-->
×
Warning
JUser: :_load: Unable to load user with ID: 29
ငါဟာသင်ယူလွယ်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ
ငါဟာသင်ယူလွယ်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ google.com
Read-အခြားသူတွေရဲ့အမြင်၊ဝေဖန်ပြောဆိုမှုတွေက သင့်ကိုလွှမ်းမိုးနေပြီလား
Unicode Version
ကိုယ့်ဆီမှာ သင်ယူလွယ်တဲ့၊ သင်ယူချင်စိတ်မရှိဘဲနဲ့တော့ ကမ္ဘာပေါ်မှာရှိတဲ့ အားလုံးသောပညာရပ်တွေ၊ အတွေ့အကြုံကောင်းတွေက ဘဝအောင်မြင်နိုင်ဖို့အတွက် အထောက်အပံ့ပေးနိုင်မှာ အဟုတ်ပါဘူး။
ကိုယ်ကစိတ်ကူးသစ်၊ အလုပ်လုပ်ဖို့အတွက်နည်းလမ်းသစ်တွေအတွက် လမ်းဖွင့်ပေးထားသူဟုတ်မဟုတ် အောက်မှာဖော်ပြထားသော မေးခွန်းတွေကိုဖြေကြည့်ပါ။
၁။ကိုယ့်က အခြားသူတွေရဲ့စိတ်ကူးတွေကို လမ်းဖွင့်ပေးသလား။
၂။နည်းနည်းပြောပြီး များများနားထောင်တတ်သူလား။
၃။ကိုယ်ကအမှန်လို့ခံယူထားပေမယ့် ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ အမှားဟုဆိုလာခဲ့လျှင် ကိုယ့်စိတ်ကိုပြောင်းလဲနိုင်ရန် လမ်းဖွင့်ထားသူ။
၄။ကိုယ်အမှားလုပ်မိတဲ့အခါ ၀န်ခံသလား။
၅။အခြေအနေတစ်ခုကို မဆောင်ရွက်ခင်စောင့်ကြည်သလား။
၆။မေးခွန်းတွေကို ကိုယ်ကမေးသလား။
၇။ကိုယ်မသိနားမလည်တာပေါ်သွားနိုင်တဲ့ မေးခွန်းကိုမေးလိုစိတ်ရှိသလား။
၈။အရင်တစ်ခါမှ လုပ်မကြည့်ဖူးတဲ့နည်းလမ်းအတိုင်းလုပ်ကြည့်ဖို့ ကိုယ့်ကိုယ်လမ်းဖွင့်ထားသလား။
၉။ညွှန်ကြားချက်ကို လိုလိုလားလားမေးလိုသလား။
၁၀။အဝေဖန်ခံရတဲ့အခါ ကိုယ်ဟာအတင်းခုခံပြောဆိုသူ ဖြစ်နေသလား။ ဒါမှမဟုုတ် အမှန်တရားအတွက် ပွင့်ပွင့်လင်းလင်းနားထောင်ပေးသလား။
ဒီအမေးတွေကို တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ဟင့်အင်းဖြေမိတယ်ဆိုရင် ကိုယ့်အနေနဲ့ သင်ယူလွယ်တဲ့နယ်ပယ်ထဲမှာ တိုးတက်ကြီးထွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။
“ကျွန်တော်တို့သိသမျှ အကုန်လုံးဟာ တစ်ယောက်ယောက်ဆီကနေသင်ယူလာတာ ဖြစ်တယ်လို့” ဂျွန်ဝုဒင်းပြောထားတဲ့စကားကို သတိရနေပါ။
ကိုယ့်စိတ်နေသဘောထားကို ပျော့ပျောင်းလိုက်ပါ။ နှိမ့်ချသင်ယူပါ။ ဒီကနေ့မှာ ကိုယ့်ကိုယ်သင်ယူလွယ်သူ ဆက်ဖြစ်နေပါစေ
Source; Democracy Today
Read times
Rate this item
(2 votes)