-->
×

Warning

JUser: :_load: Unable to load user with ID: 29

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်းပြသနေသည့် ကိုယ်နေဟန်ထားများ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်းပြသနေသည့် ကိုယ်နေဟန်ထားများ google.com




မျက်နှာအနေအထား


မတ်တပ်ရပ်အနေအထား




Unicode Version

ကိုယ်နေဟန်ထားခေါ် Body Languages ကိုကြည့်ခြင်းအားဖြင့် သင်ဟာဘယ်လိုလူမျိုးလဲဆိုတာကို ပထမဦးဆုံးအကဲဖြတ်ကြမှာပါ။ သင့်ရဲ့အရည်အချင်းတွေကိုပထမဆုံးမပြခင် အရင်ဆုံးမြင်ရမှာက သင့်ရဲ့ ပြုမူလှုပ်ရှားပုံတွေပါ။ ဒါဆိုဘယ်လိုပြုမူပြောဆိုပုံတွေက သင့်ကိုယုံကြည်မှုရှိကြောင်း ပြသနေတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
တိကျပြတ်သားစွာပြောဆိုနိုင်ခြင်း
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ(သို့မဟုတ်)အများလေးစားအားကျရတဲ့သူတွေဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာများကို အပိုအလိုမရှိတိကျပြတ်သားရှင်းလင်းစွာ ညွှန်ပြပြောဆိုနိုင်ခြင်း။ ကိစ္စတစ်ခုကို သွယ်ဝိုက်ကာ အချိန်ဆွဲမထားတတ်သူတွေပါ။
မျက်နှာအနေအထား
လူတစ်ဦးနဲ့တစ်ဦး ပထမဦဆုံးစတင်တွေ့ဆုံပြီဆိုလျှင် မျက်နှာအမူအရာ First Expressionဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါ၀င်လာပါပြီ။ လုပ်ငန်းကိစ္စကြောင့်ဖြစ်ဖြစ်၊ အခြားအလုပ်နဲ့ မသက်ဆိုင်ဘဲ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတဲအခါ တစ်ဖက်သူရဲ့မျက်လုံးကို သေချာကြည့်ပြီး စိတ်ထဲကပါသောအပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဟာ သင့်ကိုယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ ပေါ်လွင်စေမှာပါ။
မတ်တပ်ရပ်အနေအထား
ယုံကြည်မှုရှိသူတွေဟာ လူကြားသူကြားထဲရောက်သည့်အခါတွင်မှာလည်း ပုန်းရှိုးကွယ်ရှိုးမနေတတ်ပါဘူး။ သူတို့၏ ခြေဟန်လက်ဟန်အနေအထားများကို အထူးဂရုစိုက်ယုံသာမက သူတို့ဟာ လူအလယ်မှာ ယုံကြည်မှုအပြည့်နှင့် မားမားမတ်မတ်ရပ်တတ်ကြပါတယ်။ခြေထောက်ကို တည့်မတ်စွာထားကာ ရင်ဘတ်နှင့် ပုခုံးများကိုလည်း တည့်တည်မတ်မတ်အနေအထားနှင့် နေတတ်ကြပါတယ်။
လူမှတ်မိလောက်စေသော လက်ဆွဲနှုတ်ဆက်ခြင်း
လက်ဆွဲနှုတ်ဆက်ခြင်းက စီးပွားရေးလောကမှာ အရေးကြီးဆုံးအချက်ထဲကတစ်ချက်ဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ်တစ်ဖက်ကသူစိမ်းတစ်ယောက်ကို နှုတ်ဆက်ရသော် ၎င်းစီးပွားရေး စာချုပ်ပြုလုပ်ရာတွင်၎င်း အကြောင်းအမျိုးမျိုးကြောင့် လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အဲဒီလိုအချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ လက်ဆွဲနှုတ်ဆက်လိုက်ခြင်းက တစ်ပါးသူ၏ အမြင်မှာ အထင်သေးရာရောက်ပါတယ်။ အဲဒီအတွက် ယုံကြည်မှုရှိသူတွေဟာ လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်တတ်ကြပါတယ်။

Related Article-ဘ၀စာမျက်နှာတွေကို အတောက်ပဆုံးဖြစ်အောင် ပြုလုပ်ပေးမည့် ခက်ခဲတဲ့ဆုံးဖြတ်ချက်များ

Source: Inc. Southeast Asia

Read times
Rate this item
(0 votes)