Tips

YouTube တွင် စာရင်းသွင်းသူ အများဆုံး နိုင်ငံ့ခေါင်းဆောင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ မိုင်တိုင်အသစ် ကျော်ဖြတ်

Read 5548 times
YouTube တွင် စာရင်းသွင်းသူ အများဆုံး နိုင်ငံ့ခေါင်းဆောင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ မိုင်တိုင်အသစ် ကျော်ဖြတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

နရင်ဒရာ မိုဒီ၏ တရားဝင် YouTube ချန်နယ်တွင် အင်္ဂါနေ့ (ဒီဇင်ဘာ ၂၆ )မှာ စာရင်းသွင်းသူ သန်း ၂၀ ကျော်သို့ ရောက်ရှိသွားသည်။ 

YouTube တွင် စာရင်းသွင်း ပရိသတ် အများဆုံး နိုင်ငံ့ခေါင်းဆောင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် သန်း ၂၀ မိုင်တိုင် မကျော်ဖြတ်ခင်ကတည်းက YouTube တွင် စာရင်းသွင်း ပရိသတ် အများဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့သူ ဖြစ်သည်။     

 

 မိုဒီသည် YouTube ကို ၂၀၀၇ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီး ဗီဒီယို ၂၃,၀၀၀ ကျော် တင်ပြထားသည်။ ကြည့်ရှုကြိမ်ရေ စုစုပေါင်း ၄,၅၄၃,၀၀၀,၀၀၀ ကျော် ရရှိထားသည်။

 

မိုဒီသည် တကိုယ်ရေသုံး YouTube ချန်နယ်တွင် စာရင်းသွင်းသူ သန်း ၂၀ ရှိသည့် ကမ္ဘာ့တစ်ဦးတည်းသော နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။

 

ဒုတိယအများဆုံး နိုင်ငံ့ခေါင်းဆောင်မှာ ဘရာဇီး သမ္မတ ရာရစ် ဘိုစိုလားနိုးသည် စာရင်းသွင်းသူ ၆၄ သိန်းကျော် ရှိသည်။ မိုဒီ၏ သုံးပုံတစ်ပုံကိုပင်လျှင် မမီပေ။

တတိယအများဆုံး နိုင်ငံ့ခေါင်းဆောင်မှာ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီး ဖြစ်ပြီး စာရင်းသွင်းသူ ၁၁ သိန်း ရှိသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် စာရင်းသွင်းသူ ၇ ဒသမ ၉ သိန်းကျော် ရှိသည်။ 

 

Source ann


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL