-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရည္အခ်င္းေတြကို ခြဲျခားစိတ္ျဖာျခင္း

အရည္အခ်င္းေတြကို ခြဲျခားစိတ္ျဖာျခင္း google.com

လူတစ္ကိုယ္မွာ အရည္အခ်င္း (အနည္းဆံုး) တစ္မ်ိဳးစီ ရွိတတ္ၾကပါတယ္..။ အရည္အခ်င္းကို တိုင္းတာတဲ့ အခါမွာ အဆင့္ငါးဆင့္နဲ႕ တိုင္းတာ ေလ့ရွိပါတယ္..။

ပထမဆံုး အဆင့္က ေတာ့တတ္ေအာင္ သင္ယူျခင္းပါပဲ..။ အဲဒါကို (Knowledge) လို႕ သတ္မွတ္ပါတယ္..။ အဲဒီ အဆင့္မွာ သင္ေပးသူရွိတယ္.. သင္ယူသူရွိတယ္..။ သင္ေပးသူက သင္ယူသူကို သိသင့္သိထိုက္ တတ္သင့္တတ္ထိုက္တာေတြ သင္ေပးတယ္..။

အဲဒီ လို သင္ေပးသင္ယူလုပ္လိုက္တဲ့ အခါမွာ နားလည္ သြားတယ္..။ အဲဒီအဆင့္ကို (Understanding) လို႕ သတ္မွတ္ပါတယ္..။ သင္ေပးရင္း သင္ယူရင္းနဲ႕ နားလည္သြားတာပါ..။

ျပီးေတာ့ တတိယအဆင့္က လုပ္ႏိုင္စြမ္း ျဖစ္တယ္..။ အဲဒါကိုု (Capability) လို႕ သတ္မွတ္ပါတယ္..။ အဲဒီ အဆင့္မွာ ကိုယ္သင္ထား တတ္ထားတာေတြကိုတကယ္လုပ္ႏိုင္မလုပ္နိုင္.. လုပ္တတ္ မလုပ္တတ္ စမ္းသပ္ရတာပါ..။

Read   Article- အရည္အခ်င္းရွိသည့္ ၀န္ထမ္းေကာင္းမ်ားတြင္ ေတြ႔ရေလ့ရွိသည့္အရာမ်ား

အဲဒီလို စမ္းသပ္တဲ့ အခါမွာ ကိုယ့္အနားမွာ ကိုယ့္ကို ၾကီးၾကပ္လမ္းညႊန္ေပးမယ့္သူ လိုပါတယ္..။ ထင္ရာမလုပ္မိေအာင္ေပါ့..။ ဒီအဆင့္ဟာ ၾကီးၾကပ္သူရဲ႕ မ်က္ေစ့ေအာက္မွာ ေသေသခ်ာခ်ာ ေလ့က်င့္ လုပ္ကိုင္သင္ယူရတာျဖစ္တဲ့ အတြက္ ဒီအဆင့္မွာ အလုပ္ေကာင္းေကာင္း လုပ္ဖို႕ လိုပါတယ္..။ ဒါကို (Do Well) လို႕ သတ္မွတ္ပါတယ္..။ေနာက္ဆံုးအဆင့္ကေတာ့ ကၽြမ္းက်င္ အဆင့္ကို ေရာက္ပါျပီ.။ ၾကီးၾကပ္သူက လက္လႊတ္ရတဲ့ အဆင့္ပါ..။

ကိုယ္ကိုယ္တိုင္ လုပ္ႏိုင္ကိုင္ႏိုင္ေလာက္ေအာင္ ကၽြမ္းက်င္ျပီမို႕ ပိုေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာ စဥ္းစားလုပ္ကိုင္ရေတာ့မွာပါ..။ အဲဒီ အဆင့္ကို (Can do and Improve) လို႕သတ္မွတ္ပါတယ္..။

ပထမ ႏွစ္ဆင့္ျဖစ္တဲ့ (Knowledge) ကို ဆည္းပူးရာမွာ ေက်ာင္းမွာ .. အလုပ္ခြင္ျပင္ပမွာ.. စာသင္ခန္းမွာ သင္ယူၾကရပါတယ္..။ အဲဒါကို Off-JT Off the Job Training လို႕ ေခၚပါတယ္..

ေနာက္သံုးဆင့္ျဖစ္တဲ့ (Skill) ကို ေလ့က်င့္ရာမွာေတာ့ အလုပ္ခြင္က မရွိမျဖစ္လိုအပ္လာပါျပီ..။ အလုပ္ခြင္ အေတြ႕အၾကံဳကသာ ကၽြမ္းက်င္မႈကို ေပးႏိုင္တာပါ..။ အဲဒါကို OJT On the Job Training လို႕ေခၚပါတယ္..။

ဒါေၾကာင့္ ႏိုင္ငံတကာ အဆင့္ အလုပ္လုပ္ၾကတဲ့ အခါမွာ Attendant, Senior Attendant, Supervisor, In-charge, Senior Supervisor, Assistant Manager, Deputy Manager, Manager, Executive ဆိုျပီး အဆင့္အသီးသီး ခြဲထားျပီး လုပ္ကိုင္ၾကရပါတယ္..။ တစ္ဆင့္ျပီးမွ တစ္ဆင့္ တက္ရပါတယ္..။ အဆင့္တိုင္း အတြက္ သိသင့္ သိထိုက္ တတ္သင့္တတ္ထိုက္သည္မ်ား ရွိပါတယ္..။

ဒါေၾကာင့္မို႕ ကိုယ့္အရည္အခ်င္းကို ကိုယ္ကိုယ္တိုင္ အကဲျဖတ္ေတာ့မယ္..။ ကိုယ္ဟာ ဘယ္အဆင့္ကို ေရာက္ေနျပီဆိုတာ သိႏိုင္ဖို႕ရယ္တတ္ေျမာက္မႈေတြ ကၽြမ္းက်င္မႈေတြကို စနစ္က်နေစဖို႕ရယ္ အဆင့္ဆင့္ျဖည့္ဆည္း ျမွင့္တင္သင့္တင္ပါတယ္။

Credit: Koung Loon

Unicode Version

လူတစ်ကိုယ်မှာ အရည်အချင်း (အနည်းဆုံး) တစ်မျိုးစီ ရှိတတ်ကြပါတယ်..။ အရည်အချင်းကို တိုင်းတာတဲ့ အခါမှာ အဆင့်ငါးဆင့်နဲ့ တိုင်းတာ လေ့ရှိပါတယ်..။
ပထမဆုံး အဆင့်က တော့တတ်အောင် သင်ယူခြင်းပါပဲ..။ အဲဒါကို (Knowledge) လို့ သတ်မှတ်ပါတယ်..။ အဲဒီ အဆင့်မှာ သင်ပေးသူရှိတယ်.. သင်ယူသူရှိတယ်..။ သင်ပေးသူက သင်ယူသူကို သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တာတွေ သင်ပေးတယ်..။
အဲဒီ လို သင်ပေးသင်ယူလုပ်လိုက်တဲ့ အခါမှာ နားလည် သွားတယ်..။ အဲဒီအဆင့်ကို (Understanding) လို့ သတ်မှတ်ပါတယ်..။ သင်ပေးရင်း သင်ယူရင်းနဲ့ နားလည်သွားတာပါ..။
ပြီးတော့ တတိယအဆင့်က လုပ်နိုင်စွမ်း ဖြစ်တယ်..။ အဲဒါကိုု (Capability) လို့ သတ်မှတ်ပါတယ်..။ အဲဒီ အဆင့်မှာ ကိုယ်သင်ထား တတ်ထားတာတွေကိုတကယ်လုပ်နိုင်မလုပ်နိုင်.. လုပ်တတ် မလုပ်တတ် စမ်းသပ်ရတာပါ..။
အဲဒီလို စမ်းသပ်တဲ့ အခါမှာ ကိုယ့်အနားမှာ ကိုယ့်ကို ကြီးကြပ်လမ်းညွှန်ပေးမယ့်သူ လိုပါတယ်..။ ထင်ရာမလုပ်မိအောင်ပေါ့..။ ဒီအဆင့်ဟာ ကြီးကြပ်သူရဲ့ မျက်စေ့အောက်မှာ သေသေချာချာ လေ့ကျင့် လုပ်ကိုင်သင်ယူရတာဖြစ်တဲ့ အတွက် ဒီအဆင့်မှာ အလုပ်ကောင်းကောင်း လုပ်ဖို့ လိုပါတယ်..။ ဒါကို (Do Well) လို့ သတ်မှတ်ပါတယ်..။နောက်ဆုံးအဆင့်ကတော့ ကျွမ်းကျင် အဆင့်ကို ရောက်ပါပြီ.။ ကြီးကြပ်သူက လက်လွှတ်ရတဲ့ အဆင့်ပါ..။
ကိုယ်ကိုယ်တိုင် လုပ်နိုင်ကိုင်နိုင်လောက်အောင် ကျွမ်းကျင်ပြီမို့ ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားလုပ်ကိုင်ရတော့မှာပါ..။ အဲဒီ အဆင့်ကို (Can do and Improve) လို့သတ်မှတ်ပါတယ်..။
ပထမ နှစ်ဆင့်ဖြစ်တဲ့ (Knowledge) ကို ဆည်းပူးရာမှာ ကျောင်းမှာ .. အလုပ်ခွင်ပြင်ပမှာ.. စာသင်ခန်းမှာ သင်ယူကြရပါတယ်..။ အဲဒါကို Off-JT Off the Job Training လို့ ခေါ်ပါတယ်..
နောက်သုံးဆင့်ဖြစ်တဲ့ (Skill) ကို လေ့ကျင့်ရာမှာတော့ အလုပ်ခွင်က မရှိမဖြစ်လိုအပ်လာပါပြီ..။ အလုပ်ခွင် အတွေ့အကြုံကသာ ကျွမ်းကျင်မှုကို ပေးနိုင်တာပါ..။ အဲဒါကို OJT On the Job Training လို့ခေါ်ပါတယ်..။
ဒါကြောင့် နိုင်ငံတကာ အဆင့် အလုပ်လုပ်ကြတဲ့ အခါမှာ Attendant, Senior Attendant, Supervisor, In-charge, Senior Supervisor, Assistant Manager, Deputy Manager, Manager, Executive ဆိုပြီး အဆင့်အသီးသီး ခွဲထားပြီး လုပ်ကိုင်ကြရပါတယ်..။ တစ်ဆင့်ပြီးမှ တစ်ဆင့် တက်ရပါတယ်..။ အဆင့်တိုင်း အတွက် သိသင့် သိထိုက် တတ်သင့်တတ်ထိုက်သည်များ ရှိပါတယ်..။

ဒါကြောင့်မို့ ကိုယ့်အရည်အချင်းကို ကိုယ်ကိုယ်တိုင် အကဲဖြတ်တော့မယ်..။ ကိုယ်ဟာ ဘယ်အဆင့်ကို ရောက်နေပြီဆိုတာ သိနိုင်ဖို့ရယ်တတ်မြောက်မှုတွေ ကျွမ်းကျင်မှုတွေကို စနစ်ကျနစေဖို့ရယ် အဆင့်ဆင့်ဖြည့်ဆည်း မြှင့်တင်သင့်တင်ပါတယ်။
Credit: Koung Loon

Read times
Rate this item
(0 votes)