-->
×

Warning

JUser: :_load: Unable to load user with ID: 29


နှင်းဆီပန်းလိုရှင်သန်တိုင်း နေကြာပန်းဖြစ်လာမှာလား

နှင်းဆီပန်းလိုရှင်သန်တိုင်း နေကြာပန်းဖြစ်လာမှာလား google.com

“နှင်းဆီတစ်ပွင့်ဟာ ဘယ်သောအခါမှနေကြာပန်းမဖြစ်လာနိုင်သလို၊ နေကြာပန်းဟာလည်းဘယ်သောအခါမှ နှင်းဆီပန်းဖြစ်လာမှာ မဟုတ်ပါဘူး။ ပန်းအားလုံးမှာ သူ့တို့ရဲ့အလှတရားတစ်မျိုးဆီပိုင်ဆိုင်ထားကြလို့ပါ”

ပန်းတွေမှာကိုယ်ပိုင်အလှတရားတွေရှိရုံသာမက ကျွန်တော်တို့လူသားတွေမှာလည်း ဒီလိုအစွမ်းအစတွေ ပိုင်ဆိုင်ထားကြပါတယ်။ တစ်ခါတစ်ရံကျွန်တော်တို့ လူသားတွေရင်ဆိုင်ရတဲ့ပြဿနာတစ်ခုဟာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းကို အခြားသူများရဲ့အောင်မြင်မှုနဲ့ နှိုင်းယှဉ်နေကြတာပါ။ အောင်မြင်မှုဆိုတာကို ဘယ်လို တိုင်းတာမှာလဲ။

ပိုက်ဆံတွေအများကြီးရှာနိုင်ပြီး ဘီလျှံနာကြီးဖြစ်ရင် အောင်မြင်ပြီလား။ အကောင်းဆုံးဇိမ်ခံကားတွေပိုင်ဆိုင်ပြီး ကမ္ဘာတစ်ပတ်ခရီးထွက်နိုင်ပြီဆို အောင်မြင်တာလား။ကျွန်တော်တို့အားကျတဲ့ လူတစ်ယောက်ရဲ့ပုံစံအတိုင်း ထပ်တူကျစွာလုပ်နိုင်တာကိုမှ အောင်မြင်တယ်လို့ခေါ်မှာလား။ ဥပမာ-အဆိုတော်တစ်ယောက်ဟာ ကမ္ဘာ့ဂီတ လောကရဲ့Popဘုရင်တစ်ပါးလို့ တင်စားနိုင်တဲ့ မိုက်ကယ်ဂျက်ဆင်အတိုင်း ပုံစံတူကနိုင်ဆိုနိုင်မယ်ဆိုရင် အာင်မြင်မှုကို ရရှိနိုင်တယ်လို့ဆိုနိုင်မှာလား။နာမည်ကျော်ကြားမှ အောင်မြင်တယ်လို့သတ်မှတ်လို့ မရနိုင်ပါဘူး။

ကျွန်တော်တို့ဘ၀ရဲ့ အောင်မြင်ခြင်းကို ကျွန်တော်တို့ပဲသတ်မှတ်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့သမိုင်းကို ကိုယ်တိုင်ပဲရေးသားရမှာပါ။ ဒီလိုရေးသားတဲ့အခါ အခြားသူတွေရဲ့ပုံစံတူတစ်ခုကူးယူထားတာမျိုးကို သင်ရေးသားမှာလား။ ဒါဆိုကျွန်တော်တို့ရဲ့ အတ္တုပတ္တိကလှပနိုင်ပါ့မလား။ သေချာတာကတော့ ပုံစံတူ ၀တ္ထုတစ်ပုဒ်ဖြစ်သွားမှာပါ။

ဘာကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်နေကြရတာလဲ။အကြောင်းအရင်းကတော့ ကိုယ့်ရဲ့ရပ်တည်မှု ကိုသေချာမသိခြင်း။ ကိုယ်မှာရှိနေတဲ့ အရာတွေကိုမြင်အောင်မကြည့်တတ်ခြင်းပါ။ ကိုယ်ဟာဘယ်လိုနေရာမှာ ထူးချွန်တာလဲ၊ စိတ်အားထက်သန်မှုရှိလဲ၊ ဘယ်အရာကိုစိတ်ဝင်စားတာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သိဖို့အလွန်အရေးကြီးလာပါတယ်။

Related Article-အခြားသူတွေရဲ့အမြင်၊ဝေဖန်ပြောဆိုမှုတွေက သင့်ကိုလွှမ်းမိုးနေပြီလား

အက်ဒီဇင် မီးသီးကိုတီထွင်ခဲ့တယ်။ ဘီဂိတ် Microsoft ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး အောင်မြင်လာတယ်။ သူတို့စိတ်ပါဝင်စားရာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပြီးအောင်မြင်တဲ့သူတွေဖြစ်လာတယ်။ ဘီဂိတ်ကို မီးသီးတီထွင်ခိုင်းပြီး အက်ဒီဇင် microsoftတီထွင်ခိုင်းမယ်ဆိုရင် လက်ရှိသူတို့အောင်မြင်နေတဲ့ အတိုင်းအတာတစ်ခုထိရောက်နိုင်ပါ့မလား။ ဒီလိုပါပဲ ကျွန်တော် စာရေးရတာဝါသနာပါတယ်။ ကျွန်တော် စိတ်ပါဝင်စားတာကို လုပ်ရတဲ့အတွက် ပျော်ရွှင်ပြီးအောင်မြင်မယ်လို့ ခံယူတယ်။ ကျွန်တော် Celine Dion ကိုကြိုက်တယ်၊ သူမရဲ့အသံ၊ သူမရဲ့ကြိုးစားမှုတွေကို အားကျတယ်။ ဒါပေမဲ့ သူမကိုကြိုက်လို့ဆိုပီး ပုံစံတူလုပ်လိုက်ရင် အောင်မြင်နိုင်မလား။

ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်မိရင် ဝမ်းနည်းမှု၊ စိတ်ပျက် အားငယ်မှုတွေသာ ဖြစ်စေပြီး ပျှော်ရွှင်မှု ဆိတ်သုဉ်းစေတဲ့ သံသရာ စက်ဝန်းထဲကို ရောက်မှန်းမသိ ရောက်ရှိ သွားနိုင်ပါတယ်မိမိမှာ ဖြစ်တည်ပြီးသား အရာတွေကိုသာ တန်ဖိုးထားပါ... ကြိုးစားပါ... ဒါဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာ အောင်မြင်အပျှော်ရွှင်ဆုံး လူသားတစ်ယောက် ဖြစ်လာပါ လိမ့်မယ်

Myat

Read times
Rate this item
(2 votes)