-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိုင္တီနဲ႔က်ြန္ေတာ္

အိုင္တီနဲ႔က်ြန္ေတာ္ google.com

က်ြန္ေတာ္တို႔လူသားေတြအေပၚမွာ အိုင္တီရဲ႔ ၾသဇာတိကၠမအင္အားႀကီးမားမွဳက တစ္ေန႔တစ္ျခား ပိုမို  ျပင္းထန္လာပါၿပီ။

မည္သည္ေနရာမွာမဆို အိုင္တီပစၥည္း၊ အိုင္တီနည္းပညာေတြရဲ႕ အကူအညီမပါဘဲ မေဆာင္ရြက္ၾကေတာ့ပါဘူး။သို႔ေသာ္အိုင္တီရဲ႕အက်ိဳးကုိ ခံစားရပံုျခင္းေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ တူညီမွဳမရွိႏုိင္ပါဘူး။ ဒီလုိေတြျဖစ္လာရတာလည္း သူတို႔အသံုးခ်မွဳကြာျခားတာေၾကာင့္ပါ။

က်ြန္ေတာ္တို႔အမ်ားဆံုးသံုးေနတဲ့ ဖုန္းနဲ႔ internetကိုအရင္ေျပာၾကပါဆို႔။ လူႀကီးမိဘေတြကေတာ့ နင္တုိ႔ေတြဒီဖုန္းပဲကိုင္ေနၾကတယ္ေနာ္။ ၾကည့္မရေတာ့ဘူး၊ ဖုန္းမသံုးနဲ႔ စာအုပ္ေတြဖတ္စမ္းပါ ဒီလို ေျပာဆိုသံေတြကို ၾကားဖူးၾကမွာပါ။စာအုပ္ဖတ္တာလည္းေကာင္းပါတယ္။ သို႔ေသာ္  သင္အျပင္သြားတယ္  ဆိုပါဆို႔ စာအုပ္ဘယ္ႏွစ္အုပ္သယ္သြားႏိုင္လဲ။ ေသခ်ာပါတယ္ အကုန္လံုးကေတာ့ သယ္သြားခ်င္မွာ မဟုတ္ပါဘူး။ ဒီအခ်ိန္မွာ သင္အင္တာနက္ကို အက်ိဳးရွိစြာအသံုးခ်ၿပီး စာအုပ္ေတြကို downထားမယ္ဆိုလွ်င္ ေနရာမေရြး၊ အခ်ိန္မေရြးအလြယ္တကူဖတ္ႏိုင္မွာပါ။

ေနာက္တစ္ခုကေတာ့ က်ြန္ေတာ္တို႔ ေန႔ဓဒူ၀သြားေနက်တဲ့ အလုပ္ေတြမွာအိုင္တီပစၥည္းေတြနဲ႔ ကင္းကြာလုိ႔မရပါဘူး။ သူ႔ရဲ႕ရာထူးအဆင့္လုိက္ သိရမယ့္အုိင္တီနဲ႔ပတ္သက္တဲ့ ဗဟုသုတေတြကေတာ့ မရွိမျဖစ္လုိအပ္လာပါၿပီ။ သင္စီးပြားေရးနဲ႔ ေက်ာင္းၿပီးတယ္ဆိုပါစို႔။ သင္စီးပြားေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းခြင္တစ္ခုမွာ ၀င္ေရာက္လုပ္ကိုင္ၿပီ။ ဒီအခ်ိန္မွာ ေခတ္ေရစီးေၾကာင္းအရ customerရဲ႔ လုိအပ္ခ်က္ေတြေၾကာင့္ သူတို႔ရဲ႔ကုန္ပစၥည္းေတြကို သံုးစြဲသူေတြထံ website, facebook နဲ႔ အျခားonline marketing ေတြနဲ႔၀န္ေဆာင္မွဳေပးရေတာ့မယ္ဆုိလ်ွင္ သင္မလုပ္ႏိုင္ပါဘူးလုိ႔ ေျပာလုိ႔မရပါဘူး။ သင္ကိုယ္တုိင္ website တစ္ခုတည္ေဆာက္ရမယ္လို႔ မဆိုလိုပါဘူး။ သို႔ေသာ္ဒီအိုင္တီနဲ႔ပတ္သက္တဲ႔ သေဘာတရားေတြ၊ ေခၚဆိုပံုေတြ၊ အသံုး၀င္မွဳေတြကို အၾကမ္းဖ်င္းေလာက္ေတာ့ သင္သိရွိထားမွ ျဖစ္မွာပါ။ ဒါမွသာသင္အားလံုးကုိ စီစဥ္ညႊန္ၾကား ဆံုးျဖတ္ႏုိင္မွာပါ။

Read-ေအာင္ျမင္မယ္လုိ႔ မထင္ထားခဲ့တဲ့ စြန္႔ဦးတီထြင္မႈမ်ား

က်ြန္ေတာ္စာေရးတယ္။ အိုင္တီနဲ႔ မပတ္သက္ပါဘူးကြာလုိ႔ ထင္ခဲ့တယ္။ ဒါဟာလြဲမွားတယ္လို႔ က်ြန္ေတာ္သိျမင္လာတယ္။ စာအုပ္ေတြ၊ စာရြက္ေတြနဲ႔ေရးတယ္။ ဒါေတြဟာအခ်ိန္ၾကာလာလွ်င္ တစ္နည္းနည္းနဲ႔ ေပ်ာက္ပ်က္သြားႏိုင္တယ္။သို႔ေသာ္ stickတစ္ေခ်ာင္းသာ သံုးမယ္ဆိုလွ်င္ ကိုယ္နဲ႔မကြာ ကုိယ့္ရဲ႔တန္ဖိုးရွိတဲ့စာေတြကို အလြယ္တကူ ထိန္းသိမ္းထားႏုိင္ပါၿပီ။ ဒါ့အျပင္စာရြက္ေတြနဲ႔ေရးမယ္ဆို ဖ်က္လုိက္၊ ျပန္ေရးလိုက္နဲ႔ ရွဳပ္ပြထၿပီးစိတ္ကူးဥာဏ္ေကာင္းေလးေတြ လြင့္ျပယ္သြားႏိုင္ပါတယ္။ ဒီအခ်ိန္မွာ အိုင္တီပစၥည္းေတြျဖစ္တဲ့ note book, laptop, macbook  ဒါေတြဟာအမ်ားႀကီး အေထာက္အကူ ေပးႏိုင္တာေတြပါ။

အိုင္တီနည္းပညာႀကီးထြန္းကားလာတာေၾကာင့္လည္း အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြ ရင္ေဘာင္တန္းလုပ္ေဆာင္လာႏိုင္ၾကပါၿပီ။ ကမၻာ့အေတာ္ဆံုး အမ်ိဳးသားhackerေတြသာမက၊ ငယ္၇ြယ္ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးhacker မ်ားလည္းေပၚထြက္လာေနပါၿပီ။

အိုင္တီပစၥည္းေတြ၊ နည္းပညာေတြတိုးတက္လာမွဳေၾကာင့္ က်ြန္ေတာ္တို႔လူသားေတြရဲ႔ အလုပ္ေတြကို လြယ္ကူ လွ်င္ျမန္လာေစၿပီး ကမၻာႀကီးကုိရြာသဖြယ္ျပဳလုပ္လာႏုိင္တာေၾကာင့္ ေအာင္ျမင္မ်ဳမ်ား ပုိမိုရရွိလာပါၿပီ။ အုိင္တီပစၥည္းေတြရဲ႔ အကူအညီေတြေၾကာင့္ ေဆးပညာ၊ အင္ဂ်င္နီယာပညာရပ္၊ ဂီတနယ္ပယ္၊ ရုပ္သံ ထုတ္လႊင့္ျခင္း၊ သုေတသနပညာရပ္၊ အျခားေရးလုိ႔မကုန္ႏိုင္ေအာင္ မ်ားျပားပါတယ္။ ဒါေၾကာင့္ က်ြန္ေတာ္တို႕လည္းေခတ္ေနာက္မက်ရေအာင္ အိုင္တီအေၾကာင္းကုိ ေလ့လာၾကရေအာင္။

Myat

Unicode Version

ကျွန်တော်တို့လူသားတွေအပေါ်မှာ အိုင်တီရဲ့ သြဇာတိက္ကမအင်အားကြီးမားမှုက တစ်နေ့တစ်ခြား ပိုမို ပြင်းထန်လာပါပြီ။ မည်သည်နေရာမှာမဆို အိုင်တီပစ္စည်း၊ အိုင်တီနည်းပညာတွေရဲ့ အကူအညီမပါဘဲ မဆောင်ရွက်ကြတော့ပါဘူး။
သို့သော်အိုင်တီရဲ့အကျိုးကို ခံစားရပုံခြင်းတော့ တစ်ယောက်နဲ့တစ်ယောက် တူညီမှုမရှိနိုင်ပါဘူး။ ဒီလိုတွေဖြစ်လာရတာလည်း သူတို့အသုံးချမှုကွာခြားတာကြောင့်ပါ။
ကျွန်တော်တို့အများဆုံးသုံးနေတဲ့ ဖုန်းနဲ့ internetကိုအရင်ပြောကြပါဆို့။ လူကြီးမိဘတွေကတော့ နင်တို့တွေဒီဖုန်းပဲကိုင်နေကြတယ်နော်။ ကြည့်မရတော့ဘူး၊ ဖုန်းမသုံးနဲ့ စာအုပ်တွေဖတ်စမ်းပါ ဒီလို ပြောဆိုသံတွေကို ကြားဖူးကြမှာပါ။စာအုပ်ဖတ်တာလည်းကောင်းပါတယ်။ သို့သော် သင်အပြင်သွားတယ် ဆိုပါဆို့ စာအုပ်ဘယ်နှစ်အုပ်သယ်သွားနိုင်လဲ။ သေချာပါတယ် အကုန်လုံးကတော့ သယ်သွားချင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ သင်အင်တာနက်ကို အကျိုးရှိစွာအသုံးချပြီး စာအုပ်တွေကို downထားမယ်ဆိုလျှင် နေရာမရွေး၊ အချိန်မရွေးအလွယ်တကူဖတ်နိုင်မှာပါ။
နောက်တစ်ခုကတော့ ကျွန်တော်တို့ နေ့ဓဒူဝသွားနေကျတဲ့ အလုပ်တွေမှာအိုင်တီပစ္စည်းတွေနဲ့ ကင်းကွာလို့မရပါဘူး။ သူ့ရဲ့ရာထူးအဆင့်လိုက် သိရမယ့်အိုင်တီနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကတော့ မရှိမဖြစ်လိုအပ်လာပါပြီ။ သင်စီးပွားရေးနဲ့ ကျောင်းပြီးတယ်ဆိုပါစို့။ သင်စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းခွင်တစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ပြီ။ ဒီအချိန်မှာ ခေတ်ရေစီးကြောင်းအရ customerရဲ့ လိုအပ်ချက်တွေကြောင့် သူတို့ရဲ့ကုန်ပစ္စည်းတွေကို သုံးစွဲသူတွေထံ website, facebook နဲ့ အခြားonline marketing တွေနဲ့ဝန်ဆောင်မှုပေးရတော့မယ်ဆိုလျှင် သင်မလုပ်နိုင်ပါဘူးလို့ ပြောလို့မရပါဘူး။ သင်ကိုယ်တိုင် website တစ်ခုတည်ဆောက်ရမယ်လို့ မဆိုလိုပါဘူး။ သို့သော်ဒီအိုင်တီနဲ့ပတ်သက်တဲ့ သဘောတရားတွေ၊ ခေါ်ဆိုပုံတွေ၊ အသုံးဝင်မှုတွေကို အကြမ်းဖျင်းလောက်တော့ သင်သိရှိထားမှ ဖြစ်မှာပါ။ ဒါမှသာသင်အားလုံးကို စီစဉ်ညွှန်ကြား ဆုံးဖြတ်နိုင်မှာပါ။
ကျွန်တော်စာရေးတယ်။ အိုင်တီနဲ့ မပတ်သက်ပါဘူးကွာလို့ ထင်ခဲ့တယ်။ ဒါဟာလွဲမှားတယ်လို့ ကျွန်တော်သိမြင်လာတယ်။ စာအုပ်တွေ၊ စာရွက်တွေနဲ့ရေးတယ်။ ဒါတွေဟာအချိန်ကြာလာလျှင် တစ်နည်းနည်းနဲ့ ပျောက်ပျက်သွားနိုင်တယ်။သို့သော် stickတစ်ချောင်းသာ သုံးမယ်ဆိုလျှင် ကိုယ်နဲ့မကွာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့စာတွေကို အလွယ်တကူ ထိန်းသိမ်းထားနိုင်ပါပြီ။ ဒါ့အပြင်စာရွက်တွေနဲ့ရေးမယ်ဆို ဖျက်လိုက်၊ ပြန်ရေးလိုက်နဲ့ ရှုပ်ပွထပြီးစိတ်ကူးဉာဏ်ကောင်းလေးတွေ လွင့်ပြယ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အိုင်တီပစ္စည်းတွေဖြစ်တဲ့ note book, laptop, macbook ဒါတွေဟာအများကြီး အထောက်အကူ ပေးနိုင်တာတွေပါ။
အိုင်တီနည်းပညာကြီးထွန်းကားလာတာကြောင့်လည်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ရင်ဘောင်တန်းလုပ်ဆောင်လာနိုင်ကြပါပြီ။ ကမ္ဘာ့အတော်ဆုံး အမျိုးသားhackerတွေသာမက၊ ငယ်ရွယ်ချောမောလှပတဲ့ အမျိုးသမီးhacker များလည်းပေါ်ထွက်လာနေပါပြီ။
အိုင်တီပစ္စည်းတွေ၊ နည်းပညာတွေတိုးတက်လာမှုကြောင့် ကျွန်တော်တို့လူသားတွေရဲ့ အလုပ်တွေကို လွယ်ကူ လျှင်မြန်လာစေပြီး ကမ္ဘာကြီးကိုရွာသဖွယ်ပြုလုပ်လာနိုင်တာကြောင့် အောင်မြင်မျုများ ပိုမိုရရှိလာပါပြီ။ အိုင်တီပစ္စည်းတွေရဲ့ အကူအညီတွေကြောင့် ဆေးပညာ၊ အင်ဂျင်နီယာပညာရပ်၊ ဂီတနယ်ပယ်၊ ရုပ်သံ ထုတ်လွှင့်ခြင်း၊ သုတေသနပညာရပ်၊ အခြားရေးလို့မကုန်နိုင်အောင် များပြားပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်းခေတ်နောက်မကျရအောင် အိုင်တီအကြောင်းကို လေ့လာကြရအောင်။

Read times
Rate this item
(2 votes)