-->
×

Warning

JUser: :_load: Unable to load user with ID: 29


အစဥ္အလာမဟုတ္တဲ့ လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္တည္ေထာင္ႏုိင္သူမ်ား

အစဥ္အလာမဟုတ္တဲ့ လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္တည္ေထာင္ႏုိင္သူမ်ား google.com

နဂိုမူရင္းတစ္ခုနဲ႔ မတူတဲ့ဆန္းသစ္တီထြင္တဲ့ လုပ္ငန္းအိုင္ဒီယာကိုရွာေဖြဖို႔ဟာ တည္ေထာင္စ ကုမၸဏီတိုင္းရဲ႔ အိပ္မက္တစ္ခုပါ။ Harvard Business Review ကႏွစ္ပတ္လည္ထုတ္ျပန္တဲ့ စာရင္းတစ္ခုဟာ “အဓိက တိုးတက္မွဳ အိုင္ဒီယာမ်ား” လို႔အမည္တြင္ပါတယ္။ ကမၻာတစ္၀န္းလံုးက ဆန္းသစ္တီထြင္ႏိုင္တဲ့ အိုင္ဒီယာေတြကို အစီအရင္ခံတာပါ။

 

ကမၻာႀကီးရဲ့တစ္ေနရာက အေျပာင္းအလဲေလးတစ္ခုက ကမၻာ႔တစ္ျခားေနရာေတြမွာ ႀကီးမားတဲ႔ ေျပာင္းလဲမွဳမ်ိဳးေတြ ျဖစ္သြားေအာင္လုပ္ႏိုင္ပါတယ္။ စီးပြားေရးလုပ္ငန္းဦးေဆာင္သူ တစ္ေယာက္ဟာ ဒီအေျပာင္းအလဲငယ္ေလးကို ဆုပ္မိဖမ္းကိုင္တာနဲ့ သိသိသာသာ အက်ိဳးထူးခံစားရတတ္ပါတယ္။ ဒီလုိျဖစ္လာဖုိ႔အတြက္ လုပ္ငန္းခြင္ဆိုင္ရာ ေခါင္းေဆာင္ေတြဟာ သူတို႔ရဲ့ ကုမၸဏီအတြင္းေရးကိစၥေတြမွာဘဲ အာရံုစိုက္မေနသင့္ပါဘူး သူတို႔ဟာ စမ္းသပ္ရွာေဖြမွဳအတြက္ အသိဥာဏ္တံခါးကို ဖြင့္ထားၿပီး အျမင္အာရံုကို အေလးေပးတဲ့ စိတ္ဓါတ္ကိုေမြးျမဴရပါလိမ့္မယ္။ အစဥ္အလာမဟုတ္တဲ့ လုပ္ငန္းေတြနဲ႔ကမာၻႀကီးကို ေျပာင္းလဲခဲ့သူမ်ားမွ အနည္းငယ္ကို ေဖာ္ျပေပးလုိက္ပါတယ္။

Related Articles-မိသားစု စီးပြားေရးကို အေျပာင္းအလဲျပဳလုပ္ခဲ့သူ

♦Walt Disney ဦးေဆာင္ခဲတဲ့ Walt Disney Co အမွတ္တံဆိပ္သည္ ကမၻာေက်ာ္၊ ေအာင္ျမင္ေသာ ကာတြန္းဇာတ္ေဆာင္မ်ားကို ဖန္တီး၍ စီးပြားေရးလုပ္ငန္းလမ္းေၾကာင္းအေပၚထိုးေဖာက္ခဲ့သည္။

♦Herb Kelleher ဦးေဆာင္ေသာ Southwest Airlines သည္ ေစ်းခ်ိဳေသာ စံျပေလေၾကာင္းလုိင္းအေၾကာင္း ၁၉၄၉ခုႏွစ္မွစ၍ အႀကံရေသာ္လည္း ၁၉၇၁ခုႏွစ္က်မွ အဓိကစီးပြားေရးလမ္းေၾကာင္းေပၚသြင္းၿပီး ကမၻာတစ္၀န္းက မွီျငမ္းအတုယူရေသာ စံျပစီးပြားေရးပံုစံျဖစ္ေစခဲ့သည္။

♦Twitter ၏ေခါင္းေဆာင္သူမွာ Jack Dorsey ျဖစ္ၿပီး ၂၀၀၆ခုႏွစ္တြင္ တည္ေထာင္သည္။ Twitterမွာ အင္တာနက္ေပၚတြင္ mini-blogsမ်ားတင္ရန္ အႀကံဥာဏ္ကို အစျပဳသူျဖစ္ၿပီး  လူမ်ားအေနနဲ႔သူတို႔၏ အႀကံအစည္းမ်ားကို ကြန္ယက္ေပၚတင္ႏိုင္ေအာင္ ကူညီေပးႏိုင္သည္။

♦Jimmy Wales and Larry Sanger ေခါင္းေဆာင္ၿပီး ၂၀၀၁ခုႏွစ္မွစ၍ Wikipediaသည္စြယ္စံုက်မ္းကို ထပ္မံျပဳစုၿပီး ၁၉၉၄ခုႏွစ္တြင္ Ward Cunninghan ထူေထာင္ခဲ့ေသာ ပူးေပါင္းလုပ္ေဆာင္သည့္ wiki နည္းလမ္းးကို လူၿကိဳက္မ်ားေအာင္ ျပဳလုပ္လိုက္သည္။

♦မက္ဆူကာဘတ္ဟာ လူမွဳကြန္ယက္ကို တီထြင္သူမဟုတ္ေသာ္လည္း ၂၀၀၇ခုႏွစ္မွစၿပီး Facebook ပလတ္ေဖာင္းကို ပြဲထုတ္ရန္အႀကံျဖင့္ခ်ဲ့ထြင္ခဲ့သည္။ဆူကာဘတ္ဟာ အဖြဲ႔အစည္းေတြ တည္ေဆာက္ဖို႔သာ အာရံုစိုက္ခဲ့ၿပီး တျခားသူေတြလို လုပ္ငန္းထဲကထြက္ဖိုနဲ႔ ေရာင္းဖို႔လည္းမႀကိဳးစားခဲ့ပါဘူး။ စီးပြားေရး တြက္ေျခကိုက္ဖုိ႔ဟာ သူတို႔ရဲ့ အျမင့္ဆံုးစိတ္၀င္စားမွဳ မဟုတ္ေပမယ့္ သူတို႔ရဲ့စစ္မွန္တဲ့တာ၀န္ ထမ္းေဆာာင္ မွဳတို႔ေၾကာင့္ ေက်ာ္ၾကားၿပီး အသံုး၀င္တဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္လာခဲ့ပါတယ္။

♦Reid Hoffman ရဲ႕linkedin သည္အြန္လိုင္းေပၚတြင္ ကမၻာတစ္၀န္းမွ က်ြမ္းက်င္ပညာရွင္မ်ားကို ကြန္ယက္ဖြင့္ေပးႏုိင္ခဲ့သလုိ က်ြမ္းက်င္ပညာဆိုင္ရာ သတင္းမ်ားကုိ စုစည္းေသာနည္းသစ္မ်ားကုိ ေဖာ္ထုတ္ေပးခဲ့သည္။ တခ်ိဳ႔ကထုိလုပ္ငန္းသည္ ေရွးအစဥ္အလာ အလုပ္အကိုင္ရွာေဖြမွဳကို အစားထုိးႏိုင္လိမ့္မည္ဟု ေျပာဆုိၾကသည္။

ဆရာညီညီႏိုင္ ျမန္မာျပန္ (marketing 3.0) စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပသည္။

Unicode Version

နဂိုမူရင်းတစ်ခုနဲ့ မတူတဲ့ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းအိုင်ဒီယာကိုရှာဖွေဖို့ဟာ တည်ထောင်စ ကုမ္ပဏီတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ Harvard Business Review ကနှစ်ပတ်လည်ထုတ်ပြန်တဲ့ စာရင်းတစ်ခုဟာ “အဓိက တိုးတက်မှု အိုင်ဒီယာများ” လို့အမည်တွင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ဆန်းသစ်တီထွင်နိုင်တဲ့ အိုင်ဒီယာတွေကို အစီအရင်ခံတာပါ။
ကမ္ဘာကြီးရဲ့တစ်နေရာက အပြောင်းအလဲလေးတစ်ခုက ကမ္ဘာ့တစ်ခြားနေရာတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်သွားအောင်လုပ်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းဦးဆောင်သူ တစ်ယောက်ဟာ ဒီအပြောင်းအလဲငယ်လေးကို ဆုပ်မိဖမ်းကိုင်တာနဲ့ သိသိသာသာ အကျိုးထူးခံစားရတတ်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် လုပ်ငန်းခွင်ဆိုင်ရာ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကုမ္ပဏီအတွင်းရေးကိစ္စတွေမှာဘဲ အာရုံစိုက်မနေသင့်ပါဘူး သူတို့ဟာ စမ်းသပ်ရှာဖွေမှုအတွက် အသိဉာဏ်တံခါးကို ဖွင့်ထားပြီး အမြင်အာရုံကို အလေးပေးတဲ့ စိတ်ဓါတ်ကိုမွေးမြူရပါလိမ့်မယ်။ အစဉ်အလာမဟုတ်တဲ့ လုပ်ငန်းတွေနဲ့ကမ္ဘာကြီးကို ပြောင်းလဲခဲ့သူများမှ အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
♦Walt Disney ဦးဆောင်ခဲတဲ့ Walt Disney Co အမှတ်တံဆိပ်သည် ကမ္ဘာကျော်၊ အောင်မြင်သော ကာတွန်းဇာတ်ဆောင်များကို ဖန်တီး၍ စီးပွားရေးလုပ်ငန်းလမ်းကြောင်းအပေါ်ထိုးဖောက်ခဲ့သည်။
♦Herb Kelleher ဦးဆောင်သော Southwest Airlines သည် စျေးချိုသော စံပြလေကြောင်းလိုင်းအကြောင်း ၁၉၄၉ခုနှစ်မှစ၍ အကြံရသော်လည်း ၁၉၇၁ခုနှစ်ကျမှ အဓိကစီးပွားရေးလမ်းကြောင်းပေါ်သွင်းပြီး ကမ္ဘာတစ်ဝန်းက မှီငြမ်းအတုယူရသော စံပြစီးပွားရေးပုံစံဖြစ်စေခဲ့သည်။
♦Twitter ၏ခေါင်းဆောင်သူမှာ Jack Dorsey ဖြစ်ပြီး ၂၀၀၆ခုနှစ်တွင် တည်ထောင်သည်။ Twitterမှာ အင်တာနက်ပေါ်တွင် mini-blogsများတင်ရန် အကြံဉာဏ်ကို အစပြုသူဖြစ်ပြီး လူများအနေနဲ့သူတို့၏ အကြံအစည်းများကို ကွန်ယက်ပေါ်တင်နိုင်အောင် ကူညီပေးနိုင်သည်။
♦Jimmy Wales and Larry Sanger ခေါင်းဆောင်ပြီး ၂၀၀၁ခုနှစ်မှစ၍ Wikipediaသည်စွယ်စုံကျမ်းကို ထပ်မံပြုစုပြီး ၁၉၉၄ခုနှစ်တွင် Ward Cunninghan ထူထောင်ခဲ့သော ပူးပေါင်းလုပ်ဆောင်သည့် wiki နည်းလမ်းးကို လူကြိုက်များအောင် ပြုလုပ်လိုက်သည်။
♦မက်ဆူကာဘတ်ဟာ လူမှုကွန်ယက်ကို တီထွင်သူမဟုတ်သော်လည်း ၂၀၀၇ခုနှစ်မှစပြီး Facebook ပလတ်ဖောင်းကို ပွဲထုတ်ရန်အကြံဖြင့်ချဲ့ထွင်ခဲ့သည်။ဆူကာဘတ်ဟာ အဖွဲ့အစည်းတွေ တည်ဆောက်ဖို့သာ အာရုံစိုက်ခဲ့ပြီး တခြားသူတွေလို လုပ်ငန်းထဲကထွက်ဖိုနဲ့ ရောင်းဖို့လည်းမကြိုးစားခဲ့ပါဘူး။ စီးပွားရေး တွက်ခြေကိုက်ဖို့ဟာ သူတို့ရဲ့ အမြင့်ဆုံးစိတ်ဝင်စားမှု မဟုတ်ပေမယ့် သူတို့ရဲ့စစ်မှန်တဲ့တာဝန် ထမ်းဆောာင် မှုတို့ကြောင့် ကျော်ကြားပြီး အသုံးဝင်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။
♦Reid Hoffman ရဲ့linkedin သည်အွန်လိုင်းပေါ်တွင် ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင်များကို ကွန်ယက်ဖွင့်ပေးနိုင်ခဲ့သလို ကျွမ်းကျင်ပညာဆိုင်ရာ သတင်းများကို စုစည်းသောနည်းသစ်များကို ဖော်ထုတ်ပေးခဲ့သည်။ တချို့ကထိုလုပ်ငန်းသည် ရှေးအစဉ်အလာ အလုပ်အကိုင်ရှာဖွေမှုကို အစားထိုးနိုင်လိမ့်မည်ဟု ပြောဆိုကြသည်။
ဆရာညီညီနိုင် မြန်မာပြန် (marketing 3.0) စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

Read times
Rate this item
(0 votes)