-->
×

Warning

JUser: :_load: Unable to load user with ID: 29


စာမေးပွဲမှာ အမှတ်နည်းတာနဲ့ လူညံ့ဖြစ်ရောလား

စာမေးပွဲမှာ အမှတ်နည်းတာနဲ့ လူညံ့ဖြစ်ရောလား google.com

ညံ့လိုက်တာ ဒီစာလေးတောင်ရအောင်မကျက်နိုင်ဘူး။ ဒါလေးတောင်လိုက်မလုပ်နိုင်ဘူး။ တုံးလိုက်တာ။ ညံ့လိုက်တာ စသဖြင့်ပြောဆိုသံတွေကို ကျွန်တော်တို့ ငယ်ရွယ်စဉ်ကလေးဘ၀မှာ ကြားဖူးကြမှာပါ။ တုံးခြင်း၊ တော်ခြင်း၊ ညံ့ခြင်းဆိုတာကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြမှာလဲ။

ကျောင်းတက်နေတဲ့ ခလေးတစ်ယောက်ဟာ အတန်းထဲမှာ အမှတ်နည်းပြီး အဆင့်မကောင်းတာနဲ့ဘဲ ညံ့တယ် လို့သတ်မှတ်လို့ရနိုင်ပါသလား။ မိဘက သားသမီးကို အဆင့်တစ်ရစေချင်တယ်။ သူတို့ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကိုမဖြည်းဆည်းပေးနိုင်တာနဲ့တင် လူညံဖြစ်သွားပြီလား။

 

တကယ်တော့ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို ညံ့တယ်လို့ပြောတိုင်း အပြောခံရတဲ့သူဟာ စိတ်ဓါတ်မကျသင့်ပါ။ ညံ့တယ်ဆိုတာ သူ့အကြိုက်မလိုက်လို့ စွပ်စွဲပြောဆိုတဲ့ စကားမျှသာဖြစ်တယ်။

မိဘတစ်ယောက်ဟာ ကိုယ့်သားသမီးကို ညံတယ်လိုခဏခဏမပြောသင့်ပါ။ ညံတယ်လို့အပြောခံရတဲ့ ခလေးတစ်ယောက်ဟာ သူ့ကိုယ်သူတကယ်ညံတယ်လို့ထင်ပြီး လူဆိုးတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ မိဘအကြိုက်ကို မလိုက်လို့ ညံ့တယ်လို့ပြောဆိုခံရတဲ့ ခလေးတွေအများကြီးပါ။

အလားတူပါပဲ။ ဆရာတစ်ယောက်ဟာ ကိုယ့်တပည့်ကို ညံ့တယ်လိုမမြင်သင့်ပါ၊ မပြောသင့်ပါ။ ကျွန်တော် တို့ကိုယ်တိုင်လည်း သူတို့အရွယ်တုန်းက ဘယ်လောက်များတော်ခဲ့ကြလို့လဲဗျာ။ ကျောင်းသားတစ်ယောက် ဟာ အမှတ်နည်းတိုင်းလည်း လူညံ့တစ်ယောက်မဟုတ်ပါ။ အမှတ်များတိုင်းလည်း တော်တယ်လို့ တထစ်ချ သတ်မှတ်လို့မရနိုင်ပါဘူး။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် အပြန်အလှန် ညံ့တယ်လို့စွပ်စွဲနေရုံနဲ့ ကျွန်တော်တို့တော်မလာနိုင်ပါ။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ကြိုးစားဖို့က ပိုပြီးအဓိကကျပါတယ်။

Related Article-ဘွဲ့မရပေမဲ့လည်း အောင်မြင်နိုင်ပါတယ်

Read-Social Media Marketing မှာ လိုအပ်တဲ့ နည်းလမ်းဥပဒေသ (10) မျိုး

လူတစ်ယောက်ဟာ လောဘ၊ မောဟ၊ ဒေါသ၊ အတ္တ၊ မာန နည်းသလား များသလားဆိုတာကို ကြည့်ရုံနဲ့သူဟာ လူညံ့တစ်ယောက်လား၊ လူတော်တစ်ယောက်လားဆိုတာကို အလွယ်တကူခွဲခြားသိနိုင်ပါတယ်။

ဘာပဲပြောပြော လူတစ်ယောက်ဟာ ငယ်ငယ်တုန်းက ညံ့တာသိပ်ပြီး အရေးမကြီး။ သူတို့ကိုတော်လာအောင် ပြုပြင်ပေးနိုင်တဲ့ မိဘရှိတယ်၊ ဆရာရှိတယ်၊ စာပေတွေရှိသည်။ သူတို့ကိုယ်တိုင်လည်း လူညံ့တစ်ယောက် မဖြစ်ချင်တဲ့ မခံချင်စိတ်ရှိတယ်။ ဒါကြောင့် တော်အောင်ကြိုးစားရင်းနဲ့ လူ့ဘ၀မှာ လူတော်တစ်ယောက် ဖြစ်နိုင်ပါတယ်။

ငယ်ငယ်တုန်းက ညံ့တယ်ဆိုတာ ဖြူစင်တဲ့ညံ့ခြင်းမျိုးပါ။ ကြီးမှညံ့တယ်ဆိုတာတော့ ရှက်စရာကောင်းပါတယ်။

လောကအတွက်လည်း အလွန်နစ်နာပါတယ်။

 

Credit; ဆရာဦးဘုန်း(ဓာတု)

Read times
Rate this item
(2 votes)