Life Hacks

Zero လား ? Hero လား?

Read 3227 times
Zero လား ? Hero လား?

 

ခင်ဗျားကရော ဘာအတွက်အသက်ရှင်နေတာလဲ ဒီစာကို သင်ဖတ်မိတဲ့ နေ့ကစပြီး လောကကြီးကို အပြစ်မြင်နေတာတွေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်နေတာတွေကို တာ့တာပြလိုက်ပါ။

ဆုံးဖြတ်ချက်တစ်ခုကို ချပြီးပြီးဆိုရင်လည်း ဘယ်လိုအခက်အခဲပဲတွေ့နေပါစေ။ အားတင်းထားပါ။

ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းတွေက ဘဝမှာ အရေးပါတယ်လို့ ကျွန်တော်တော့မထင်ဘူး။

တကယ်တမ်းအရေးပါတာက သင့်မှာ တကယ်လုပ်ချင်စိတ်ရှိဖို့၊ လုပ်ရဲဖို့ပါပဲ။ ဒီထက်အရေးကြီးတာက တကယ် ဖြစ်မြောက်အောင်လုပ်ဖို့ပါ။

ငါမလုပ်နိုင်ပါဘူးဆိုတဲ့ ဆင်ခြင်တွေပေးပြီး သင့်ကိုယ်သင် လိမ်ညာနေတာတွေကို ဒီနေ့က စပြီးရပ်တန့်လိုက်ပါတော့။

တချို့က မျှော်လင့်ချက်ကို ရှာကြတယ်။ မျှော်လင့်ချက်တွေ့မှ အလုပ်စလုပ်မယ်ပေါ့။ သင်အတွေးတွေ လမ်းလွဲနေပါပြီ။

တကယ်တမ်းက မျှော်လင့်ချက်ကို တွေ့မှ အလုပ်စလုပ်ရမှာ မဟုတ်ဘူးဗျ။ အလုပ်လုပ်ရင်း မျှော်လင့်ချက်ကို ရှာရမှာ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ပြောပြမယ် ခင်ဗျားအဲ့လိုစဉ်းစားတာကို လူတိုင်းစဉ်းစားကြမှာပဲ။

ဒါပေမဲ့ ဘာကွာလဲဆိုတော့ သူတို့က စိတ်ကူးပဲ ယဉ်နေတဲ့အချိန်မှာ ခင်ဗျားက လက်တွေ့လုပ်ပြလိုက်နိုင်တာပဲ။

ကျွန်တော့မှာ အကျင့်တစ်ခုရှိတယ်ဗျ။ ကျွန်တော်က တစ်ခုခုကို လိုချင်ရင် သူများလာပေးတာမစောင့်ဘူး။ ကိုယ်တိုင်ပြေးယူတတ်တဲ့ လူစားမျိုးဗျ။

တစ်ခါလောက်ပဲ ဖြစ်ဖြစ် ကိုယ်လုပ်ကို လုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးမွေးကြည့်စမ်းပါ။ အနည်းဆုံးတော့ ခင်ဗျားတစ်ဘဝလုံးအရှုံးသမားအဖြစ်နဲ့ မနေရတော့ဘူးပေါ့ဗျာ။

တချို့တွေက အသက်ငယ်သေးလို့ ဆိုပြီး ရေစုန်မျောလိုက်နေတာတွေကို ကျွန်တော်တွေ့ရတယ်ဗျ။ တကယ်တမ်းက ပန်းတိုင်ရောက်ဖို့ အတွက် အသက်ကြီးအောင်စောင့်နေစရာမလိုပါဘူး။

ကျွန်တော်တို့ အသက်ရှင်နေတဲ့ အခိုက်အတန့်လေးမှာ ကြိုးစားဖို့ နေဖို့ က အဓိကပါပဲ။

တခါတရံ ကျွန်တော်တို့ ဆက်ပြီးကြိုးစားချင်စိတ်မရှိတော့တဲ့ အခါမျိုး၊ ကျွန်တော်တို့ အရှုံးပေးချင်တဲ့ အခါမျိုးတွေမှာ ပတ်ဝန်းကျင်က အရှုံးသမားတွေနဲ့ ယှဉ်တတ်ကြတယ်။

သူတို့တောင် ဒီလောက်မကြိုးစားပဲနဲ့ အဆင်ပြေနေတယ်ပေါ့။ သင်မသိလိုက်တဲ့ တချက်က သာမာန်လူနဲ့ သင့်ကိုယ်သင် နှိုင်းနေရင် သင်ဟာလည်း သာမာန်လူလောက်ပဲ ဖြစ်နေမှာပေါ့။

အသက်ရှင်နေတဲ့ အချိန်မှာ ပိုက်ဆံမရှိတာက ကြောက်စရာအကောင်းဆုံးမဟုတ်ပါဘူး။ တကယ်တမ်းကြောက်စရာအကောင်းဆုံးက ကြိုးစားချင်စိတ်ကုန်ဆုံးသွားတာပါ။

ပိုက်ဆံမရှိတာက ပြန်ရှာလို့ရတယ်။ ကြိုးစားချင်စိတ်မရှိရင်တော့ ခင်ဗျားတစ်ဘဝလုံး သွားပြီပဲ။ ခင်ဗျားဘဝကို အဓိပ္ပါယ်ရှိအောင်ဖန်တီးပါ။

တစ်ခုခုကို ရယူဖို့ဆိုရင် အနည်းနဲ့ အများတော့ ပင်ပန်းမှာပါပဲ။ သင်ညည်းညူခွင့်ရှိပါတယ်။

ဒါပေမဲ့ သူများတွေဆီက အားပေးမှုတွေ၊ နှစ်သိမ့်မှုတွေကို သိပ်မမျှော်လင့်ပါနဲ့။ ခင်ဗျား အတွက်တကယ်လိုအပ်တာက နှစ်သိမ့်မှုတွေ၊ အားပေးမှုတွေမှ မဟုတ်တာ။ အဲ့လိုအရာတွေကို မျှော်လင့်နေမယ့်အစား ပိုကြိုးစားလိုက်ပါ။

ခင်ဗျားဘဝဟာ တဖြည်းဖြည်းနဲ့ အဓိပ္ပါယ်ရှိလာမယ်ဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံရဲပါတယ်ဗျာ။

ခင်ဗျားတို့ လုပ်နိုင်တယ်ဆိုတာ ကို Admin သိပါတယ်။ ခင်ဗျားရဲ့ လုပ်နိုင်စွမ်းကို ဘယ်တော့မှ အထင်မသေးမိပါစေနဲ့။

အဓိက ကတော့ ခင်ဗျားက Zero ဖြစ်ချင်တာလား?  Hero ဖြစ်ချင်တာလား ကိုယ်တိုင်ခွဲခြားနိုင်ပါစေနော်ဗျ။

ဒီလောက်ဆိုရင် မိတ်ဆွေတို့ အနာဂတ်ကို တည်ဆောက်ဖို့ အတွက် အထင်းသားမြင်လာပြီလို့ ထင်ပါတယ်။

Admin ကလည်းကြိုးစားနေဆဲ လူတစ်ယောက်ပါလို့.....။

Recommended for you-ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ

Error Pann(Myanmar Advertising Directory)

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1