-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေခါင္းေဆာင္ေကာင္းေတြအတြက္ စီမံခန္႔ခြဲနည္း

ေခါင္းေဆာင္ေကာင္းေတြအတြက္ စီမံခန္႔ခြဲနည္း google.com

သတင္းအခ်က္အလက္ေတြကို မွ်ေ၀ပါ

သင့္မႇာရႇိတဲ့သတင္းေတြကုိ သင့္အဖြဲ႕သားေတြဆီ တတ္ႏုိင္သေလာက္ နည္းမ်ဳိးစံုနဲ႔ မွ်ေ၀ေပးပါ။

ေက်းဇူးတင္စကားေျပာပါ

လူတိုင္းက အသိအမႇတ္ျပဳခံရတာကို ႏႇစ္သက္ပါတယ္။ ႐ိုး႐ိုးေလးပဲ ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္တာ၊     ေက်းဇူးတင္တဲ့အေၾကာင္း စာတုိေလးေပးပို႔လိုက္တာက ဘာမႇကုန္က်မႈလည္းမရႇိတဲ့အျပင္ ထူးျခားတဲ့အက်ဳိးေက်းဇူးေတြ ရရႇိေစမႇာပါ။

တာ၀န္ေတြခြဲေ၀ေပးၿပီး စြမ္းအားကုိျမႇင့္တင္ေပးလိုက္ပါ

အလုပ္တစ္ခုကို ဘယ္သူမႇ သင့္လိုမလုပ္ႏုိင္တာ မႇန္ေပမယ့္ သင့္ရာထူးအဆင့္နဲ႔ လိုက္ဖက္တဲ့အလုပ္ေတြကို ၿပီးေျမာက္ေအာင္လုပ္ႏုိင္ဖို႔ သင့္အတြက္လိုအပ္တဲ့အခ်ိန္ေတြရႏုိင္ဖို႔ရာ တာ၀န္ေတြခြဲေ၀ေပးဖုိ႔ လိုပါတယ္။

သင့္ရဲ႕စီမံခန္႔ခြဲမႈပံုစံက ေျပာင္းလြယ္ျပင္လြယ္ျဖစ္ပါေစ

သင့္ရဲ႕အဖြဲ႕ထဲမႇာ ကြဲျပားျခားနားတဲ့ ဆက္သြယ္မႈပံုစံမ်ဳိးစံုနဲ႔ ကိုယ္ရည္ကုိယ္ေသြးမ်ဳိးစံုရႇိမႇာပါ။ ဒါေၾကာင့္ သင္ဟာ သင့္အဖြဲ႕သားတိုင္းကို ပံုစံတစ္မ်ဳိးတည္းနဲ႔ စီမံခန္႔ခြဲႏုိင္မယ္လို႔ မမႇတ္ယူလိုက္ပါနဲ႔။ သင့္ရဲ႕ စီမံခန္႔ခြဲမႈပံုစံကုိ တစ္သမတ္တည္းမထားဘဲ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ပါေစ။

ေအာင္ျမင္မႈမႇတ္တိုင္ေလးေတြ ပိုင္းျခားသတ္မႇတ္ထားပါ

အရင္ႏႇစ္က ေအာင္ျမင္မႈရရႇိခ့ဲတဲ့ ကိန္းဂဏန္းဆီကုိ မေရာက္ေသးဘူးဆိုရင္ ဒီေအာင္ျမင္မႈဆီသြားတဲ့ လမ္းတစ္ေလွ်ာက္ မႇတ္တိုင္အေသးေလးေတြ ပိုင္းျခားသတ္မႇတ္လိုက္ပါ။

ေပ်ာ္ရႊင္မႈရႇိပါေစ

သင့္တစ္ဖြဲ႕သားလံုး အလုပ္လာရတာ၊ အလုပ္လုပ္ရတာ ေပ်ာ္ရႊင္မႈရႇိပါေစ။

အတားအဆီးေတြကို ဖယ္ရႇားပါ

ဗ်ဴ႐ိုကေရစီဆန္တ့ဲအုပ္ခ်ဳပ္မႈပံုစံက တီထြင္ဆန္းသစ္မႈေတြကို ေလ်ာ့က်ေစပါတယ္။ သင့္အေနနဲ႔မလိုအပ္တဲ့ စာရြက္စာတမ္းအလုပ္ (Papaerwork) ေတြကို ဖယ္ရႇားသင့္ပါတယ္။

Feedback ေပးပါ

သင့္ဆီတိုက္႐ိုက္လာတဲ့ Report ေတြကုိ Feedback ေပးဖို႔လိုၿပီး သင့္အဖြဲ႕ကို တတ္ႏုိင္သေလာက္ အလုပ္ၿပီးေျမာက္ႏုိင္စြမ္းအား ျမႇင့္တင္ေပးရပါမယ္။

သင့္အခ်ိန္ကို အက်ဳိးရႇိရႇိသံုးႏုိင္ေအာင္ အာ႐ံုစုိက္ပါ

သင့္အခ်ိန္နဲ႔ အာ႐ံုစူးစုိက္ႏုိင္မႈေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းကို သင့္အဖြဲ႕သားေတြအတြက္ အသံုးျပဳၿပီး ၈၀ ရာခိုင္ႏႈန္းအက်ဳိးရလဒ္ေတြ ထြက္ေပၚလာမယ့္ လုပ္ငန္းပေရာဂ်က္ေပၚကို အာ႐ံုစိုက္ပါ။

Read-အရည္အခ်င္းရွိသည့္ ၀န္ထမ္းေကာင္းမ်ားတြင္ ေတြ႔ရေလ့ရွိသည့္အရာမ်ား

ဦးေဆာင္ၿပီးလုပ္ျပပါ

သင္က ေရႇ႕ကေန ဦးေဆာင္ၿပီး ေရႇ႕ကေနတက္တက္ႂကြႂကြ အလုပ္လုပ္ျပတဲ့အခါ သင့္အဖြဲ႕သားေတြကလည္း စိတ္၀င္တစားနဲ႔ သင့္ေနာက္က လိုက္လာၾကမႇာပါ။

Source;  ေအာင္ျမင္ေရးနည္းလမ္းမ်ား

Unicode Version

သတင်းအချက်အလက်တွေကို မျှဝေပါ
သင့်မှာရှိတဲ့သတင်းတွေကို သင့်အဖွဲ့သားတွေဆီ တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ မျှဝေပေးပါ။
ကျေးဇူးတင်စကားပြောပါ
လူတိုင်းက အသိအမှတ်ပြုခံရတာကို နှစ်သက်ပါတယ်။ ရိုးရိုးလေးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာ၊ ကျေးဇူးတင်တဲ့အကြောင်း စာတိုလေးပေးပို့လိုက်တာက ဘာမှကုန်ကျမှုလည်းမရှိတဲ့အပြင် ထူးခြားတဲ့အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။
တာဝန်တွေခွဲဝေပေးပြီး စွမ်းအားကိုမြှင့်တင်ပေးလိုက်ပါ
အလုပ်တစ်ခုကို ဘယ်သူမှ သင့်လိုမလုပ်နိုင်တာ မှန်ပေမယ့် သင့်ရာထူးအဆင့်နဲ့ လိုက်ဖက်တဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ သင့်အတွက်လိုအပ်တဲ့အချိန်တွေရနိုင်ဖို့ရာ တာဝန်တွေခွဲဝေပေးဖို့ လိုပါတယ်။
သင့်ရဲ့စီမံခန့်ခွဲမှုပုံစံက ပြောင်းလွယ်ပြင်လွယ်ဖြစ်ပါစေ
သင့်ရဲ့အဖွဲ့ထဲမှာ ကွဲပြားခြားနားတဲ့ ဆက်သွယ်မှုပုံစံမျိုးစုံနဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးစုံရှိမှာပါ။ ဒါကြောင့် သင်ဟာ သင့်အဖွဲ့သားတိုင်းကို ပုံစံတစ်မျိုးတည်းနဲ့ စီမံခန့်ခွဲနိုင်မယ်လို့ မမှတ်ယူလိုက်ပါနဲ့။ သင့်ရဲ့ စီမံခန့်ခွဲမှုပုံစံကို တစ်သမတ်တည်းမထားဘဲ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပါစေ။
အောင်မြင်မှုမှတ်တိုင်လေးတွေ ပိုင်းခြားသတ်မှတ်ထားပါ
အရင်နှစ်က အောင်မြင်မှုရရှိခဲ့တဲ့ ကိန်းဂဏန်းဆီကို မရောက်သေးဘူးဆိုရင် ဒီအောင်မြင်မှုဆီသွားတဲ့ လမ်းတစ်လျှောက် မှတ်တိုင်အသေးလေးတွေ ပိုင်းခြားသတ်မှတ်လိုက်ပါ။
ပျော်ရွှင်မှုရှိပါစေ
သင့်တစ်ဖွဲ့သားလုံး အလုပ်လာရတာ၊ အလုပ်လုပ်ရတာ ပျော်ရွှင်မှုရှိပါစေ။
အတားအဆီးတွေကို ဖယ်ရှားပါ
ဗျူရိုကရေစီဆန်တဲ့အုပ်ချုပ်မှုပုံစံက တီထွင်ဆန်းသစ်မှုတွေကို လျော့ကျစေပါတယ်။ သင့်အနေနဲ့မလိုအပ်တဲ့ စာရွက်စာတမ်းအလုပ် (Papaerwork) တွေကို ဖယ်ရှားသင့်ပါတယ်။
Feedback ပေးပါ
သင့်ဆီတိုက်ရိုက်လာတဲ့ Report တွေကို Feedback ပေးဖို့လိုပြီး သင့်အဖွဲ့ကို တတ်နိုင်သလောက် အလုပ်ပြီးမြောက်နိုင်စွမ်းအား မြှင့်တင်ပေးရပါမယ်။
သင့်အချိန်ကို အကျိုးရှိရှိသုံးနိုင်အောင် အာရုံစိုက်ပါ
သင့်အချိန်နဲ့ အာရုံစူးစိုက်နိုင်မှုတွေရဲ့ ၂၀ ရာခိုင်နှုန်းကို သင့်အဖွဲ့သားတွေအတွက် အသုံးပြုပြီး ၈၀ ရာခိုင်နှုန်းအကျိုးရလဒ်တွေ ထွက်ပေါ်လာမယ့် လုပ်ငန်းပရောဂျက်ပေါ်ကို အာရုံစိုက်ပါ။


ဦးဆောင်ပြီးလုပ်ပြပါ
သင်က ရှေ့ကနေ ဦးဆောင်ပြီး ရှေ့ကနေတက်တက်ကြွကြွ အလုပ်လုပ်ပြတဲ့အခါ သင့်အဖွဲ့သားတွေကလည်း စိတ်ဝင်တစားနဲ့ သင့်နောက်က လိုက်လာကြမှာပါ။
Source; အောင်မြင်ရေးနည်းလမ်းများ

Read times
Rate this item
(1 Vote)