-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media Marketing မွာ လိုအပ္တဲ့ နည္းလမ္းဥပေဒသ (10) မ်ိဳး

Social Media Marketing မွာ လိုအပ္တဲ့ နည္းလမ္းဥပေဒသ (10) မ်ိဳး google.com

Social Media Marketing နဲ႔ content ေတြရဲ့ စြမ္းရည္ကို ျမွင့္တင္ေပးတာဟာ audience နဲ႔ customer အေျခအျမစ္ခိုင္ေအာင္ လုပ္တာနဲ႔အတူတူပါပဲ။ ဒါေပမယ့္ အေတြ႔အၾကံဳမရွိေသးဘဲ ပထမဆံုး စတင္ ၾကိဳးစားမယ့္သူေတြအတြက္ေတာ့ ဒါဟာ စိန္ေခၚမႈတစ္ရပ္ပါ။ ဒါေၾကာင့္ social media marketing အေျခခံေတြအျပင္ ေအာက္ပါ နည္းလမ္းဥပေဒသ (10) မ်ိဳးကို သိထားရင္ သင့္ရဲ့ brand ကေန customer ေတြကို ဝန္ေဆာင္မႈေကာင္းေကာင္းေပးနိုင္မွာပါ။


(1) နားေထာင္ပါ။

Social Media နဲ႔ content marketing မွာ ေအာင္ျမင္ခ်င္ရင္ေတာ့ မ်ားမ်ားနားေထာင္ျပီး နည္းနည္းေျပာဖို႔ လိုပါမယ္။ သင္ target ထားတဲ့ audience ေတြ online မွာတင္ေလ့ရွိတာကို ေလ့လာျပီး သူတို႔ဘာေတြ လိုအပ္ေနလဲဆိုတာ သိနိုင္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ေပးပါ။ ျပီးရင္ေတာ့ သူတို႔ အတြက္ အက်ိဳးရွိမယ့္ content ေတြမ်ားမ်ား ဖန္တီးေပးပါ။


(2) အာရုံစိုက္ပါ။

တစ္စံုတစ္ခုတည္းကို ေသခ်ာအာရုံစိုက္ ဖန္တီးထားတဲ့ social media နဲ႔ content marketing နည္းဗ်ဴဟာက အားလံုးကိုျခံဳငံုျပီး ခ်ဥ္းကပ္ဖို႔ ၾကိဳးစားေနတာထက္စာရင္ ပိုျပီး ခုိင္ခံ့တဲ့ brand တစ္ခုကို တည္ေဆာက္နိုင္မွာပါ။

(3) အရည္အေသြးကို ဦးစားေပးပါ။

အေရအတြက္ထက္ အရည္အေသြးကို ဦးစားေပးပါ။ သင္နဲ႔ ပထမဆံုး connect လုပ္ျပီးတာနဲ႔ ေပ်ာက္ကြယ္ သြားမယ့္သူ 10,000 ထက္စာရင္ သင့္ရဲ့ content ေတြကို read & share လုပ္မယ့္သူ 1000 ရွိတာက ပိုအက်ိဳးရွိပါတယ္။


(4) စိတ္ရွည္ပါ။

Social media နဲ႔ content marketing ဆိုတာ ေန႔ခ်င္းညခ်င္း ေအာင္ျမင္မယ့္အရာေတာ့ မဟုတ္ပါဘူး။ သင္လိုခ်င္တဲ့ ရလဒ္တစ္ခုရဖို႔အတြက္ စိတ္ရွည္ရွည္နဲ႔ေတာ့ သည္းခံေစာင့္ဆိုင္းရဦးမွာပါ။


(5) ေပါင္းစပ္အသံုးခ်ပါ။

သင္ဟာ content ေကာင္းေကာင္းတစ္ခုဖန္တီးထားျပီး audience အေနနဲ႔လည္း Follower ေကာင္းေတြ ရရွိထားတယ္ ဆိုပါစို႔..အဲဒီ content ကို သင္တင္လိုက္ျပီဆိုတာနဲ႔ သင့္ရဲ့ audience ေတြကလည္း Twitter, Facebook, LinkedIn စတဲ့ေနရာေတြမွာ သင့္ရဲ့ content ကို ျပန္ share လာၾကပါလိမ့္မယ္။ ဒီလိုနဲ႔ပဲ သင့္ရဲ့ content ေတြအေၾကာင္း share တာေတြ discuss လုပ္တာေတြေၾကာင့္ google လို search engine ေတြမွာ keyword search လုပ္လို႔ရျပီး အလားအလာရွိတဲ့သူေတြအေနနဲ႔ သင့္ရဲ့ brand ကို online ကေန အလြယ္ တကူရွာေဖြလို႔ရလာနိုင္မွာပါ။


(6) လႊမ္းမိုးနိုင္ပါေစ။

သင့္ရဲ့ market ထဲမွာရွိျပီး သင့္ရဲ့ product ေတြ service ေတြကို စိတ္ဝင္စားတဲ့အျပင္ audience ေကာင္းေကာင္း ေတြရွိမယ့္ social influencer ေတြကို ရွာေဖြပါ။ ျပီးရင္ သူတို႔နဲ႔ဆက္သြယ္ျပီး ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳး ဖန္တီးလာနိုင္ပါေစ။ ေနာက္ပိုင္းမွာ သူတို႔ဟာ သင့္ရဲ့ content ကို သူတို႔ရဲ့ audience ေတြဆီ ျပန္ share တာမ်ိဳး လုပ္လာတဲ့အခါ သင့္ရဲ့ brand ကို audience အသစ္ေတြကပါ သိလာနိုင္ပါလိမ့္မယ္။

Related  Articles-အထိေရာက္ဆံုးေၾကာ္ျငာႏိုင္ဖို႔

Read-အရာအားလံုးကို ဆံုးရွံဳးသြားၿပီလား၊ ေသခ်ာတာေတာ့ဒါဟာ အဆံုးသတ္မဟုတ္ေသးတာပါ

(7) တန္ဖိုးျမွင့္တင္ပါ။

သင့္ရဲ့ product ေတြနဲ႔ service ေတြကိုပဲ တခ်ိန္လံုး ေၾကာ္ျငာေရာင္းခ်ေနတာ ၾကာလာရင္ audience က စိတ္ဝင္စားေတာ့မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ တကယ္လန္းတဲ့ content ေတြဖန္တီးတာမ်ိဳး online မွာ ေအာင္ျမင္ေက်ာ္ၾကားသူေတြနဲ႔ မိတ္ဖြဲ႔တာမ်ိဳးေတြအေပၚ အခ်ိန္ပိုေပးပါ။ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ဒီလူေတြဟာ သင့္ရဲ့ business marketing ကို တစ္ေထာင့္တစ္ေနရာက အေထာက္အကူျပဳလာမွာပါ။

(8) အေၾကာင္းျပန္ဖို႔ မေမ့ပါနဲ႔။

သင့္ဆီကို တိုက္ရုိက္ဆက္သြယ္လာသူေတြကို online မွာလည္း လစ္လ်ဴ ရႈတာမ်ိဳး မျဖစ္ပါေစနဲ႔။ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြကို တည္ေဆာက္တာဟာ social media marketing ေအာင္ျမင္ဖို႔အတြက္ အေရးအၾကီးဆံုးအခ်က္တစ္ခ်က္ပါ။ ဒါေၾကာင့္ ဆက္သြယ္လာသူတိုင္းကို အေၾကာင္းျပန္ပါ။

(9) ထိေတြ႔ဆက္ဆံမႈ မျပတ္ပါေစနဲ႔။

Content တင္ျပီးတာနဲ႔ ခ်က္ခ်င္းေပ်ာက္သြားတာမ်ိဳး မလုပ္လိုက္ပါနဲ႔။ ေျပာခ်င္တာက content ကို ပံုမွန္တင္ျပီး audience ေတြနဲ႔ conversation ေတြမွာလည္း ပံုမွန္ပါဝင္ပါ။ online ေပၚကလူေတြဟာ အေျပာင္းအလဲ ျမန္တတ္လို႔ သင္သာ တစ္ပတ္ေလာက္ေပ်ာက္သြားရင္ သင့္ေနရာမွာ တျခားအရာကို အစားထိုးဖို႔ ဝန္ေလးမွာမဟုတ္ပါဘူး။

(10) အေပးအယူမ်ွတပါေစ။

သင့္ဘက္က တျခားသူေတြရဲ့ content အေၾကာင္းကို ေဆြးေႏြးတာမ်ိဳး share တာမ်ိဳး မလုပ္ရင္ သူတို႔ဘက္ကလည္း သင့္ကို အလားတူဆက္ဆံပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ရဲ့ အခ်ိန္တစ္စိတ္တစ္ပိုင္းကို တျခားသူေတြရဲ့ content ေတြအေပၚ အာရုံထားအေလးေပးဖို႔ အခ်ိန္ေပးပါ။

Credit; Myanmar Online Entrepreneur

Unicode Version

Social Media Marketing နဲ့ content တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးတာဟာ audience နဲ့ customer အခြေအမြစ်ခိုင်အောင် လုပ်တာနဲ့အတူတူပါပဲ။ ဒါပေမယ့် အတွေ့အကြုံမရှိသေးဘဲ ပထမဆုံး စတင် ကြိုးစားမယ့်သူတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပါ။ ဒါကြောင့် social media marketing အခြေခံတွေအပြင် အောက်ပါ နည်းလမ်းဥပဒေသ (10) မျိုးကို သိထားရင် သင့်ရဲ့ brand ကနေ customer တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာပါ။

(1) နားထောင်ပါ။
Social Media နဲ့ content marketing မှာ အောင်မြင်ချင်ရင်တော့ များများနားထောင်ပြီး နည်းနည်းပြောဖို့ လိုပါမယ်။ သင် target ထားတဲ့ audience တွေ online မှာတင်လေ့ရှိတာကို လေ့လာပြီး သူတို့ဘာတွေ လိုအပ်နေလဲဆိုတာ သိနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ပေးပါ။ ပြီးရင်တော့ သူတို့ အတွက် အကျိုးရှိမယ့် content တွေများများ ဖန်တီးပေးပါ။

(2) အာရုံစိုက်ပါ။
တစ်စုံတစ်ခုတည်းကို သေချာအာရုံစိုက် ဖန်တီးထားတဲ့ social media နဲ့ content marketing နည်းဗျူဟာက အားလုံးကိုခြံုငုံပြီး ချဉ်းကပ်ဖို့ ကြိုးစားနေတာထက်စာရင် ပိုပြီး ခိုင်ခံ့တဲ့ brand တစ်ခုကို တည်ဆောက်နိုင်မှာပါ။

(3) အရည်အသွေးကို ဦးစားပေးပါ။
အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ။ သင်နဲ့ ပထမဆုံး connect လုပ်ပြီးတာနဲ့ ပျောက်ကွယ် သွားမယ့်သူ 10,000 ထက်စာရင် သင့်ရဲ့ content တွေကို read & share လုပ်မယ့်သူ 1000 ရှိတာက ပိုအကျိုးရှိပါတယ်။

(4) စိတ်ရှည်ပါ။
Social media နဲ့ content marketing ဆိုတာ နေ့ချင်းညချင်း အောင်မြင်မယ့်အရာတော့ မဟုတ်ပါဘူး။ သင်လိုချင်တဲ့ ရလဒ်တစ်ခုရဖို့အတွက် စိတ်ရှည်ရှည်နဲ့တော့ သည်းခံစောင့်ဆိုင်းရဦးမှာပါ။

(5) ပေါင်းစပ်အသုံးချပါ။
သင်ဟာ content ကောင်းကောင်းတစ်ခုဖန်တီးထားပြီး audience အနေနဲ့လည်း Follower ကောင်းတွေ ရရှိထားတယ် ဆိုပါစို့..အဲဒီ content ကို သင်တင်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့ audience တွေကလည်း Twitter, Facebook, LinkedIn စတဲ့နေရာတွေမှာ သင့်ရဲ့ content ကို ပြန် share လာကြပါလိမ့်မယ်။ ဒီလိုနဲ့ပဲ သင့်ရဲ့ content တွေအကြောင်း share တာတွေ discuss လုပ်တာတွေကြောင့် google လို search engine တွေမှာ keyword search လုပ်လို့ရပြီး အလားအလာရှိတဲ့သူတွေအနေနဲ့ သင့်ရဲ့ brand ကို online ကနေ အလွယ် တကူရှာဖွေလို့ရလာနိုင်မှာပါ။

(6) လွှမ်းမိုးနိုင်ပါစေ။
သင့်ရဲ့ market ထဲမှာရှိပြီး သင့်ရဲ့ product တွေ service တွေကို စိတ်ဝင်စားတဲ့အပြင် audience ကောင်းကောင်း တွေရှိမယ့် social influencer တွေကို ရှာဖွေပါ။ ပြီးရင် သူတို့နဲ့ဆက်သွယ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးလာနိုင်ပါစေ။ နောက်ပိုင်းမှာ သူတို့ဟာ သင့်ရဲ့ content ကို သူတို့ရဲ့ audience တွေဆီ ပြန် share တာမျိုး လုပ်လာတဲ့အခါ သင့်ရဲ့ brand ကို audience အသစ်တွေကပါ သိလာနိုင်ပါလိမ့်မယ်။

(7) တန်ဖိုးမြှင့်တင်ပါ။
သင့်ရဲ့ product တွေနဲ့ service တွေကိုပဲ တချိန်လုံး ကြော်ငြာရောင်းချနေတာ ကြာလာရင် audience က စိတ်ဝင်စားတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် တကယ်လန်းတဲ့ content တွေဖန်တီးတာမျိုး online မှာ အောင်မြင်ကျော်ကြားသူတွေနဲ့ မိတ်ဖွဲ့တာမျိုးတွေအပေါ် အချိန်ပိုပေးပါ။ အချိန်ကြာလာတာနဲ့အမျှ ဒီလူတွေဟာ သင့်ရဲ့ business marketing ကို တစ်ထောင့်တစ်နေရာက အထောက်အကူပြုလာမှာပါ။

(8) အကြောင်းပြန်ဖို့ မမေ့ပါနဲ့။
သင့်ဆီကို တိုက်ရိုက်ဆက်သွယ်လာသူတွေကို online မှာလည်း လစ်လျူ ရှုတာမျိုး မဖြစ်ပါစေနဲ့။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်တာဟာ social media marketing အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်တစ်ချက်ပါ။ ဒါကြောင့် ဆက်သွယ်လာသူတိုင်းကို အကြောင်းပြန်ပါ။

(9) ထိတွေ့ဆက်ဆံမှု မပြတ်ပါစေနဲ့။
Content တင်ပြီးတာနဲ့ ချက်ချင်းပျောက်သွားတာမျိုး မလုပ်လိုက်ပါနဲ့။ ပြောချင်တာက content ကို ပုံမှန်တင်ပြီး audience တွေနဲ့ conversation တွေမှာလည်း ပုံမှန်ပါဝင်ပါ။ online ပေါ်ကလူတွေဟာ အပြောင်းအလဲ မြန်တတ်လို့ သင်သာ တစ်ပတ်လောက်ပျောက်သွားရင် သင့်နေရာမှာ တခြားအရာကို အစားထိုးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။

(10) အပေးအယူမျှတပါစေ။
သင့်ဘက်က တခြားသူတွေရဲ့ content အကြောင်းကို ဆွေးနွေးတာမျိုး share တာမျိုး မလုပ်ရင် သူတို့ဘက်ကလည်း သင့်ကို အလားတူဆက်ဆံပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အချိန်တစ်စိတ်တစ်ပိုင်းကို တခြားသူတွေရဲ့ content တွေအပေါ် အာရုံထားအလေးပေးဖို့ အချိန်ပေးပါ။

Read times
Rate this item
(0 votes)