-->
×

Warning

JUser: :_load: Unable to load user with ID: 29


စိတ္ကူးေတြကို မွ်ေ၀လိုက္ပါ

စိတ္ကူးေတြကို မွ်ေ၀လိုက္ပါ google.com

စိတ္ကူးတစ္ခုက ဘာေတြတန္သလဲ။ ဘယ္ထုတ္ကုန္ပစၥည္းပဲျဖစ္ျဖစ္ စိတ္ကူးကေနစၾကရတာပါ။ ဘယ္၀န္ေဆာင္မွဳ ျဖစ္ျဖစ္စိတ္ကူးကေနစၾကရတာပါ။ စီးပြားေရးလုပ္ငန္းတုိင္း၊ စာအုပ္ေတြေရးသား ထုတ္ေ၀တိုင္း၊ တီထြင္ဖန္တီးမွဳ အသစ္တိုင္းဟာ စိတိ္ကူးကေနစၾကရတပဲျဖစ္တယ္။ ကမၻာႀကီးကုိ ေရွ႔သို႔ တက္လွမ္းေစတာလည္း ဒီစိတ္ကူးေတြပါ။ အဲဒါေၾကာင့္ လူေတြက ကိုယ့္ကိုစိတ္ကူးအႀကံအဥာဏ္ေပးလာရင္ သူတို႔ကို လက္ဆာင္အေကာင္းစား ျပန္ေပးလုိက္ပါ။

စာအုပ္ေတြေရးရတာကို  က်ြန္ေတာ္ႏွစ္သက္ရတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုက က်ြန္ေတာ့္ကို စိတ္ကူးအႀကံဥာဏ္ေကာင္းေတြရေအာင္ ဆြဲေခၚသြားႏုိင္လို႔ပါပဲ။ က်ြန္ေတာ္စိတ္ျပင္းျပင္းျပျပနဲ႔ကို သင္ေပး ခ်င္တဲ့ အယူအဆ တစ္ခုနဲ႔ စားေရးတဲ့လုပ္ငန္းစဥ္ကို စတင္ရတယ္။ က်ြန္ေတာ့္မွာရွိတဲ့ စိတ္ကူးအခ်ိဳ႔ကို စာရြက္ေပၚခ်ေရးတယ္။ တီထြင္ဆန္းသစ္တဲ့ အေတြးအေခၚသမားအုပ္စုတစ္စုကို က်ြန္ေတာ့္ကို ကူေပးဖို႔ ေခၚတယ္။ သူတုိ႔က က်ြန္ေတာ့္ကို အယူအဆစမ္းသပ္ရာမွာ  စိတ္ကူးေတြကို အႀကိတ္အနယ္စဥ္းစားရမွာ။ ၿပီးေတာ့ လုိရင္းအခ်က္ေတြကို ေရြးထုတ္ရာမွာ ကူညီေပးၾကပါတယ္။ ဒါေတြကို က်ြန္ေတာ္တို႔လုပ္ၿပီးတဲ့ အခါတုိင္း က်ြန္ေတာ္္ကိုယ္ပိုင္စိတ္ကူးနဲ႔ တစ္ခါမွ် မစဥ္စားဖူးတဲ့ စိတ္ကူးအေကာင္းစားေတြကို သူတို႔က က်ြန္ေတာ့္ကိုေပးၾကတယ္။ ေက်းဇူးသိပ္တင္တာပဲလို႔ က်ြန္ေတာ္ေျပာရလိမ့္မယ္။

Read-ခိုင္မာေသာရည္မွန္းထားရွိျခင္းက သင့္ကိုေအာင္ျမင္ေစမွာပါ

တီထြင္ဆန္းသစ္တဲ့လူေတြဆီမွာ က်ြန္ေတာ္အႏွစ္သက္ဆံုးအရာေတြထဲက တစ္ခုကသူတို႔စိတ္ကူးေတြကို ခ်စ္ျမတ္ႏုိးၾကတယ္။ စိတ္ကူးေတြကို သူတို႔ဆီကေန တစ္ခုၿပီးတစ္ခု အၿမဲလိုလို ထြက္ထြက္လာတတ္ ၾကတာ ပဲျဖစ္တယ္။ သူတို႔က စိတ္ကူေတြသူမ်ားကို ပိုေပးေလ၊စိတ္ကူးအသစ္ေတြသူတုိဆီမွာ ပိုရွိရွိလာေလေလ ျဖစ္ၾကတယ္။ တီထြင္ဆန္းသစ္မွဳနဲ႔ ရက္ေရာမွဳေတြဟာ ကုိင္းက်ြန္းမွီ၊ က်ြန္းကိုင္းမွီေတြပါ။ က်ြန္ေတာ္႔စိတ္ကူး ေတြကို အျခားသူေဆြနဲ့မွ်ေ၀ေပးဖို႔ က်ြန္ေတာ့္အေနနဲ႔ မတြန္႔ဆုတ္တာဟာ အဲဒါေတြေၾကာင့္ ျဖစ္ပါတယ္။

စိတ္ကူးေတြ မကုန္ခမ္းခင္ အခ်ိန္ေတြက အရင္ကုန္ခမ္းသြားလိမ့္မယ္လုိ႔ က်ြန္ေတာ္အခိုင္အမာယံုၾကည္တယ္။ အဲဒါေတြကို ကိုယ္အတြင္းထဲမွာ ၿမံဳထားမယ့္အစား တစ္ခုခုကို ေပးပစ္လုိက္ၿပီး အျခားသူတစ္ဦးဦးရဲ႕ ေအာင္ျမင္ မွဳကို ပံ႔ပိုးေပးတာက ပိုေကာင္းပါတယ္။

တီထြင္ဖန္တီးတတ္တဲ့သူေတြကုိ ကု္ယ့္အနားမွာ၀န္းရံပါ။ သူတို႔ရဲ့စိတ္ကူးေတြကုိ ကိုယ္႔ဖန္တီးမွဳေတြထဲ စီး၀င္သက္ေရာက္ပါေစ။

Source; Democracy

Unicode Verison

စိတ်ကူးတစ်ခုက ဘာတွေတန်သလဲ။ ဘယ်ထုတ်ကုန်ပစ္စည်းပဲဖြစ်ဖြစ် စိတ်ကူးကနေစကြရတာပါ။ ဘယ်ဝန်ဆောင်မှု ဖြစ်ဖြစ်စိတ်ကူးကနေစကြရတာပါ။ စီးပွားရေးလုပ်ငန်းတိုင်း၊ စာအုပ်တွေရေးသား ထုတ်ဝေတိုင်း၊ တီထွင်ဖန်တီးမှု အသစ်တိုင်းဟာ စိတိ်ကူးကနေစကြရတပဲဖြစ်တယ်။ ကမ္ဘာကြီးကို ရှေ့သို့ တက်လှမ်းစေတာလည်း ဒီစိတ်ကူးတွေပါ။ အဲဒါကြောင့် လူတွေက ကိုယ့်ကိုစိတ်ကူးအကြံအဉာဏ်ပေးလာရင် သူတို့ကို လက်ဆာင်အကောင်းစား ပြန်ပေးလိုက်ပါ။
စာအုပ်တွေရေးရတာကို ကျွန်တော်နှစ်သက်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကျွန်တော့်ကို စိတ်ကူးအကြံဉာဏ်ကောင်းတွေရအောင် ဆွဲခေါ်သွားနိုင်လို့ပါပဲ။ ကျွန်တော်စိတ်ပြင်းပြင်းပြပြနဲ့ကို သင်ပေး ချင်တဲ့ အယူအဆ တစ်ခုနဲ့ စားရေးတဲ့လုပ်ငန်းစဉ်ကို စတင်ရတယ်။ ကျွန်တော့်မှာရှိတဲ့ စိတ်ကူးအချို့ကို စာရွက်ပေါ်ချရေးတယ်။ တီထွင်ဆန်းသစ်တဲ့ အတွေးအခေါ်သမားအုပ်စုတစ်စုကို ကျွန်တော့်ကို ကူပေးဖို့ ခေါ်တယ်။ သူတို့က ကျွန်တော့်ကို အယူအဆစမ်းသပ်ရာမှာ စိတ်ကူးတွေကို အကြိတ်အနယ်စဉ်းစားရမှာ။ ပြီးတော့ လိုရင်းအချက်တွေကို ရွေးထုတ်ရာမှာ ကူညီပေးကြပါတယ်။ ဒါတွေကို ကျွန်တော်တို့လုပ်ပြီးတဲ့ အခါတိုင်း ကျွန်တော််ကိုယ်ပိုင်စိတ်ကူးနဲ့ တစ်ခါမျှ မစဉ်စားဖူးတဲ့ စိတ်ကူးအကောင်းစားတွေကို သူတို့က ကျွန်တော့်ကိုပေးကြတယ်။ ကျေးဇူးသိပ်တင်တာပဲလို့ ကျွန်တော်ပြောရလိမ့်မယ်။
တီထွင်ဆန်းသစ်တဲ့လူတွေဆီမှာ ကျွန်တော်အနှစ်သက်ဆုံးအရာတွေထဲက တစ်ခုကသူတို့စိတ်ကူးတွေကို ချစ်မြတ်နိုးကြတယ်။ စိတ်ကူးတွေကို သူတို့ဆီကနေ တစ်ခုပြီးတစ်ခု အမြဲလိုလို ထွက်ထွက်လာတတ် ကြတာ ပဲဖြစ်တယ်။ သူတို့က စိတ်ကူတွေသူများကို ပိုပေးလေ၊စိတ်ကူးအသစ်တွေသူတိုဆီမှာ ပိုရှိရှိလာလေလေ ဖြစ်ကြတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ရက်ရောမှုတွေဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီတွေပါ။ ကျွန်တော့်စိတ်ကူး တွေကို အခြားသူဆွေနဲ့မျှဝေပေးဖို့ ကျွန်တော့်အနေနဲ့ မတွန့်ဆုတ်တာဟာ အဲဒါတွေကြောင့် ဖြစ်ပါတယ်။
စိတ်ကူးတွေ မကုန်ခမ်းခင် အချိန်တွေက အရင်ကုန်ခမ်းသွားလိမ့်မယ်လို့ ကျွန်တော်အခိုင်အမာယုံကြည်တယ်။ အဲဒါတွေကို ကိုယ်အတွင်းထဲမှာ မြုံထားမယ့်အစား တစ်ခုခုကို ပေးပစ်လိုက်ပြီး အခြားသူတစ်ဦးဦးရဲ့ အောင်မြင် မှုကို ပံ့ပိုးပေးတာက ပိုကောင်းပါတယ်။
တီထွင်ဖန်တီးတတ်တဲ့သူတွေကို ကု်ယ့်အနားမှာဝန်းရံပါ။ သူတို့ရဲ့စိတ်ကူးတွေကို ကိုယ့်ဖန်တီးမှုတွေထဲ စီးဝင်သက်ရောက်ပါစေ။
Source; Democracy

Read times
Rate this item
(0 votes)