-->
×

Warning

JUser: :_load: Unable to load user with ID: 29


သတိေမ့တတ္တဲ႔သူေတြ မွတ္ဥာဏ္ေကာင္းလာေအာင္ ဘယ္လိုေနထိုင္မလဲ?

သတိေမ့တတ္တဲ႔သူေတြ မွတ္ဥာဏ္ေကာင္းလာေအာင္ ဘယ္လိုေနထိုင္မလဲ? google.com

အသက္အရြယ္ ၾကီးလာတာနဲ႔ အမွ် ဦးေနွာက္စြမ္းေဆာင္ရည္ေတြ ေလ်ာ့က်လာတတ္ပါတယ္။

အခ်ိန္ၾကာလာတာနဲ႔အမ်ွ အာရံုစုိက္နိုင္စြမ္းေတြ ေလ်ာ့နည္းလာျပီး အေၾကာင္းအရာတစ္ခုကို လြယ္လြယ္နဲ႔ မမွတ္မိၾကေတာ့ပါဘူး။ ဒါေၾကာင့္ မွတ္ဥာဏ္စြမ္းရည္ကို ျမွင့္တင္ေပးမယ့္ ေလ့က်င့္ခန္းေတြနဲ႔ ေနထိုင္မွဳ ပံုစံေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


၁။ ညဘက္ေတြမွာ အိပ္ေရးဝေအာင္အိ္ပ္ပါ။

အိပ္ေရးဝေနမွသာ ဦးေနွာက္က မွတ္ဥာဏ္ေတြကို ပိုမိုခိုင္မာေအာင္ လုပ္ေဆာင္နိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ တစ္ရက္ကို အနညး္ဆံုး ၈ နာရီခန္႔ အိပ္စက္ေပးသင့္ပါတယ္။


၂။ အေျပးေလ့က်င့္ခန္းကို ေျဖးေျဖးနဲ႔မွန္မွန္ ေလ့က်င့္ပါ။

ေလ့က်င့္ခန္းလုပ္တာဟာ သင့္ကိုယ္ခႏၶာတစ္ခုလံုးသာမက ၊ နွလံုးက်န္းမာေရးကိုလည္းေကာင္းမြန္ေစပါတယ္။

ဦးေနွာက္အတြင္း ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။ အေျပးေလ့က်င့္ခန္းအျပင္ ၊စက္ဘီးစီးျခင္း၊ ေရကူးျခင္းအစရွိတဲ႔ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္နိုင္ပါတယ္။

တစ္ရက္ကို မိနစ္ (၄၀) ခန္႔ ေလ့က်င့္ခန္းလုပ္ေပးသင့္ပါတယ္။


၃။ အလုပ္နွစ္ခု တစ္ျပိဳင္တည္းလုပ္ေဆာင္ျခင္းကို တတ္နုိင္သမွ် ေရွာင္ၾကဥ္ပါ။

အလုပ္အမ်ားၾကီးကို တစ္ျပိဳင္တည္းလုပ္ေဆာင္ေနတာဟာ ဦးေနွာက္အတြက္ မေကာင္းသလို အာရံု စိုက္နိုင္စြမ္းကိုလည္း ေလ်ာ့က်ေစပါတယ္။မွတ္ဥာဏ္ေတြလည္း ဆံုးရံႈးေစတာေၾကာင့္ တစ္စံုတစ္ခုကို အာရံုစိုက္ေနရင္ ေနာက္အလုပ္တစ္ခုကို တစ္ျပိဳင္နက္္ မလုပ္တာ အေကာင္းဆံုးပါပဲ။


၄။ အာဟာရ ျပည့္ဝတဲ႔ အစားအစာေတြကို စားသံုးပါ။

ဦးေနွာက္က ဆဲလ္အသစ္ေတြ ဖြံ႕ျဖိဳးလာဖို႔အတြက္ အာဟာရက အလြန္အေရးၾကီးပါတယ္။

လူေတြ ေန႔စဥ္စားသံုးတဲ႔ အာဟာရရဲ႕ ၂၅ % ခန္႔ကို ဦးေနွာက္ က သံုးစြဲတာျဖစ္လို႔ အာဟာရျပည့္မွီတဲ႔ အစားအစာေတြကို ပံုမွန္ စားသံုးေပးသင့္ပါတယ္။

Read Article-မိမိရဲ႕မွတ္ဥာဏ္စြမ္းအားေလ်ာ့က်မွဳေၾကာင့္အလုပ္ကိုထိခိုက္ေနၿပီလား


၅။ တရားထိုင္ၾကည့္ပါ။

ပံုမွန္တရားထုိင္ေပးျခင္းက မွတ္ဥာဏ္စြမ္းရည္ကို မ်ားစြာတိုးတက္ေစတယ္လို႔ ပညာရွင္ေတြက ဆိုထားပါတယ္။

ေန႔စဥ္ ျမင္သမွ်၊ ၾကားသမွ် အရာအားလံုးကို ဦးေနွာက္က အလိုအေလ်ာက္ သိမ္းဆည္းထားတာျဖစ္ပါတယ္။

အဲဒိအေၾကာင္းအရာေတြကို လိုအပ္တဲ႔ အခ်ိန္မွာ ျပန္လည္မွတ္မိေအာင္ တရားထိုင္ျခင္းက အကူအညီေပးပါလိမ့္မယ္။တရားထိုင္ေပးျခင္းဟာ အာရံုစိုက္နိုင္စြမ္းကိုလည္း ျမွင့္တင္ေပးမွာျဖစ္ပါတယ္။



Credit; လင္းလင္းေမာင္

Unicode Version

အသက်အရွယ် ကြီးလာတာနဲ့ အမျှ ဦးနှောက်စွမ်းဆောင်ရည်တွေ လျော့ကျလာတတ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အာရုံစိုက်နိုင်စွမ်းတွေ လျော့နည်းလာပြီး အကြောင်းအရာတစ်ခုကို လွယ်လွယ်နဲ့ မမှတ်မိကြတော့ပါဘူး။ ဒါကြောင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းတွေနဲ့ နေထိုင်မှု ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ညဘက်တွေမှာ အိပ်ရေးဝအောင်အိ်ပ်ပါ။
အိပ်ရေးဝနေမှသာ ဦးနှောက်က မှတ်ဉာဏ်တွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် တစ်ရက်ကို အနညး်ဆုံး ၈ နာရီခန့် အိပ်စက်ပေးသင့်ပါတယ်။

၂။ အပြေးလေ့ကျင့်ခန်းကို ဖြေးဖြေးနဲ့မှန်မှန် လေ့ကျင့်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးသာမက ၊ နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။
ဦးနှောက်အတွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ အပြေးလေ့ကျင့်ခန်းအပြင် ၊စက်ဘီးစီးခြင်း၊ ရေကူးခြင်းအစရှိတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်ပါတယ်။
တစ်ရက်ကို မိနစ် (၄၀) ခန့် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

၃။ အလုပ်နှစ်ခု တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်ဆောင်နေတာဟာ ဦးနှောက်အတွက် မကောင်းသလို အာရုံ စိုက်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။မှတ်ဉာဏ်တွေလည်း ဆုံးရှုံးစေတာကြောင့် တစ်စုံတစ်ခုကို အာရုံစိုက်နေရင် နောက်အလုပ်တစ်ခုကို တစ်ပြိုင်နက်် မလုပ်တာ အကောင်းဆုံးပါပဲ။

၄။ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
ဦးနှောက်က ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာဖို့အတွက် အာဟာရက အလွန်အရေးကြီးပါတယ်။
လူတွေ နေ့စဉ်စားသုံးတဲ့ အာဟာရရဲ့ ၂၅ % ခန့်ကို ဦးနှောက် က သုံးစွဲတာဖြစ်လို့ အာဟာရပြည့်မှီတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

၅။ တရားထိုင်ကြည့်ပါ။
ပုံမှန်တရားထိုင်ပေးခြင်းက မှတ်ဉာဏ်စွမ်းရည်ကို များစွာတိုးတက်စေတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။
နေ့စဉ် မြင်သမျှ၊ ကြားသမျှ အရာအားလုံးကို ဦးနှောက်က အလိုအလျောက် သိမ်းဆည်းထားတာဖြစ်ပါတယ်။
အဲဒိအကြောင်းအရာတွေကို လိုအပ်တဲ့ အချိန်မှာ ပြန်လည်မှတ်မိအောင် တရားထိုင်ခြင်းက အကူအညီပေးပါလိမ့်မယ်။တရားထိုင်ပေးခြင်းဟာ အာရုံစိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမှာဖြစ်ပါတယ်။


Credit; လင်းလင်းမောင်

Read times
Rate this item
(0 votes)