-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြီးပြည့်စုံတဲ့ အလုပ်သင်ဆိုတာ

ပြီးပြည့်စုံတဲ့ အလုပ်သင်ဆိုတာ google.com

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း၊ ကုမ္ပဏီပိုင်ရှင်များဟာ ရိုးသားကြိုးစားပြီး အလုပ်ကိုအမှန်တကယ် သင်ယူကြိုးစားချင်စိတ်ရှိတဲ့ အလုပ်သင်များကိုသာ လိုချင်ကြပါတယ်။ အလုပ်သင်ဘ၀က လာသူအများစုကို  ပိုပြီးအလုပ်ခန့်အပ်ချင်ကြပါတယ်။

အောက်ပါဖော်ပြချက်များကတော့ အလုပ်သင်ဘ၀ကနေ ယုံကြည်စိတ်ချရမှုကို ရရှိစေနိုင်မည့် အကြံပြုချက်လေးတွေ ဖြစ်ပါတယ်။

၁။အလုပ်ခွင်က လူတိုင်းကို တွေ့ဆုံပြီး နှုတ်ခွန်းဆက်သပါ။

၂။တတ်နိုင်သမျှ လေ့လာရှာဖွေပါ။

၃။အလုပ်နဲ့ပတ်သတ်တဲ့ ကိုယ်ပိုင်အစီအစဉ်ချမှတ်ပြီး သင့်ကိုယ်သင်အလုပ်များနေပါစေ။

၎။စီးပွားရေးဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကို ဖတ်ရှူ့လေ့လာပါ။

၅။သိလိုတာတွေကို မေးမြန်းပါ။

၆။သင်ဆရာရှာပါ။

Read-အရည်အချင်းရှိသည့် ၀န်ထမ်းကောင်းများတွင် တွေ့ရလေ့ရှိသည့်အရာများ

၇။အလုပ်ပိုတွေလုပ်ဖို့လည်းပြင်ဆင်ထားပါ။တစ်ခါတစ်ရံ ကိုယ့်ရဲ့ အထက်လူကြီးက ကိုယ့်ရဲ့ရာထူးနဲ့ မသက်ဆိုင်တာတွေ ခိုင်းတတ်ပါတယ်။

အမြဲဒီလိုဆိုရင်တော့ အလုပ်နဲ့ပတ်သတ်ပြီး မျှော်မှန်းချက်၊ရည်မှန်းချက်များကို ရှင်းပြဆွေးနွေးဖို့လိုပါတယ်။လုပ်ဖော်ကိုင်ဖက်တွေကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုက်လုပ်ပေးရမယ့် အလုပ်တွေရှိနေတော့ သတိပြုစေချင်ပါတယ်။

၈။ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ပါ။အတင်းအဖျင်းပြောခြင်း၊နိုင်ငံရေးအကြောင်း ငြင်းခုံခြင်းများကို မပြုလုပ်ပါနှင့်။

၉။ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆက်ဆံရေးတည်ဆောက်ပါ။မိမိရဲ့ အထက်လူကြီးတွေ၊လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးစကားပြောပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ပါ။

ဒီလိုပရော်ဖက်ရှင်နယ် ဆက်ဆံရေး ကနေတစ်ဆင့် သင့်အလုပ်အတွက် အခွင့်အလမ်းကောင်းတွေရရှိလာမှာပါ။

၁၀။စိတ်အားထက်သန်မှု အပြည့်အ၀ရှိပါ။သင့်ရဲ့ စိတ်အားထက်သန်မှုကို ကုမ္ပဏီရဲ့ meetingများတက်ရောက်ခြင်း၊ဖွင့်လှစ်ပေးသောသင်တန်းများကို တက်ရောက်ပါဝင်ခြင်းဖြင့် ပြသလိုက်ပါ။

Source;My Yangon

Read times
Rate this item
(2 votes)