-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေတြဟာ အမ်ားအားျဖင့္ လူပံုအလယ္မွာစကားေျပာရတာကို ေသမွာထက္ပိုေၾကာက္ၾကသလား?

လူေတြဟာ အမ်ားအားျဖင့္ လူပံုအလယ္မွာစကားေျပာရတာကို ေသမွာထက္ပိုေၾကာက္ၾကသလား? google.com

ေလ့လာမႈေတြရဲ႕အဆိုအရ လူေတြရဲ႕နံပါတ္တစ္ အေၾကာက္ဆံုးအရာမွာ လူပံုအလယ္မွာ စကားေျပာရျခင္း ျဖစ္ျပီး ေသျခင္းကေတာ့နံပါတ္ႏွစ္လို႕ သိရပါတယ္။ ဒါဟာ ပွ်မ္းမွ်လူေတြကို ဆိုလိုတာျဖစ္ၿပီး

Jerry Seinfeld ဆိုတဲ့စိတ္ပညာရွင္က “ မင္းဟာ အသုဘတစ္ခုကို သြားခဲ့ရင္ လူပံုအလယ္မွာ ခ်ီးၾကဴးေထာပနာစကား ေျပာဖို႕ထက္ မင္းကို အေခါင္းထဲမွာပိတ္ထားတာက ပိုေကာင္းေစမွာပါ” လို႕ ဥပမာေလးနဲ႕ေျပာခဲ့ပါတယ္။

သိမႈအမူအက်င့္ သီအိုရီအရ လူပံုအလယ္မွာ မိန္႔ခြန္းကဲ့သို႔ စကားေျပာရမွာ ေၾကာက္ျခင္းကို “Social phobia” စိတ္ပိုင္းဆိုင္ရာ အေၾကာက္တရားအျဖစ္သတ္မွတ္ထားပါတယ္္။လူေတြရဲ႕ အ႐ႈံးေတြကေနတဆင့္ ယင္းအေၾကာက္တရားျဖစ္ေပၚလာႏိုင္သလို ငယ္ရြယ္စဥ္ကတည္းက မ်ိဳးရိုးဗီဇေၾကာင့္လည္းျဖစ္ႏိုင္ေၾကာင္း သုေတသီေတြက ယံုၾကည္ၾကပါတယ္။

တခ်ိဳ႕လူေတြဟာ လူအမ်ားရွိတဲ့ေနရာ၌ သီခ်င္းဆိုျခင္း မိန္႕ခြန္းေျပာျခင္း စတဲ့အျပဳအမူေတြ ျပဳလုပ္ေနတဲ့အခ်ိန္မွာ အာရံုေၾကာခံစားခ်က္၊ စိုးရိမ္ျခင္း၊ အာရံုအလြန္စူးစိုက္ျခင္း၊ အရမ္းထိပ္လန္႕ျခင္းတို႕ ျဖစ္ေပၚလာပါတယ္။ သူူတို႕ဟာ ေျပာမယ့္စကားလံုးေတြကိုု ေမ့ေနတယ္လို႕ထင္ေနၾကၿပီး အာရံုစူးစိုက္မႈ ဆံုးရႈံးရပါတယ္။ ဒါေၾကာင့္ စိုးရိမ္စိတ္လြန္ကဲကာ တုန္လႈပ္ေျခာက္ျခားတဲ့ အျပဳအမူေတြနဲ႕ လႈပ္ရွားမႈေတြဟာ အဆင္မေျပသလို ခံစားရၾကပါတယ္။ ရုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈအေနနဲ႕ သူတိို႕ဟာ အသက္ရႈျမန္လာျခင္း၊ ႏွလံုးခုန္ျမန္လာျခင္း၊ အစာအိမ္ကေအာင့္သလိုခံစားလာရျခင္းတို႕ကို ျဖစ္ေပၚေစပါတယ္။ လူတိုင္းနီးပါး ယခုကဲ့သို႕ လူအမ်ားေရွ႕မွာ စကားေျပာဖို႕ျပင္ဆင္ၾကတဲ့အခါ ယခုလိုမ်ိဳး အနည္းဆံုးတစ္ႀကိမ္ေတာ့ ၾကံဳဖူးၾကမွာပါ။ ၀ါရင့္ေနတဲ့ Speaker ေတာင္မွၾကံဳႏိုင္ပါတယ္္။

Read-စိုးရိမ္လြန္ၿပီး အေတြးမ်ားေနတာကို ဘယ္လုိရပ္တန္႔မလဲ

ဒါေၾကာင့္ၾကံဳေတြ႕ရမယ့္ အခက္အခဲေတြကို ႀကိဳတင္ျပင္ဆင္ၿပီး ဒီလကၡဏာေတြကို မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ ျခင္းျဖင့္ ယင္းအေၾကာက္တရားကို ေျဖေလ်ာ့ႏိုင္ပါလိမ့္မယ္။ သင္လုပ္ႏိုင္သေလာက္ေပါ့။ တကယ္လို႕သင္ဟာ လူထုနဲ႕စကားေျပာတဲ့အခါမွာ ေနာက္ဆံုးသင္ေအာင္ျမင္မွာ မဟုတ္ဖူူးလို႕ ယံုၾကည္လွ်င္ သင္ဟာ စကားေျပာတဲ့အခါမွာ စိုးရိမ္စိတ္ကို ခံစားရပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ကိုကိုယ္ အေလးအနက္ ႀကီးေတြးမေနပါနဲ႕၊ လူတိုင္းဟာ အလုပ္ကိုအေကာင္းဆံုးလုပ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာ သင္အလုပ္ကို အေကာင္းဆံုးလုပ္ဖို႕အတြက္ အခြင့္အေရးသက္သက္မဟုတ္္ပါဘူး။ သင့္ရဲ႕ပရိသတ္ကို ဆြဲေဆာင္ႏိုင္မယ့္ စကားလံုးေတြကိုေရြးခ်ယ္ၿပီး စိတ္ေအးေအးထားၿပီး ႀကိဳတင္ျပင္ဆင္ျခင္းျဖင့္ သင့္အတြက္ပိုမို လြယ္ကူ ေစပါတယ္။

ကိုယ့္ကိုကိုယ္ယံုၾကည္ျခင္းဟာ ကိုယ္ရဲ႕အာရံုေၾကာေတြကို ကိုင္တြယ္ထိန္ခ်ဳပ္ႏိုင္တဲ့ အရည္အခ်င္း တစ္ရပ္ျဖစ္ပါတယ္။ ပထမဆံုးအေတြ႕အၾကံဳမွာတင္ သင့္ရဲ႕အေၾကာက္တရားကို ဖမ္းဆုပ္လိုက္ႏိုင္ၿပီး ပြဲၿပီးသြားလို႕ အေၾကာက္တရားျဖစ္ေပၚလာပံုကိုျပန္လည္ေျပာျပႏိိုင္လွ်င္ သင္ဟာ လူအမ်ားေရွ႕ စကားေျပာရမွာ ေၾကာက္ရြံ႕မႈေလ်ာ့နည္းလာၿပီး ကမၻာႀကီးကို သင့္ရဲ႕အမွာစကားပါးဖို႕ စတင္ႏိုင္ပါၿပီ။

Source-Ginger

Credit to TB_naung_naung

Unicode Version

လေ့လာမှုတွေရဲ့အဆိုအရ လူတွေရဲ့နံပါတ်တစ် အကြောက်ဆုံးအရာမှာ လူပုံအလယ်မှာ စကားပြောရခြင်း ဖြစ်ပြီး သေခြင်းကတော့နံပါတ်နှစ်လို့ သိရပါတယ်။ ဒါဟာ ပျှမ်းမျှလူတွေကို ဆိုလိုတာဖြစ်ပြီး Jerry Seinfeld ဆိုတဲ့စိတ်ပညာရှင်က “ မင်းဟာ အသုဘတစ်ခုကို သွားခဲ့ရင် လူပုံအလယ်မှာ ချီးကြူးထောပနာစကား ပြောဖို့ထက် မင်းကို အခေါင်းထဲမှာပိတ်ထားတာက ပိုကောင်းစေမှာပါ” လို့ ဥပမာလေးနဲ့ပြောခဲ့ပါတယ်။
သိမှုအမူအကျင့် သီအိုရီအရ လူပုံအလယ်မှာ မိန့်ခွန်းကဲ့သို့ စကားပြောရမှာ ကြောက်ခြင်းကို “Social phobia” စိတ်ပိုင်းဆိုင်ရာ အကြောက်တရားအဖြစ်သတ်မှတ်ထားပါတယ််။လူတွေရဲ့ အရှုံးတွေကနေတဆင့် ယင်းအကြောက်တရားဖြစ်ပေါ်လာနိုင်သလို ငယ်ရွယ်စဉ်ကတည်းက မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ကြောင်း သုတေသီတွေက ယုံကြည်ကြပါတယ်။
တချို့လူတွေဟာ လူအများရှိတဲ့နေရာ၌ သီချင်းဆိုခြင်း မိန့်ခွန်းပြောခြင်း စတဲ့အပြုအမူတွေ ပြုလုပ်နေတဲ့အချိန်မှာ အာရုံကြောခံစားချက်၊ စိုးရိမ်ခြင်း၊ အာရုံအလွန်စူးစိုက်ခြင်း၊ အရမ်းထိပ်လန့်ခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ သူူတို့ဟာ ပြောမယ့်စကားလုံးတွေကိုု မေ့နေတယ်လို့ထင်နေကြပြီး အာရုံစူးစိုက်မှု ဆုံးရှုံးရပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲကာ တုန်လှုပ်ခြောက်ခြားတဲ့ အပြုအမူတွေနဲ့ လှုပ်ရှားမှုတွေဟာ အဆင်မပြေသလို ခံစားရကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအနေနဲ့ သူတိို့ဟာ အသက်ရှုမြန်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ အစာအိမ်ကအောင့်သလိုခံစားလာရခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ လူတိုင်းနီးပါး ယခုကဲ့သို့ လူအများရှေ့မှာ စကားပြောဖို့ပြင်ဆင်ကြတဲ့အခါ ယခုလိုမျိုး အနည်းဆုံးတစ်ကြိမ်တော့ ကြုံဖူးကြမှာပါ။ ၀ါရင့်နေတဲ့ Speaker တောင်မှကြံုနိုင်ပါတယ််။
ဒါကြောင့်ကြံုတွေ့ရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ပြီး ဒီလက္ခဏာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ် ခြင်းဖြင့် ယင်းအကြောက်တရားကို ဖြေလျော့နိုင်ပါလိမ့်မယ်။ သင်လုပ်နိုင်သလောက်ပေါ့။ တကယ်လို့သင်ဟာ လူထုနဲ့စကားပြောတဲ့အခါမှာ နောက်ဆုံးသင်အောင်မြင်မှာ မဟုတ်ဖူူးလို့ ယုံကြည်လျှင် သင်ဟာ စကားပြောတဲ့အခါမှာ စိုးရိမ်စိတ်ကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အလေးအနက် ကြီးတွေးမနေပါနဲ့၊ လူတိုင်းဟာ အလုပ်ကိုအကောင်းဆုံးလုပ်ချင်ကြပါတယ်။ ဒါပေမယ့် ဒါဟာ သင်အလုပ်ကို အကောင်းဆုံးလုပ်ဖို့အတွက် အခွင့်အရေးသက်သက်မဟုတ််ပါဘူး။ သင့်ရဲ့ပရိသတ်ကို ဆွဲဆောင်နိုင်မယ့် စကားလုံးတွေကိုရွေးချယ်ပြီး စိတ်အေးအေးထားပြီး ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင့်အတွက်ပိုမို လွယ်ကူ စေပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းဟာ ကိုယ်ရဲ့အာရုံကြောတွေကို ကိုင်တွယ်ထိန်ချုပ်နိုင်တဲ့ အရည်အချင်း တစ်ရပ်ဖြစ်ပါတယ်။ ပထမဆုံးအတွေ့အကြံုမှာတင် သင့်ရဲ့အကြောက်တရားကို ဖမ်းဆုပ်လိုက်နိုင်ပြီး ပွဲပြီးသွားလို့ အကြောက်တရားဖြစ်ပေါ်လာပုံကိုပြန်လည်ပြောပြနိိုင်လျှင် သင်ဟာ လူအများရှေ့ စကားပြောရမှာ ကြောက်ရွံ့မှုလျော့နည်းလာပြီး ကမ္ဘာကြီးကို သင့်ရဲ့အမှာစကားပါးဖို့ စတင်နိုင်ပါပြီ။
Source-Ginger
Credit to TB_naung_naung

Read times
Rate this item
(1 Vote)