-->
×

Warning

JUser: :_load: Unable to load user with ID: 29


၁၄နှစ်နဲ့ လေယာဉ်ပျံကို တီထွင်ခဲ့သူ (သို့) ၂၁ရာစု အိုင်းစတိုင်းလို့ ခိုင်းနှိုင်းခံရတဲ့ကောင်မလေး

၁၄နှစ်နဲ့ လေယာဉ်ပျံကို တီထွင်ခဲ့သူ (သို့) ၂၁ရာစု အိုင်းစတိုင်းလို့ ခိုင်းနှိုင်းခံရတဲ့ကောင်မလေး google.com

သူမရဲ့ နာမည်အပြည့်အစုံက Sabrina Gonzalez Pasterski ဖြစ်ပြီး အမေရိကန် ချီကာဂိုက ရူပဗေဒပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပဗေဒ ပညာရှင်ဖြစ်ပေမယ့်လို့ သူမရဲ့အသက်ဟာ ၂၃နှစ်သာ ရှိပါသေးတယ်။ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်(MIT) မှာ မာစတာဘွဲ့ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပါရဂူဘွဲ့သင်တန်းကို တက်ရောက်နေပါတယ်။ သူမရဲ့ ဘ၀အကြောင်းကို နည်းနည်းလောက် ကြည့်လိုက်ရအောင်..

၁၉၉၃ခုနှစ်ဖွား သူမရဲ့ ဖခင်ဟာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဓိကပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၅နှစ်အရွယ်တည်းက Edison Regional Gifted Center ဆိုတဲ့ ပင်ကိုယ်ဖန်တီးမှုစင်တာတစ်ခုမှာ တက်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက လေယာဉ်ပျံကို စိတ်ဝင်စားတဲ့သူမဟာ ၁၀နှစ်သမီးမှာ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကိုတက်ရောက်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ အကူလေယာဉ်မှူးအဖြစ်မောင်းနှင်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာတော့ ကိုယ်ပိုင်လေယာဉ်ကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာတော့ သူမရဲ့လေယာဉ်ကို မီချီကန်ရေကန်ပေါ်ကနေဖြတ်သန်းပြီး ကိုယ်တိုင်မောင်းပြခဲ့ပါတယ်။ အဲဒီအချိန်က သူမရဲ့အသက်ဟာ ၁၆နှစ်ကျော်သာ ရှိသေးတာကြောင့် အသက်အငယ်ဆုံး ကိုယ်ပိုင်တည်ဆောက်ထားတဲ့ လေယာဉ်နဲ့မောင်းနှင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ပျံသန်းမှုအပြီးမှာ Illinois တက္ကသိုလ်က စီမံခန့်ခွဲမှု အတွင်းရေးမှူး Peggy Udden က “ဒီဖြစ်ရပ်ကို ကျွန်တော်လုံးဝမယုံနိုင်ဘူးဖြစ်နေတယ် ၊ လေယာဉ်ကို ယောင်္ကျားလေးအများစုကသာ စိတ်ဝင်စားတာ ဖြစ်တယ်၊ ပြီးတော့သူမရဲ့အသက်ဟာ ငယ်ရွယ်လွန်းနေတယ် ၊ ကျွန်တော်မယုံနိုင်အောင်ကို သူမက တော်လွန်းနေပါတယ်” လို့ ချီးကျူးစကားဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ချီးကျူးခြင်းကိုခံရသလို ၊ Blue Origin လေယာဉ်ကုမ္ပဏီ နဲ့ ကမ္ဘာကျော်နာဆာအဖွဲ့အစည်းတွေရဲ့ အလုပ်ခေါ်စာတွေကိုပါ လက်ခံရရှိ ခဲ့ပါတယ်။ Illinois တက္ကသိုလ်မှာ သင်္ချာသိပ္ပံအကယ်ဒမီဘွဲ့ရခဲ့ပြီး အဲဒီအချိန်မှာ သူမရဲ့အသက်ဟာ ၁၇နှစ်သာ ရှိပါသေးတယ်။

Related Articles-မိသားစု စီးပွားရေးကို အပြောင်းအလဲပြုလုပ်ခဲ့သူ

အဲဒီနောက်တော့ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှာ တက်ဖို့စောင့်ဆိုင်းခဲ့ပြီး တီထွင်မှု လေ့လာမှုတွေကို အဆက်မပြတ်ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့် မန်ဆာချူးဆက်တက္ကသိုလ်က ခေါင်းဆောင် တွေဟာ သူမရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာတော့ သူမရဲ့စွမ်းရည်ကို သဘောကျသွားပြီး သူမဟာ မစောင့်ဆိုင်း ရတော့ တိုက်ရိုက်ဝင်ခွင့်ရရှိသွားပါတယ်။ အသက်ငယ်လွန်းပေမယ့် သင်ယူခဲ့တဲ့ ၃နှစ်အတွင်းမှာ သူမဟာ ထိပ်ဆုံးနေရာကချည်းအောင် မြင်ခဲ့ပါတယ်။ MIT ကနေ မာစတာဘွဲ့ရအပြီးမှာတော့ ပါရဂူဘွဲ့ကိုရယူဖို့ ဟားဗတ်တက္ကသိုလ်မှာ ဆက်တက်ခဲ့ပါတယ်။

သူမရဲ့ အိပ်မက်ကတော့ အင်္ဂါဂြိုဟ်ကို လူလွှတ်ဖို့ အာကာသယာဉ်တစ်စီးတီထွင်ချင်တာပါတဲ့။ ဒါကြောင့်လည်း သူမဟာ ပျံသန်းခြင်းဆိုင်ရာအပြင် အာကာသနဲ့ ရူပဗေဒပညာရပ် သင်္ချာပညာရပ်တွေကို အထူးလေ့လာနေခြင်း ဖြစ်တယ် လို့ သူမက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်ကလည်း ထူးချွန်လွန်းတဲ့သူမကို ၂၁ရာစုအိုင်းစတိုင်း ဖြစ်နိုင်ဖွယ်ရှိတဲ့လို့ ကြေငြာထားကာ လိုအပ်တဲ့အကူအညီပေးနေပြီး သုတေသနအတွက် လိုသမျှ ငွေထုတ် ပေးထားပါတယ်။ ဒါအပြင် စာတမ်းကို သူမနှစ်သက်ရာအကြောင်းအရာကို စိတ်ကြိုက် ဖန်တီးခွင့် ပေးထားပါတယ်။ သူမကတော့ အာကာသနဲ့ အချိန် ၊ အာကာသတွင်းနက်များ၊ ကွမ်တမ် ဆွဲအားများ အကြောင်းကို စာတမ်းပြုစုနေပြီး သူမရဲ့စာတမ်းကိုစစ်မယ့်သူက ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းဖြစ်ပါတယ်။

တော်ရုံပညာရှင်တစ်ယောက် မလုပ်နိုင်တဲ့အရာတွေကို အသက်ငယ်ငယ်မိန်းကလေးတစ်ယောက်က ပြုလုပ်ပြသွားတာဟာ အမျိုးသမီးထုအတွက်တော့ ဂုဏ်ယူစရာပါပဲ။ သူမရဲ့ မူရင်းအမည် Pasterski ဆိုတာထက် သူမကို ရူပဗေဒမိန်းကလေး(Physics Girl ) လို့လူသိများပါတယ်။ သူမကိုယ်တိုင်လည်း Physics Girl လို့အမည်ပေးထားတဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာ သူမရဲ့ စူးစမ်းလေ့လာမှု နဲ့ လုပ်ဆောင်ချက်တွေကို အခြားသူများလေ့လာနိုင်ဖို့ မျှဝေပေးထားပါတယ်။ သူမရဲ့ ထူးချွန်လွန်းခြင်း နဲ့ တက်တက်ကြွကြွနဲ့ အလုပ်တွေအဆက်မပြတ်လုပ်နိုင်ခြင်း တို့ရဲလျို့ဝှက်ချက်ကိုမေးကြည့်တဲ့အခါ သူမက ရိုးရိုးရှင်းရှင်းလေးပဲဖြေပါတယ်။
“ကျွန်မမှာ ဘာလျို့ဝှက်ချက်မှမရှိပါဘူး။ ကျွန်မငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတာပါ။ အဲဒီအတွက် ဘယ်အခက်အခဲမဆို ရင်ဆိုင်သွားဖို့အသင့်ပါ။ အိပ်မက်တွေကို မဖြစ်ဖြစ်အောင် ဖန်တီးဖို့အခုလို မရပ်မနား ကြိုးစားနေတာပါ”

အရွယ်နဲ့မမျှအောင်ရခဲ့တဲ့ သူမရဲ့ထူးချွန်ဆု နဲ့ ချီးကျူးဂုဏ်ပြုခံရမှုတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
2010, Illinois Aviation Trades Association Industry Achievement Award
2012, Scientific American 30 under 30
2012, Lindau Nobel Laureate Meetings Young Researcher
2013, MIT Physics Department Orloff Scholarship Award
2015, Forbes 30 under 30
2015, Hertz Foundation Fellowship
2017, Forbes 30 under 30 All Star
2017, Marie Claire Genius Award
2017, Silicon Valley Comic Con Headliner

Source; Thutazone

Unicode Version

သူမရဲ့ နာမည်အျပည့်အစုံက Sabrina Gonzalez Pasterskiျဖစ်ပြီး အေမရိကန် ခ်ီကာဂိုက ရူပေဗဒပညာရွင် တစ်ယောက္ပျဲဖစ္ပါတယ်။ ရုပေဗဒ ပညာရွင်ျဖစ်ပေမယ့်လို့ သူမရဲ့အသက်ဟာ ၂၃နွစ်သာ ရွိပါသေးတယ်။ သူမဟာ မန္ဆာခ်ူးဆက္နည်းပညာတက္ကသိုလ်(MIT) မွာ မာစတာဘြဲ့ရခဲ့ပြီး လက်ရွိအခိန္မွာတော့ ကမ္ဘာကော်် ဟားဗတ္တက္ကသိုလ္မွာ ပါရဂူဘြဲ့သင္တန်းကို တက်ရောက်နေပါတယ်။ သူမရဲ့ ဘ၀အေကြာင်းကို နည်းနည်းလောက် ကြည့်လိုက်ေရအာင်..
၁၉၉၃ခုနွစ္ဖြား သူမရဲ့ ဖခင်ဟာ လ်ွပ္စစ်အင္ဂ်င္နီယာတစ်ယောက်ျဖစ်ပြီး သူမရဲ့ အိပ္မက်တြေကို အေကာင်အထည်ဖ္ဖောို့ အဓိကပံ့ပိုးပေးခဲ့သူတစ်ဦျးဖစ္ပါတယ်။ သူမဟာ ၅နွစ်အရြယ္တည်းက Edison Regional Gifted Center ဆိုတဲ့ ပင္ကိုယ္ဖန္တီးမှုစင္တာတစ္ခုမွာ တက်ရောက္ခဲ့ပါတယ်။ ငယ္စဥ္ကတည်းက လေယာဉ္ပ်ံကို စိတ်ဝင္စားတဲ့သူမဟာ ၁၀နွစ်သမီးမွာ လေယာဉ်မောင်းနွင်ျခင်း သင္တန်းကိုတက်ရောက္ခဲ့ပြီး ၂၀၀၅ခုနွစ္မွာတော့ အကူလေယာဥ္မွူးအျဖစ်မောင်းနွင္ခဲ့ပါတယ်။ ၂၀၀၆ခုနွစ္မွာတော့ ကိုယ္ပိုင်လေယာဥ္ကို စတင္တည်ဆောက္ခဲ့ပြီး ၂၀၀၉ခုနွစ္မွာတော့ သူမရဲ့လေယာဥ္ကို မီခ်ီကန်ရေကန်ပေါ်ကေနျဖတ်သန်းပြီး ကိုယ္တိုင်မောင်ျးပခဲ့ပါတယ်။ အဲဒီအခိန္က သူမရဲ့အသက်ဟာ ၁၆နွစ်ကော််သာ ရွိသေးတာကြောင့် အသက်အငယ္ဆုံး ကိုယ္ပိုင္တည်ဆောက္ထားတဲ့ လေယာဥ္နဲ့မောင်းနွင်သူအျဖစ် မွတ္တမ်းဝင္ခဲ့ပါတယ်။ သူမရဲ့ပ်ံသန်းမှုအပြီးမွာ Illinois တက္ကသိုလ္က စီမံခန့်ခြဲမှု အတြင်းရေးမွူး Peggy Udden က “ဒျီဖစ်ရပ္ကို က်ြန်တ္လောုံးဝမယုံနိုင္ဘူျးဖစ်နေတယ် ၊ လေယာဥ္ကို ယောက်င်္ားလေးအမ်ားစုကသာ စိတ်ဝင္စားတျာဖစ္တယ်၊ျပီးတော့သူမရဲ့အသက်ဟာ ငယ်ြရယ္လြန်းနေတယ် ၊ က်ြန်တ္မောယုံနိုင်အောင္ကို သူမက တော်လြန်းနေပါတယ်” လို့ ခ်ီးက်ူးစကားဆိုပါတယ်။ အေမရိကန်အစိုးရရဲ့ခ်ီးက်ူျးခင်းကိုခံရသလို ၊ Blue Origin လေယာဥ္ကုမ္ပဏီ နဲ့ ကမ္ဘာကေ်္နာာဆာအဖြဲ့အစည်းတြေရဲ့ အလုပ်ခေါ်စာတြေကိုပါ လက္ခံရရွိ ခဲ့ပါတယ်။ Illinois တက္ကသိုလ္မွာ သင်္ခ်ာသိပ္ပံအကယ္ဒမီဘြဲ့ရခဲ့ပြီး အဲဒီအခိန္မွာ သူမရဲ့အသက်ဟာ ၁၇နွစ်သာ ရွိပါသေးတယ်။
အဲဒီနောက်တော့ သူမဟာ မန္ဆာခ်ူးဆက္နည်းပညာတက္ကသိုလ္မွာ တက္ဖို့စောင့်ဆိုင်းခဲ့ပြီး တီထြင္မှု လေ့လာမွုတြေကို အဆက္မျပတ်ျပုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့် မန္ဆာခ်ူးဆက္တက္ကသိုလ္က ခေါင်းဆောင် တြေဟာ သူမရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမွာတော့ သူမရဲ့စြမ်းရည္ကို သေဘာက်သြားပြီး သူမဟာ မေစာင့်ဆိုင်း ရေတာ့ တိုက်ရိုက်ဝင္ခြင့်ရရွိသြားပါတယ်။ အသက်ငယ္လြန်းပေမယ့် သင်ယူခဲ့တဲ့ ၃နွစ်အတြင်းမွာ သူမဟာ ထိပ္ဆုံးနေရာကခ်ည်းအောင်ျမင္ခဲ့ပါတယ်။ MIT ကေန မာစတာဘြဲ့ရအပြီးမွာတော့ ပါရဂူဘြဲ့ကိုရယူဖို့ ဟားဗတ္တက္ကသိုလ္မွာ ဆက္တက္ခဲ့ပါတယ်။
သူမရဲ့ အိပ္မက္ကေတာ့ အင်္ဂါဂြိုဟ္ကို လူလွှတ္ဖို့ အာကာသယာဥ္တစ္စီးတီထြင္ခ်င္တာပါတဲ့။ ဒါကြောင့်လည်း သူမဟာ ပ်ံသန်ျးခင်းဆိုင်ရာအျပင် အာကာသနဲ့ ရူပေဗဒပညာရပ် သင်္ခ်ာပညာရပ်တြေကို အထူးလေ့လာနျေခင်ျးဖစ္တယ် လို့ သူမက ဆိုပါတယ်။ ဟားဗတ္တက္ကသိုလ္ကလည်း ထူးခ်ြန္လြန်းတဲ့သူမကို ၂၁ရာစုအိုင်းစတိုင်ျးဖစ်နိုင္ဖြယ်ရွိတဲ့လို့ ကျြေငာထားကာ လိုအပ္တဲ့အကူအညီပေးနေပြီး သုတေသနအတြက် လိုသမွ် ငြေထုတ် ပေးထားပါတယ်။ ဒါအျပင် စာတမ်းကို သူမနွစ်သက်ရာအေကြာင်းအရာကို စိတ်ကြိုက် ဖန္တီးခြင့် ပေးထားပါတယ်။ သူမကေတာ့ အာကာသနဲ့ အခိန် ၊ အာကာသတြင်းနက္မ်ား၊ ကြမ္တမ် ဆြဲအားမ်ား အေကြာင်းကို စာတမ်ျးပုစုနေပြီး သူမရဲ့စာတမ်းကိုစစ္မယ့်သူက ကမ္ဘာကော််သိပ္ပံပညာရွင်ကြီး စတီဗင်ဟော့ကင်ျးဖစ္ပါတယ်။
တော်ရုံပညာရွင္တစ်ယောက် မလုပ်နိုင္တဲ့အရာတြေကို အသက်ငယ်ငယ္မိန်းကေလးတစ်ယောက္ကျပုလုပ်ျပသြားတာဟာ အမိုးသမီးထုအတြက်တော့ ဂုဏ်ယူစရာပါပဲ။ သူမရဲ့ မူရင်းအမည် Pasterski ဆိုတာထက် သူမကို ရူပေဗဒမိန်းကေလး(Physics Girl ) လို့လူသိမ်ားပါတယ်။ သူမကိုယ္တိုင္လည်း Physics Girl လို့အမည်ပေးထားတဲ့ကိုယ္ပိုင်ဝဘ္ဆိုဒ္မွာ သူမရဲ့ စူးစမ်းလေ့လာမှု နဲ့ လုပ်ဆောင္ခ်က်တြေကို အျခားသူမ်ားလေ့လာနိုင္ဖို့ မ်ွဝေပေးထားပါတယ်။ သူမရဲ့ ထူးခ်ြန္လြန်ျးခင်း နဲ့ တက္တက်ကြကြနဲ့ အလုပ်တြေအဆက္မျပတ္လုပ်နိုင်ျခင်း တို့ရဲလို့ဝွက္ခ်က္ကိုမေးကြည့်တဲ့အခါ သူမက ရိုးရိုးရွင်းရွင်းလေးပျဲေဖပါတယ်။
“က်ြန္မမွာ ဘာလို့ဝွက္ခ်က္မွမရွိပါဘူး။ က်ြန္မငယ္စဥ္ကတည်းက မက္ခဲ့တဲ့ အိပ္မက်တြေကို အေကာင်အထည်ဖော်နေတာပါ။ အဲဒီအတြက် ဘယ်အခက်အခဲမဆို ရင္ဆိုင်ြသားဖို့အသင့်ပါ။ အိပ္မက်တြေကို မျဖစ်ျဖစ်အောင် ဖန္တီးဖို့အခုလို မရပ္မနား ကြိုးစားနေတာပါ”
အရြယ္နဲ့မမ်ွအောင်ရခဲ့တဲ့ သူမရဲ့ထူးခ်ြန္ဆု နဲ့ ခ်ီးက်ူးဂုဏ်ျပုခံရမှုတြေက အောက္ပါအတိုင်ျးဖစ္ပါတယ်။
2010, Illinois Aviation Trades Association Industry Achievement Award
2012, Scientific American 30 under 30
2012, Lindau Nobel Laureate Meetings Young Researcher
2013, MIT Physics Department Orloff Scholarship Award
2015, Forbes 30 under 30
2015, Hertz Foundation Fellowship
2017, Forbes 30 under 30 All Star
2017, Marie Claire Genius Award
2017, Silicon Valley Comic Con Headliner
Source; Thutazone

Read times
Rate this item
(1 Vote)