ Retail ဆိုတဲ့ လက်လီလုပ်ငန်းလည်း အဓိကနေရာမှာ ပါဝင်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လက်လီလုပ်ငန်းနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာသလို အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ သိဖို့ကလည်း အရေးကြီးလာပါတယ်။ Retail ရဲ့ အဓိကသော့ချက်က Detail (အသေးစိတ်အာရုံ စူးစိုက်ခြင်း) ပဲဖြစ်ပါတယ်။

“မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း” Retailpreneur အခမဲ့ဆွေးနွေးဟောပြောပွဲကြီးကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (မင်္ဂလာခန်းမ)မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက် (စနေနေ့) ညနေ ၃နာရီကနေ ၅နာရီအထိ ကျင်းပသွားမှာဖြစ်လို့ သင်က စွန့်ဦးတီထွင်သူတစ်ယောက် ဒါမှမဟုတ် လက်လီလုပ်ငန်းကို စနစ်တကျနဲ့တည်ထောင်လိုသူတွေဆိုရင်တော့ ဒီပွဲဟာ မဖြစ်မနေတက်ရောက်သင့်တဲ့ပွဲပဲဖြစ်ပါတယ်။

Read More >>>  ဘီလျံနာတွေ အများဆုံးနေထိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၅)ခု

ဒီပွဲမှာ ဟောပြောသွားမယ့်သူတွေကတော့ UMGC Network ရဲ့ Chairman ဖြစ်တဲ့ ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်နဲ့ PT Power & BOC ရဲ့ Managing Director ဦးဝင်းဆွေ တို့မှ ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်လိုမဟာဗျူဟာတွေ ချမှတ်လုပ်ဆောင်သင့်သလဲ၊ Retail လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အခြေခံအားဖြင့် ဘာတွေသိထားသင့်လဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အတွေ့အကြုံတွေကိုဟောပြောသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပွဲလေးကို စိတ်ပါဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့နာမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္ပဏီနာမည်နဲ့ Email လိပ်စာတို့ကို ဖုန်းနံပါတ် ၀၉၇၈၅၆၀၆၀၆၀ (ဒါမှမဟုတ်) ၀၉၉၆၈၅၅၇၅၆၀ ကို အခမဲ့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီဆိုရင်တော့ အတည်ပြုချက်ကို စောင့်ဆိုင်းစရာမလိုပဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းကနေ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ https://bit.ly/2EI2bDK မှာ Register ပြုလုပ်နိုင်ပါတယ်။

Source; Myanmar B2B
Myanmar Advertising Directory