-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်ထွက်သင့်ပြီလား?

အလုပ်ထွက်သင့်ပြီလား? google.com

ဝန်ထမ်းတွေ ဘယ်လိုအခြေအနေမျိုးမှာ အလုပ်ကထွက်သင့်ပါသလဲ။ အလုပ်ခွင်သွားတဲ့ နေ့ရက်တိုင်းဟာ ကိုယ့်အတွက် မဟာတံတိုင်းကြီးတစ်ခုကို ကျော်ဖြတ်ရသလို ခက်ခဲနေပြီလား။

ဝန်ထမ်းတွေအများစု လက်ရှိလုပ်ကိုင်နေသော အလုပ်မှထွက်ခြင်းဟာ ပထမအချက် အခြားကုမ္ပဏီမှ ပိုမိုကောင်းမွန်သော၊ ရာထူးလစာ တွေနဲ့ကမ်းလှမ်းမှုကြောင့်၊ ဒုတိယအချက် ကိုယ့်အတွက်ဘယ်လိုမှ ရှေ့ဆက်မလုပ်သင့်တော့တဲ့ အခြေအနေကြောင့် အလုပ်ကထွက်လေ့ရှိပါတယ်။

ဘယ်လိုအကြောင်းအရာတွေက လက်ရှိအလုပ်မှ သင့်ကိုစွန့်ခွာသင့်ကြောင်း ဖော်ပြနေတာလဲ။

၁။သင့်ရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုမခံရခြင်း

လုပ်ငန်းခွင်ထဲမှာ ကိုယ်ကြိုးစားသလောက် အသိအမှတ်ပြုချီးကျူးခံရမှုတွေ ပျောက်ဆုံးနေပြီလား။ ၀န်ထမ်းတွေအတွက် ဒဏ်ကြေးသာရှိပြီး ဆုလာဒ်မပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေမိပြီလား။

ဒီလိုလုပ်ငန်းခွင်ကလည်း စွန့်ခွာသင့်တဲ့ လုပ်ငန်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

၂။သင့်အတွက်စိန်ခေါ်မှုမရှိခြင်း။

သင်တာဝန်ယူထားရတဲ့ ရာထူးနေရာဟာ သင့်ဘ၀တိုးတက်အောင်မြင်ရန်အတွက် ဘယ်လိုထောက်ပံ့မှုမျိုးမှ မပေးနိုင်တဲ့ အခြေအနေတစ်ခုလား။ကိုယ့်ရဲ့အနာဂါတ်အိပ်မက်တွေဖြစ်လာဖို့အခွင့်အလမ်းကောင်းတွေ မရှိဘူးလား။

ဒါဟာလည်းထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုပါ။

၃။ကိုယ်ပိုင်လွတ်လပ်ခွင့် ခံစားခွင့်တွေမရှိတော့ဘူးလား။

ကိုယ့်ရဲ့ ၀ါသနာ၊အလေ့အကျင့်တွေကို လုပ်ဆောင်ဖို့ အားလပ်ချိန်တွေ လုပ်ငန်းခွင်ကြောင့် ကုန်ဆုံးနေပြီလား။

အလုပ်ကလည်း ကိုယ့်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။သို့သော် ဘ၀တစ်ခုလုံးမဟုတ်တာကို သတိထားစေချင်ပါတယ်။

၎။လုပ်ငန်းခွင်မှလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေပျောက်ဆုံးနေပြီလား။

လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခြင်းဟာ အလုပ်မှာအောင်မြင်ပျော်ရွှင်နိုင်တဲ့ အချက်တစ်ချက်ပါ။

လုပ်ငန်းခွင်မှာ အချင်းချင်း တိုင်ပင်ဆွေးနွေးမှု၊ ကူညီရိုင်းပင်းမှုတွေ မရှိတော့ခြင်းဟာ အဆင်မပြေမှု၊စိတ်ဖိဆီးမှု များကိုဖြစ်ပေါ်လာနိုင်ပါတယ်။

၅။အလုပ်တက်ဖို့ စိတ်ဓါတ်ခွန်အားတွေမရှိတော့ဘူးလား။

တနင်္လာနေ့ကို အရမ်းမုန်တီးပြီး သောကြောနေ့ညနေမှာအရမ်းပျော်ရွှင်တတ်သူဖြစ်နေပြီလား။

ဘ၀၏အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလုပ်ကိုစိတ်ဓါတ်တက်ကြွမှုမရှိဘဲ သွားခြင်းဟာ အချိန်တွေကိုဖြုန်းတီးပစ်ရာရောက်ပါတယ်။

လုပ်ငန်းခွင်မှာ အမြဲတမ်းပျော်ရွှင်နေရမယ်လို့ တော့မဆိုလိုပါဘူး။ အောင်မြင်မှု၊ ကျရှုံးမှု၊ စိတ်ဖိဆီးမှု၊ အနာဂါတ်အတွက် အခွင့်အလမ်းကောင်းများ ဟန်ချက်ညီညီရှိပါမှ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပါ။

ဒီလိုအချက်တွေ ဟန်ချက်ညီညီမရှိလျှင် သင်အလုပ်ထွက်ဖို့စဉ်းစားသင့်ပါပြီ။

Read-သင့်ကိုချမ်းသာမှုလမ်းကြောင်းပေါ်တင်ပေးမည့်အလုပ်များ - ၁

Source; Business Insider

Read times
Rate this item
(1 Vote)