-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိုးရိမ်လွန်ပြီး အတွေးများနေတာကို ဘယ်လိုရပ်တန့်မလဲ

စိုးရိမ်လွန်ပြီး အတွေးများနေတာကို ဘယ်လိုရပ်တန့်မလဲ google.com

သင်ဟာ မဖြစ်သေးတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး လိုတာထက်ပိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိနေသူ တစ်ယောက်ဖြစ်နေပြီလား။ ဘယ်လိုကိစ္စမဆို သင်ဟာ တဆုံးတွေးတတ်တဲ့သူတစ်ယောက်လား။

တန်ဆေးလွန်ဘေးဆိုသလို လိုတာထက်ပိုလုပ်လိုက်တဲ့ အရာတစ်ခုဟာ ဘယ်တော့မှာ ကောင်းတဲ့ဘက်ကို ဦးတည်မှာမဟုတ်ပါဘူး။

အတွေးမတရားလွန်နေတာတွေ၊ စိုးရိမ်စိတ်တွေ အရမ်းကြီးမားနေတာဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်နိုင်ပါတယ်။

ဒီလိုတွေမဖြစ်ရအောင် ကိုယ့်ကိုယ်ပြန်လည်ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

♦ရလဒ်တွေနဲ့ပတ်သက်ပြီး ခန့်မှန်းတာတွေကို ရပ်တန့်လိုက်ပါ

တစ်ခါတစ်လေ စစ်သည်အင်အားအပြည့်နဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲရင်တောင် အနိုင်အရှုံးဆိုတာကို သေချာ မခန့်မှန်းနိုင်ပါဘူး။ မမြင်ရတဲ့ နည်းပရိယာယ်ဆိုတာတွေကရှိနေသေးတယ်လေ။ အဓိကကတော့ ကိုယ်လုပ် ရမယ့်  အရာတစ်ခုကို အကောင်းဆုံးကြိုးစားကာ မဆုတ်မနှစ်လုပ်နိုင်ဖို့ပါပဲ။

♦အဆိုးဆုံးအခြေအနေက ဘာဖြစ်နိုင်မလဲဆိုတာကို ကိုယ့်ကိုယ်မေးကြည့်ပါ။

ဒီကိစ္စရပ်တစ်ခုကို လုပ်လိုက်လို့ ငါခံရမယ့် အဆိုးဆုံးအခြေအနေကဘာလဲဆိုတာကို ပြန်မေးကြည့်ပါ။ သန်းခါင်ထက်ညဉ့်နက်နိုင်ပါ့ဦးမလား။ ဥပမာ- စာမေးပွဲအောင်စာရင်းထွက်ခါနီး အချိန်တွေဆို ကြုံတတ်  ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အလွန်အမင်းတွေစိုးရိမ်စိတ်တွေဖြစ်ကာ အနားမှာ ရှိနေသူ တွေကိုပါ ပူလောင်စေတတ်တဲ့သူမျိုးတွေပါ။  

♦အရာအားလုံးဟာ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေမယ်လို့မထင်ပါနဲ့။

အချိန်သည်လည်း အပြောင်းအလဲမြန်၏။ လူတို့သည်လည်း အပြောင်းအလဲမြန်၏။ စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။ အရာအားလုံးဟာ ဖြစ်ပြီးပျက်နေတတ်တဲ့ သဘောပါ။ ဖြစ်ပျက်နေတာတွေကို သင်လိုက်ခံစားနေစရာ မလိုပါဘူး။ သင်ပစ္စုပ္ပန်တည့်တည့်မှာနေပြီး အရာအားလုံးကို ရင်ဆိုင်ပါ။

Read-ဆုံးဖြတ်ချက်တွေကို ရဲရဲချပါ

♦ခြေလှမ်းတစ်လှမ်းအရင်လှမ်းပီးစတင်လိုက်ပါ။

ငါဘာကြီးလုပ်နိုင်တယ်လို့ပြောတာထက် ငါဒါကိုစတင်လုပ်ဆောင်နေတယ်ဆိုတာနဲ့ စတင်ပါ။ အနာဂါတ်ကို ကြိုတွေးပြီး ငါဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို ရပ်တန့်ထားပါ။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်နိုင်ပါဘူး။ 

Source; Power of Positivity

 

Read times
Rate this item
(1 Vote)