-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခုတံုးလုပ္ေၾကာ္ျငာျခင္း

ခုတံုးလုပ္ေၾကာ္ျငာျခင္း google.com

ေၾကာ္ျငာခြင့္ ကန္႕သတ္ခံထားရတဲ့ ကုန္ပစၥည္း (သို႔) ၀န္ေဆာင္မႈ တစ္ခုကို ေၾကာ္ျငာခ်င္တဲ့ အတြက္ တရား၀င္ ေၾကာ္ျငာခြင့္ရွိတဲ့ ကုန္စည္/၀န္ေဆာင္မႈ တစ္မ်ဳိး မ်ဳိးကို နာမည္တူနဲ႕ ထပ္မံထုတ္လုပ္ၿပီး (Brand extension)၊ ေၾကာ္ျငာလုိ႕မရတဲ့ပစၥည္း ကုိ ခုတုံးလုပ္ ေၾကာ္ျငာျခင္း၊

ေစ်းကြက္ တည္ေဆာက္ယူျခင္းကို Surrogate Marketing/ Advertising လုိ႕ေခၚပါတယ္။

Surrogate Advertising ကိုအမ်ားဆုံး အသုံးျပဳတဲ့ လုပ္ငန္းေတြ ကေတာ့ အရက္ေသစာ၊ ေဆးလိပ္အစရွိတဲ့ မူးယစ္ကုန္စည္ထုတ္ လုပ္တဲ့ လုပ္ငန္းႀကီးေတြနဲ႔ ေဆး၀ါးပစၥည္း ထုတ္လုပ္ငန္းအခ်ဳိ႕တုိ႔ျဖစ္ ပါတယ္။

ေဆးေလာကမွာ ေၾကာ္ျငာခြင့္ကန္႕သတ္ထားတဲ့ ဆရာ၀န္ ညႊန္းမွ၀ယ္ရမယ့္ သမားကိုင္ေဆး၀ါး Prescription/ Ethical Drugs ေတြကို Over-the-counter (OTC) အိမ္သံုးေဆးမ်ားအျဖစ္ ႏွစ္မ်ဳိး ထုတ္လုပ္ၿပီး တံဆိပ္တစ္ခု တည္းနဲ႕ ပံုမွား႐ိုက္ေၾကာ္ျငာတာမ်ဳိးရွိ တတ္သလုိ အရက္ေသစာနဲ႔ ေဆးလိပ္စတဲ့ မူးယစ္ကုန္စည္ေတြကို ေၾကာ္ျငာခြင့္ကို ပိတ္ထားတဲ့အတြက္ ပစၥည္းတစ္မ်ဳိးမ်ဳိးထုတ္ၿပီး Surrogate Advertising လုပ္တာေတြ ရွိေနပါတယ္။

ဥပမာ - ကၽြန္မတုိ႔ အိမ္နီးခ်င္း အိႏိၵယမွာ Kingfisher ဆုိတဲ့ အရက္ေသစာလုပ္ငန္းစုဆုိလည္း Kingfisher Mineral Water ဆုိၿပီး ထုတ္တယ္။ Bagpiper Whisky က Bagpiper Club Sodaထုတ္လုပ္ေရာင္းခ်ပါတယ္။ Bagpiper Soda ရဲ႕ ေၾကာ္ျငာကိုၾကည့္ရင္ မူလWhiskyေၾကာ္ျငာရဲ႕ ေက်ာ႐ိုး၊ မူလ Logo၊မူလ ေၾကာ္ျငာ သ႐ုပ္ေဆာင္အတိုင္း အသုံးျပဳထားတယ္။ ေၾကာ္ျငာကို ျမင္လိုက္တာနဲ႔ Club Soda မဟုတ္ဘဲ မူရင္းထုတ္ကုန္ Whisky ကို အမွတ္ရေစတယ္။

အိႏိၵယမွာ ေဆးရြက္ႀကီးနဲ႔ ေဆးလိပ္လုပ္ငန္းေတြက ေဆးလိပ္ေၾကာ္ျငာတားျမစ္ခ်က္ကို ေရွာင္ရွားႏိုင္ဖုိ႔ သူတုိ႔မူလ Brand နဲ႔ သာမန္ အာေမႊး ကြမ္းထုပ္သဖြယ္ ထုတ္လုပ္ေၾကာ္ျငာပါတယ္။

ျမန္မာႏိုင္ငံမွာလည္း အလားတူပါပဲ။ မူးယစ္ကုန္စည္ထုတ္လုပ္သူေတြက တရား၀င္ ေၾကာ္ျငာေတြကုိ ပိတ္ပင္လာတဲ့အခါမွာ မူလအမွတ္တံဆိပ္ ကိုသုံးၿပီး ေစ်းကြက္ထဲ တရား၀င္ေၾကာ္ျငာခြင့္ရွိတဲ့ အျခားကုန္စည္ေတြကို ထုတ္လုပ္တယ္၊ ေၾကာ္ျငာတယ္။ ဒါေပမယ့္ အဲဒီ့ ပစၥည္းေတြကိုတကယ္လည္း မေရာင္းပါဘူး။ တကယ္ေရာင္းရင္လည္း အဲဒီ့ကအျမတ္ကို ေမွ်ာ္ကိုးလုိ႕မဟုတ္ပါဘူး။ သူတုိ႔ လုပ္ခ်င္တာက ေၾကာ္ျငာလုိ႕ မရတဲ့ ကုန္စည္ေတြကုိ လူထုရင္ထဲစြဲေစခ်င္တာပါ။

အရက္ေသစာ လုပ္ငန္းႀကီးေတြ ဆိုရင္ မူလအမွတ္တံဆိပ္ ၀ိေသသ အမွတ္လကၡဏာ (Brand identity elements) ေတြျဖစ္တဲ့ logo၊ brand အေရာင္ေတြနဲ႕ Brand Personalityေတြ သံုးၿပီး ေရသန္႔နဲ႕ အကၤ်ီအ၀တ္အစားေတြ ထုတ္လုပ္ ေရာင္းခ်တာမ်ဳိးေပါ့။

နာမည္ႀကီး ေဆးလိပ္ကုမၸဏီႀကီးတစ္ခုကလည္း ယခင္ကရန္ကုန္မွာ ထုိင္းကုမၸဏီတစ္ခုနဲ႕ ပူးေပါင္းၿပီး ေတးသံသြင္းလုပ္ငန္း တည္ေထာင္ ခဲ့ဖူးတယ္။ ဂီတႏွစ္သက္တဲ့ လူငယ္မ်ားကို အဲဒီ ေတးသံသြင္းရဲ႕ သီခ်င္းေခြမ်ားကို ၀ယ္ယူအားေပးၾကတဲ့အခါ သူတုိ႕ရဲ႕Brand ကို နာမည္ေက်ာ္အဆိုေတာ္ေတြနဲ႕တြဲၿပီး အမွတ္ရေစခဲ့ပါတယ္။

အရက္ ေသစာအမွတ္တံဆိပ္ေတြက ယခုအခါမွာ pH7 ဆုိၿပီး ပိတ္ပင္ထား တာေတြကို ေက်ာ္ခြၿပီး ေၾကာ္ျငာေနဆဲပါပဲ။ ႐ုပ္သံလုိင္းေတြ၊ ဂ်ာနယ္ မ်ဳိးစံုေတြမွာ သူတုိ႕ရဲ႕ ေၾကာ္ျငာေတြရွိေနဆဲပါ။ ကားကံစမ္းမဲေတြလည္းေပးပါတယ္။ ၀ီစကီတစ္မ်ဳိးကလည္း သူ႕ရဲ႕ Facebook Page ၀င္ဖုိ႕ တီဗီမွာ စြဲေဆာင္ ပါေသးတယ္။ Facebook ေပၚေရာက္မွ အရက္ကို ဆက္ၿပီးေၾကာ္ျငာပါတယ္။

ဘီယာတံဆိပ္ တစ္ခုက တကိုယ္ေတာ္ ဂီတေဖ်ာ္ေျဖပြဲတစ္ခုကုိ ကိုယ္တုိင္စီစဥ္ၿပီး အဲဒီ့အဆုိေတာ္ပံုနဲ႕ Stage Show ေၾကာ္ျငာလုပ္ပါတယ္။ အေရာင္ေတြ ဘီယာရဲ႕ တံဆိပ္လုိဂိုေတြပါသံုးၿပီး ဂီတပြဲ စီစဥ္သူအျဖစ္ ေၾကာ္ျငာသြားခဲ့တာလည္းရွိပါတယ္။ ေနာက္ဘီယာ အမွတ္တံဆိပ္တစ္ခုကလည္း အက်ၤီအ၀တ္အစား တံဆိပ္တည္ေထာင္ၿပီး အဆိုေတာ္နဲ႕ သူ႕ကေလးပါထည့္ ေၾကာ္ျငာတဲ့အတြက္ အမ်ားက ၀ိုင္းကန္႔ကြက္ တာေတြလည္း ခံခဲ့ရပါတယ္။ ရန္ကုန္မွာ အဲဒီ့ ေၾကာ္ျငာေတြ ျဖဳတ္လုိက္ေပမယ့္ အျခားၿမိဳ႕ေတြမွာေတာ့ ေတြ႕ေနရဆဲပါပဲ။

ေရသန္႕နာမည္ခံ အရက္ေၾကာ္ျငာတစ္ခုဆုိရင္အထက္တန္းေက်ာင္းေတြမွာ ကမာၻ႔ေျမပံုေတြ လွဴဒါန္းၿပီး ကေလးေတြၾကားအထိ Brand ရင္းႏွီးမႈရေအာင္အတင့္ရဲလုပ္ေနတာေတြလည္း စိတ္မေကာင္းစရာ ေတြ႕ရပါတယ္။ ဆရာမေတြကလည္း ေရသန္႕ထင္လုိ႕ ေျမပံုကိုကပ္ေပးထားခဲ့တယ္လုိ႕ အံ့ၾသတုန္လႈပ္စြာနဲ႕ ေျပာျပခဲ့ပါတယ္။ ေနာက္ဘီယာ တံဆိပ္တစ္ခုကလည္း အသြင္တူသံဗူးထဲမွာ အခ်ိဳရည္တစ္မ်ဳိးထုတ္လုပ္ၿပီး ၁၂-၁၃ အရြယ္ ကေလးငယ္မ်ားပါထည့္ၿပီး ေၾကာ္ျငာထားတာလည္းေတြ႕ရပါတယ္။ ဒီတံဆိပ္နဲ႔ပဲ စာသင္  ေက်ာင္း  ေတြမွာ ပြဲေတြလုိက္လုပ္ၿပီးေၾကာ္ျငာေနတာေတြလည္း ေတြ႕ရပါတယ္။ ကေလး ေစ်းကြက္ထဲမွာ ဒီဘီယာအမွတ္တံဆိပ္နဲ႕ အဲဒီ့ အမွတ္တံဆိပ္ပါသံဗူးကုိင္တာကို ယဥ္ပါးလာေစႏိုင္တဲ့အတြက္ အထူး သတိထားဖုိ႔ လုိပါတယ္။

ဒါေတြဟာ Umbrella Brand တစ္ခုထားၿပီး Surrogate Advertising နည္းကုိ သံုးၿပီး ေစ်းကြက္ေဖာက္ ေနတာေတြ ျဖစ္ပါတယ္။ ယစ္မ်ဴိးကုန္ မဟုတ္တဲ့ အျခားကုန္စည္ေတြကိုခုတုံးလုပ္ၿပီး ေၾကာ္ျငာျခင္း ျဖစ္ပါတယ္။ အဲဒီ့ Brand ေအာက္မွာ အဓိက ေရာင္းခ်င္တဲ့ မူးယစ္ကုန္စည္ေတြကို ေစ်းကြက္ ဆက္လက္ခ်ဲ႕ထြင္ႏုိင္ေအာင္ ေဆာင္ရြက္ၾကတာပါ။

ဒီလုိ Surrogate Marketing ေတြေၾကာင့္ ႏိုင္ငံအႏွံ႕ ယစ္မ်ဳိး Brandေတ ြဆက္လက္ျပန႔္ႏွံ႔ ေနတာက ိုေတ႕ြ ရပါတယ္။ Strategy First Instituteက၂၀၁၁၊ ဇန္န၀ါရီလအတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းက အစိုးရနဲ႕ ပုဂၢလိကေက်ာင္းေတြမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရေတာ့ ေၾကာ္ျငာေတြ ပိတ္ပင္ထားေပမယ့္လည္း အသက္ ၁၂ ႏွစ္မွ ၁၆ ႏွစ္အထိ ကေလးေတြဟာ ယမကာ အမွတ္တံဆိပ္ေတြနဲ႕ အကၽြမ္းတ၀င္ရွိေနဆဲဆုိတာကို ေတြ႕ရပါတယ္။ ေရသန္႕အျဖစ္ေၾကာ္ျငာထားတဲ့ ယမကာတံဆိပ္ေပါင္းမ်ားစြာကိုလည္း မွတ္မိၾကၿပီး ဒီေၾကာ္ျငာေတြဟာ ေရသန္႕ေၾကာ္ျငာ၊ အကၤ်ီေၾကာ္ျငာမဟုတ္ဘူးဆိုတာကိုလည္း သိေနၾကပါတယ္။

ႏိုင္ငံတကာမွာ အဲလို Surrogate Advertising ေတြအျပင္ Surrogate လုပ္ထားတဲ့ Product ေတြကိုပါ တားျမစ္ပိတ္ပင္လာၾကၿပီ။ ျမန္မာႏိုင္ငံရဲ႕ မူးယစ္ကုန္စည္ေတြကုိ ေၾကာ္ျငာခြင့္ကန္႕သတ္ထားၿပီး Surrogate Advertising ေတြကိုလည္း တင္းၾကပ္စြာ စိစစ္ဖုိ႕ လမ္းညႊန္ထားေပမယ့္ အေရးယူမႈ မရွိတာကိုေတြ႕ရပါတယ္။

Read-အထိေရာက္ဆံုးေၾကာ္ျငာႏိုင္ဖို႔

ေနာက္တစ္ဆင့္ကေတာ့ Surrogate Marketing ေတြ ပိတ္ပင္လာခဲ့ရင္ ဒီတံဆိပ္ေတြနဲ႕ တျခားပစၥည္းေတြ အမွန္တကယ္ ထုတ္လုပ္ေရာင္းခ်ေနပါတယ္၊ အမွန္အကန္ Brand Extension လုပ္ပါတယ္ ဆုိၿပီးေတာ့လည္း ေစာဒက တက္လာႏုိင္ပါေသးတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကတည္းက ယမကာလုပ္ငန္းတစ္ခုက ေရသန္႕ေတြကို Brand Extensionတကယ္လုပ္ၿပီး ေရာင္းခဲ့ပါတယ္။ အဲဒီ့ Brand ကေတာ့ နာမည္ေက်ာ္ ေအာင္ျမင္ခဲ့ၿပီး ယေန႕အထိ သံုးစြဲေနၾကတုံးပါပဲ။ သူ႕ကိုေတာ့ ေရသန္႕အျဖစ္လည္း လူေတြကလည္း သတ္သတ္မွတ္မွတ္ လက္ခံထားၾကေတာ့ Surrogacy ပံုစံေတာ့ မေပါက္ေတာ့ပါဘူး။

ေဆာင္းပါးကို နိဂံုးခ်ဳပ္ရရင္ Surrogate Marketing ကုိသံုးၿပီး ေနရာတိုင္းမွာ က်ယ္ျပန္႕စြာ ေၾကာ္ျငာေနခဲ့တဲ့ အတြက္ အရက္မွန္း၊ ေဆးလိပ္မွန္းသိတဲ့လူကသိ၊ မသိတဲ့လူက မသိနဲ႕ ကေလးေရာ၊ လူႀကီးပါ ဒီ Brand Messageေတြကို လက္ခံမိေစခဲ့တယ္။ ဒါဟာသက္ဆုိင္ရာနဲ႕ အမ်ားျပည္သူကို လိမ္ညာတဲ့အဆင့္ အထိ ျဖစ္သြားပါတယ္။ ယခုလုိ အမွန္အကန္ Brand Extension ေတြပါလုိ႕ ေၾကညာၿပီး လုပ္လာျပန္ရင္လည္း ေၾကာ္ျငာပိတ္ပင္ထားတဲ့ ပစၥည္းေတြကို ပါေရာၿပီး Promote လုပ္ရာေရာက္ေနေသးတဲ့အတြက္ လက္ခံလုိ႕ျဖစ္ပါ့မလားလုိ႕လည္း ေတြးပူမိျပန္ပါတယ္။

Source; Strategy First Journal 

Unicode Version

ကြော်ငြာခွင့် ကန့်သတ်ခံထားရတဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု တစ်ခုကို ကြော်ငြာချင်တဲ့ အတွက် တရားဝင် ကြော်ငြာခွင့်ရှိတဲ့ ကုန်စည်/၀န်ဆောင်မှု တစ်မျိုး မျိုးကို နာမည်တူနဲ့ ထပ်မံထုတ်လုပ်ပြီး (Brand extension)၊ ကြော်ငြာလို့မရတဲ့ပစ္စည်း ကို ခုတုံးလုပ် ကြော်ငြာခြင်း၊ စျေးကွက် တည်ဆောက်ယူခြင်းကို Surrogate Marketing/ Advertising လို့ခေါ်ပါတယ်။
Surrogate Advertising ကိုအများဆုံး အသုံးပြုတဲ့ လုပ်ငန်းတွေ ကတော့ အရက်သေစာ၊ ဆေးလိပ်အစရှိတဲ့ မူးယစ်ကုန်စည်ထုတ် လုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ ဆေးဝါးပစ္စည်း ထုတ်လုပ်ငန်းအချို့တို့ဖြစ် ပါတယ်။
ဆေးလောကမှာ ကြော်ငြာခွင့်ကန့်သတ်ထားတဲ့ ဆရာဝန် ညွှန်းမှဝယ်ရမယ့် သမားကိုင်ဆေးဝါး Prescription/ Ethical Drugs တွေကို Over-the-counter (OTC) အိမ်သုံးဆေးများအဖြစ် နှစ်မျိုး ထုတ်လုပ်ပြီး တံဆိပ်တစ်ခု တည်းနဲ့ ပုံမှားရိုက်ကြော်ငြာတာမျိုးရှိ တတ်သလို အရက်သေစာနဲ့ ဆေးလိပ်စတဲ့ မူးယစ်ကုန်စည်တွေကို ကြော်ငြာခွင့်ကို ပိတ်ထားတဲ့အတွက် ပစ္စည်းတစ်မျိုးမျိုးထုတ်ပြီး Surrogate Advertising လုပ်တာတွေ ရှိနေပါတယ်။
ဥပမာ - ကျွန်မတို့ အိမ်နီးချင်း အိန္ဒိယမှာ Kingfisher ဆိုတဲ့ အရက်သေစာလုပ်ငန်းစုဆိုလည်း Kingfisher Mineral Water ဆိုပြီး ထုတ်တယ်။ Bagpiper Whisky က Bagpiper Club Sodaထုတ်လုပ်ရောင်းချပါတယ်။ Bagpiper Soda ရဲ့ ကြော်ငြာကိုကြည့်ရင် မူလWhiskyကြော်ငြာရဲ့ ကျောရိုး၊ မူလ Logo၊မူလ ကြော်ငြာ သရုပ်ဆောင်အတိုင်း အသုံးပြုထားတယ်။ ကြော်ငြာကို မြင်လိုက်တာနဲ့ Club Soda မဟုတ်ဘဲ မူရင်းထုတ်ကုန် Whisky ကို အမှတ်ရစေတယ်။
အိန္ဒိယမှာ ဆေးရွက်ကြီးနဲ့ ဆေးလိပ်လုပ်ငန်းတွေက ဆေးလိပ်ကြော်ငြာတားမြစ်ချက်ကို ရှောင်ရှားနိုင်ဖို့ သူတို့မူလ Brand နဲ့ သာမန် အာမွှေး ကွမ်းထုပ်သဖွယ် ထုတ်လုပ်ကြော်ငြာပါတယ်။
မြန်မာနိုင်ငံမှာလည်း အလားတူပါပဲ။ မူးယစ်ကုန်စည်ထုတ်လုပ်သူတွေက တရားဝင် ကြော်ငြာတွေကို ပိတ်ပင်လာတဲ့အခါမှာ မူလအမှတ်တံဆိပ် ကိုသုံးပြီး စျေးကွက်ထဲ တရားဝင်ကြော်ငြာခွင့်ရှိတဲ့ အခြားကုန်စည်တွေကို ထုတ်လုပ်တယ်၊ ကြော်ငြာတယ်။ ဒါပေမယ့် အဲဒီ့ ပစ္စည်းတွေကိုတကယ်လည်း မရောင်းပါဘူး။ တကယ်ရောင်းရင်လည်း အဲဒီ့ကအမြတ်ကို မျှော်ကိုးလို့မဟုတ်ပါဘူး။ သူတို့ လုပ်ချင်တာက ကြော်ငြာလို့ မရတဲ့ ကုန်စည်တွေကို လူထုရင်ထဲစွဲစေချင်တာပါ။
အရက်သေစာ လုပ်ငန်းကြီးတွေ ဆိုရင် မူလအမှတ်တံဆိပ် ၀ိသေသ အမှတ်လက္ခဏာ (Brand identity elements) တွေဖြစ်တဲ့ logo၊ brand အရောင်တွေနဲ့ Brand Personalityတွေ သုံးပြီး ရေသန့်နဲ့ အင်္ကျီအဝတ်အစားတွေ ထုတ်လုပ် ရောင်းချတာမျိုးပေါ့။
နာမည်ကြီး ဆေးလိပ်ကုမ္ပဏီကြီးတစ်ခုကလည်း ယခင်ကရန်ကုန်မှာ ထိုင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး တေးသံသွင်းလုပ်ငန်း တည်ထောင် ခဲ့ဖူးတယ်။ ဂီတနှစ်သက်တဲ့ လူငယ်များကို အဲဒီ တေးသံသွင်းရဲ့ သီချင်းခွေများကို ၀ယ်ယူအားပေးကြတဲ့အခါ သူတို့ရဲ့Brand ကို နာမည်ကျော်အဆိုတော်တွေနဲ့တွဲပြီး အမှတ်ရစေခဲ့ပါတယ်။
အရက် သေစာအမှတ်တံဆိပ်တွေက ယခုအခါမှာ pH7 ဆိုပြီး ပိတ်ပင်ထား တာတွေကို ကျော်ခွပြီး ကြော်ငြာနေဆဲပါပဲ။ ရုပ်သံလိုင်းတွေ၊ ဂျာနယ် မျိုးစုံတွေမှာ သူတို့ရဲ့ ကြော်ငြာတွေရှိနေဆဲပါ။ ကားကံစမ်းမဲတွေလည်းပေးပါတယ်။ ၀ီစကီတစ်မျိုးကလည်း သူ့ရဲ့ Facebook Page ၀င်ဖို့ တီဗီမှာ စွဲဆောင် ပါသေးတယ်။ Facebook ပေါ်ရောက်မှ အရက်ကို ဆက်ပြီးကြော်ငြာပါတယ်။
ဘီယာတံဆိပ် တစ်ခုက တကိုယ်တော် ဂီတဖျော်ဖြေပွဲတစ်ခုကို ကိုယ်တိုင်စီစဉ်ပြီး အဲဒီ့အဆိုတော်ပုံနဲ့ Stage Show ကြော်ငြာလုပ်ပါတယ်။ အရောင်တွေ ဘီယာရဲ့ တံဆိပ်လိုဂိုတွေပါသုံးပြီး ဂီတပွဲ စီစဉ်သူအဖြစ် ကြော်ငြာသွားခဲ့တာလည်းရှိပါတယ်။ နောက်ဘီယာ အမှတ်တံဆိပ်တစ်ခုကလည်း အကျင်္ီအဝတ်အစား တံဆိပ်တည်ထောင်ပြီး အဆိုတော်နဲ့ သူ့ကလေးပါထည့် ကြော်ငြာတဲ့အတွက် အများက ၀ိုင်းကန့်ကွက် တာတွေလည်း ခံခဲ့ရပါတယ်။ ရန်ကုန်မှာ အဲဒီ့ ကြော်ငြာတွေ ဖြုတ်လိုက်ပေမယ့် အခြားမြို့တွေမှာတော့ တွေ့နေရဆဲပါပဲ။
ရေသန့်နာမည်ခံ အရက်ကြော်ငြာတစ်ခုဆိုရင်အထက်တန်းကျောင်းတွေမှာ ကမ္ဘာ့မြေပုံတွေ လှူဒါန်းပြီး ကလေးတွေကြားအထိ Brand ရင်းနှီးမှုရအောင်အတင့်ရဲလုပ်နေတာတွေလည်း စိတ်မကောင်းစရာ တွေ့ရပါတယ်။ ဆရာမတွေကလည်း ရေသန့်ထင်လို့ မြေပုံကိုကပ်ပေးထားခဲ့တယ်လို့ အံ့သြတုန်လှုပ်စွာနဲ့ ပြောပြခဲ့ပါတယ်။ နောက်ဘီယာ တံဆိပ်တစ်ခုကလည်း အသွင်တူသံဗူးထဲမှာ အချိုရည်တစ်မျိုးထုတ်လုပ်ပြီး ၁၂-၁၃ အရွယ် ကလေးငယ်များပါထည့်ပြီး ကြော်ငြာထားတာလည်းတွေ့ရပါတယ်။ ဒီတံဆိပ်နဲ့ပဲ စာသင် ကျောင်း တွေမှာ ပွဲတွေလိုက်လုပ်ပြီးကြော်ငြာနေတာတွေလည်း တွေ့ရပါတယ်။ ကလေး စျေးကွက်ထဲမှာ ဒီဘီယာအမှတ်တံဆိပ်နဲ့ အဲဒီ့ အမှတ်တံဆိပ်ပါသံဗူးကိုင်တာကို ယဉ်ပါးလာစေနိုင်တဲ့အတွက် အထူး သတိထားဖို့ လိုပါတယ်။
ဒါတွေဟာ Umbrella Brand တစ်ခုထားပြီး Surrogate Advertising နည်းကို သုံးပြီး စျေးကွက်ဖောက် နေတာတွေ ဖြစ်ပါတယ်။ ယစ်မျိူးကုန် မဟုတ်တဲ့ အခြားကုန်စည်တွေကိုခုတုံးလုပ်ပြီး ကြော်ငြာခြင်း ဖြစ်ပါတယ်။ အဲဒီ့ Brand အောက်မှာ အဓိက ရောင်းချင်တဲ့ မူးယစ်ကုန်စည်တွေကို စျေးကွက် ဆက်လက်ချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြတာပါ။
ဒီလို Surrogate Marketing တွေကြောင့် နိုင်ငံအနှံ့ ယစ်မျိုး Brandတေ ွဆက်လက်ပြန့်နှံ့ နေတာက ိုတွေ့ ရပါတယ်။ Strategy First Instituteက၂၀၁၁၊ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရတော့ ကြော်ငြာတွေ ပိတ်ပင်ထားပေမယ့်လည်း အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ ကလေးတွေဟာ ယမကာ အမှတ်တံဆိပ်တွေနဲ့ အကျွမ်းတဝင်ရှိနေဆဲဆိုတာကို တွေ့ရပါတယ်။ ရေသန့်အဖြစ်ကြော်ငြာထားတဲ့ ယမကာတံဆိပ်ပေါင်းများစွာကိုလည်း မှတ်မိကြပြီး ဒီကြော်ငြာတွေဟာ ရေသန့်ကြော်ငြာ၊ အင်္ကျီကြော်ငြာမဟုတ်ဘူးဆိုတာကိုလည်း သိနေကြပါတယ်။
နိုင်ငံတကာမှာ အဲလို Surrogate Advertising တွေအပြင် Surrogate လုပ်ထားတဲ့ Product တွေကိုပါ တားမြစ်ပိတ်ပင်လာကြပြီ။ မြန်မာနိုင်ငံရဲ့ မူးယစ်ကုန်စည်တွေကို ကြော်ငြာခွင့်ကန့်သတ်ထားပြီး Surrogate Advertising တွေကိုလည်း တင်းကြပ်စွာ စိစစ်ဖို့ လမ်းညွှန်ထားပေမယ့် အရေးယူမှု မရှိတာကိုတွေ့ရပါတယ်။
နောက်တစ်ဆင့်ကတော့ Surrogate Marketing တွေ ပိတ်ပင်လာခဲ့ရင် ဒီတံဆိပ်တွေနဲ့ တခြားပစ္စည်းတွေ အမှန်တကယ် ထုတ်လုပ်ရောင်းချနေပါတယ်၊ အမှန်အကန် Brand Extension လုပ်ပါတယ် ဆိုပြီးတော့လည်း စောဒက တက်လာနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ယမကာလုပ်ငန်းတစ်ခုက ရေသန့်တွေကို Brand Extensionတကယ်လုပ်ပြီး ရောင်းခဲ့ပါတယ်။ အဲဒီ့ Brand ကတော့ နာမည်ကျော် အောင်မြင်ခဲ့ပြီး ယနေ့အထိ သုံးစွဲနေကြတုံးပါပဲ။ သူ့ကိုတော့ ရေသန့်အဖြစ်လည်း လူတွေကလည်း သတ်သတ်မှတ်မှတ် လက်ခံထားကြတော့ Surrogacy ပုံစံတော့ မပေါက်တော့ပါဘူး။
ဆောင်းပါးကို နိဂုံးချုပ်ရရင် Surrogate Marketing ကိုသုံးပြီး နေရာတိုင်းမှာ ကျယ်ပြန့်စွာ ကြော်ငြာနေခဲ့တဲ့ အတွက် အရက်မှန်း၊ ဆေးလိပ်မှန်းသိတဲ့လူကသိ၊ မသိတဲ့လူက မသိနဲ့ ကလေးရော၊ လူကြီးပါ ဒီ Brand Messageတွေကို လက်ခံမိစေခဲ့တယ်။ ဒါဟာသက်ဆိုင်ရာနဲ့ အများပြည်သူကို လိမ်ညာတဲ့အဆင့် အထိ ဖြစ်သွားပါတယ်။ ယခုလို အမှန်အကန် Brand Extension တွေပါလို့ ကြေညာပြီး လုပ်လာပြန်ရင်လည်း ကြော်ငြာပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ပါရောပြီး Promote လုပ်ရာရောက်နေသေးတဲ့အတွက် လက်ခံလို့ဖြစ်ပါ့မလားလို့လည်း တွေးပူမိပြန်ပါတယ်။
Source; Strategy First Journal

Read times
Rate this item
(0 votes)