-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသက်၂၅နှစ်အောက်လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းစတင်သင့်တာ ဘာကြောင့်လဲ?

အသက်၂၅နှစ်အောက်လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းစတင်သင့်တာ ဘာကြောင့်လဲ? google.com

အလုပ်တခုကိုစတင်ဖို့ မလွယ်ကူသလိုအခက်အခဲတွေလည်းအများကြီးရှိပါတယ်။ဘယ်လိုအခက်အခဲတွေရှိနေပါစေအသက်၂၀ကျော်တာနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတခုစတင်လုပ်ကိုင်သင့်ပါပြီ။ဘာကြောင့်လုပ်ကိုင်သင့်တာလဲ?

 

ငွေကြေးစီးဆင်းမှုကိုနားလည်စေတယ်
အသက်၂၀ကျော်မှာ စတင်လုပ်ကိုင်တော့ သင့်မှာငွေကြေးအများကြီးလည်းမရှိဘူး။အဲ့တော့ပေါင်ရတာ ကောအပေါင်စာချုပ်တွေကောမရှိဘူး။ငွေကြေးကြီးကြီးမားမားပေးချေရတာတွေလည်းမရှိဘူး။သင့်မှာသားသမီးလည်းမရှိဘူး။ အသက်၂၂မတိုင်ခင်မလုပ်သင့်ဘူးလို့ ပြောကြတယ်။လုပ်ငန်းတစ်ခုကိုစောစောစနိုင်လေ ကောင်းလေပါဘဲ။လုပ်ငန်းစလုပ်တဲ့အခါငွေကြေးစီးဆင်းမှုပုံမှန်မရှိသေးတော့လွပ်လပ်မှုရှိပါတယ်။
ဒီလိုငွေရေးကြေးရေးနဲ့ ဆိုင်တဲ့ဖိအားတွေမရှိခြင်းကသင့်စိတ်ကူးစိတ်သန်းတွေအပေါအပြည့်အဝအာရုံစိုက်လို့ရပါတယ်။အပေါင်စာချုပ်တွေမလုပ်ပါနဲ့ ။မိမိတတ်နိုင်သလောက်လေးနဲ့ စပါ။အလှမ်းမကျယ်ပါနဲ့။ အလယ်လပ်တတ်ပါတယ်။

လက်တွေ့ ဘဝမှအလုပ်အကြောင်းသိလာမယ်
အသက်၂၅ ကနေ ၃၀အရွယ်ဆိုတာ မိဘတွေကသားသမီးတွေကို တခုခုစတင်စေချင်တဲ့ကာလ ဖြစ်ပါတယ်။ လက်ထပ်ခိုင်းတာတို့၊စီးပွားဖက်ရှာခိုင်တာတို ကိုယ်ပိုင်လုပ်ငန်းလေးစတင်တာတို့ အစရှိသဖြင့်ပေါ့။ အသက်၂၅နှစ်ကျော်လာရင်သင့်မှာစီးပွားရေးအကြံညဏ်တွေရလာမယ်။အဲ့အချိန်မှာဘာလို့ဒီအလုပ်လုပ်လဲမေးရင်သင်ရှင်းပြဖို့ အသင့်ဖြစ်နေပါပြီ။မိသားစုဖိအားကကြီးပါတယ်။ဒီဖိအားတွေကလူအများစုကိုစွန့် ဦးလုပ်ကိုင်သူအဖြစ်ကနေ ထွက်ခွာသွားရစေပါတယ်။ မိသားစုကနောက်ကနေ ထောက်ပံ့ပေးနေတယ်ဆိုရင်တော့ ဘဝက လုပ်ရကိုင်ရတာပိုလွယ်ပါတယ်။မထောက်ပံ့ဘူးဆိုရင် မိမိရဲ့သူငယ်ချင်းတွေနဲ့ လုပ်ဆောင်ပါ။

Read-အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။

 အချိန်တန်ဖိုးသိလာမယ်

သင့်အချိန်ကိုဘယ်လိုတန်ဖိုးထားရမယ်,ဘယ်လိုစီမံရမလဲဆိုတာ နောက်မကျသေးခင်သင်ယူပါ။ သင်ကိုယ်ပိုင်လုပ်ငန်းစသည်ဖြစ်စေ သူတပါးလက်အောက်မှာလုပ်သည်ဖြစ်စေ အချိန်ရဲ့တန်ဖိုး သိလာမယ်။သင်ဆုံးဖြတ်ရမယ့်အချိန်၊အားလုံးကို ဆက်စပ်တွေးတော ရတော့မယ်ဆိုရင် အချိန်တန်ဖိုးကို သိလာမယ်။ ပြီးဘာတွေပြင်ဆင်ရမယ် ဘာတွေအတွက် ဘယ်လိုနေရာပေးရမယ် မည်သူကိုခေါ်ရမယ် စသည်ဖြင့် အချိန်ကိုတန်ဖိုးထားလေလေ သိလေလေပါဘဲ။

သင့်မှာအချိန်တွေအများကြီးရှိလာမယ်
အသက်၂၅ နှစ်ကျော်ပြီဆိုရင် အချို့ကဘွဲ့ လွန်ဆက်တတ်ရင်တတ်နေမယ် အလုပ်လုပ်ချင်လုပ်နေမယ်။ အဲ့ကာလတွေမှာအများဆုံးနဲ့ အပေါဆုံးကဘာလဲ? အချိန်ပါ ကျွန်တော်တို့ အချိန်ကိုဘယ်လိုအသုံးချမလဲ? ဘယ်နေရာမှာရင်းနှီးမြှပ်နှံမလဲဆိုတာတွေကကျွန်တော်တို့ အနာဂတ်တွေအတွက်အရမ်းအရေးပါပါတယ်။သင်အကြောင်းအရာတခုကိုအခြေခံကျကျတွေးလေ အဲ့အရာက ကြီးပွားအောင်မြင်နိုင်လေပါဘဲ။ ဘာမှဖြစ်မလာဘူးဆိုရင်သင့်အနာဂတ်လုပ်ငန်းတွေအတွက်လိုအပ်တာတွေသင်ယူရဦးမှာပါ။

အဆက်အသွယ်တွေ၊ပေါင်းသင်းဆက်ဆံရေးတွေရှိလာမယ်
အသက်၂၅ မတိုင်ခင်ကျွန်တော်တို့ လူမျိုးပေါင်းစုံနဲ့ တွေ့ ဆုံရမှာပါ။သင်ဟာတက္ကသိုလ်မှာဖြစ်ဖြစ် ကောလိပ်မှာဖြစ်ဖြစ်သင်ယူနေတယ်ဆိုရင် သင့်အတွက်ဘာတွေအကျိုးရှိနိုင်မလဲစဉ်းစားပါ။သင်နေတဲ့ ပတ်ဝန်းကျင်သူငယ်ချင်းတွေလောက်နဲ့ တင်းတိမ်မနေပါနဲ့။လူများစွာနဲ့တွေ့ဆုံပါ။စကားပြောပါ။ခိုင်မာတဲ့ရင်းနှီးမှုတွေရအောင်လုပ်ဆောင်ပါ။မိတ်ဆွေ အပေါင်းအသင်းများခြင်းက သင့်အနာဂတ်အတွက် တန်ဖိုးကြီးကြီးမားမား ဖြစ်ထွန်းစေပါတယ်

တစ်ယောက်တည်း စီးပွားရေးတခုမစတင်နိုင်ဘူးဆိုရင်ပူးပေါင်းလုပ်ဆောင်ပါ
လူတိုင်းလုပ်ငန်းတခုကိုစတင်လုပ်ကိုင်လိုခြင်းမရှိကြပါဘူး။သို့သော် အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်းက သင့်ကိုဈေးကွက်အခြေအနေတွေ, ကျွမ်းကျင်မှုစွမ်းရည်တွေနဲ့ ထိတွေ့ စေပါတယ်။အသက်၂၅ မတိုင်ခင် သင်ဟာ ပတ်ဝန်းကျင်ကသင့်ကိုဘာလုပ်သင့်တယ်ထင်တယ် စောင့်ကြည့်ခံရသလိုဘဝမျိုးထဲမနေပါနဲ့ ။ မိမိဘဝကိုမိမိလျှောက်လှမ်းပါ။ အခက်အခဲဆိုတာနေရာတိုင်းမှာရှိပါတယ်။ လက်မလျှော့ပါနဲ့ ။ကြိုးစားပါ။

Credit; စီးပွားရေးအခြေခံဗဟုသုတများ

Read times
Rate this item
(6 votes)