-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသက္၃၀မွာ မီလ်ံနာၿဖစ္ေအာင္ဘယ္လိုလုပ္မလဲ

အသက္၃၀မွာ မီလ်ံနာၿဖစ္ေအာင္ဘယ္လိုလုပ္မလဲ google.com

အသက္၃၀မွာမီလ်ံနာၿဖစ္လာဖို႔ဆိုတာဟာ တကယ့္ကိုအခြင့္ထူးၾကီးပါ။ မၿဖစ္ႏိုင္ဘူးလုိ႔ထင္ၾကပါလိမ္႔မယ္။ မၿဖစ္ႏိုင္ဘူးဆိုတာေတာ့မရွိပါဘူး။ တကယ္လုပ္ရင္ၿဖစ္ႏိုင္ပါတယ္။ ေငြကသင့္ကိုခိုင္းေစတဲ႔အၿဖစ္မ်ိဳးမၿဖစ္ေစပဲ သင္ကေငြကိုခိုင္းေစႏိုင္ေအာင္ၾကိဳးစားသင့္ပါတယ္။

ၿမန္မာႏိုင္ငံမွာအလုပ္အကိုင္အခြင့္အလမ္းရွားပါေနေသး ေပမယ့္သိပ္မၾကာခင္မွာအဆင္ေၿပလာႏိုင္မွာပါ။ ႏိုင္ငံၿခားရင္းႏွီးၿမွဳပ္ႏွံမွဳေတြမ်ားၿပားလာေနၿပီၿဖစ္ပါတယ္။ အခြင့္အေရးေတြကိုထိုင္ၾကည့္မေနပဲ ငါလုပ္ႏိုင္မွာမဟုတ္ပါဘူးလို႔မေတြးပဲနဲ႔ အခြင့္အေရးေတြကိုလက္လႊတ္ မခံပါနဲ႔။ ကိုယ္ပိုင္လုပ္ငန္းလုပ္လိုတယ္ဆိုရင္သင့္မွာေငြအလံုးအရင္းရွိဖို႔လိုပါတယ္။ ေငြအလံုးအရင္းရေအာင္ ဘယ္လိုလုပ္မလဲ။ ေငြတိုးပြားေအာင္ဘယ္လိုလုပ္မလဲဆိုတာဒီအခ်က္ေတြမွာၾကည့္ပါ။

(၁) ပိုက္ဆံေနာက္ကိုလိုက္ပါ

ဝင္ေငြတိုးေအာင္လုပ္ပါ။ ဝင္ေငြတိုးဖို႔အာရံုစိုက္တာဟာပထမဆံုးအခ်က္ပါပဲ။ လစာကပိုမ်ားတဲ့အလုပ္ကို မ်က္ေခ်မၿပတ္ပါေစနဲ႔။ အခြင့္အေရးေတြကိုမ်က္ေခ်မၿပတ္ေစာင့္ၾကည့္ၿခင္းဟာ ေအာင္ၿမင္တဲ့လုပ္ငန္းရွင္ ေတြရဲ့တူညီတဲ႔အခ်က္ပါပဲ။

(၂) မလိုအပ္ပဲပိုက္ဆံအကုန္မခံပါနဲ႔

မရွိမၿဖစ္လိုအပ္တဲ့ပစၥည္းအသံုးအေဆာင္ေတြကိုပဲဝယ္ၿပီး မလိုအပ္တဲ့အပိုဇိမ္ခံပစၥည္းေတြကိုမဝယ္ပါနဲ့။ မီလ်ံနာ ၾကီးေတြဟာ ဘယ္ေတာ့မွအပိုပိုက္ဆံအကုန္မခံပါဘူး။ ေငြေလးလက္ထဲမွာရႊင္လာတာနဲ႔မလိုတဲ႔ဇိမ္ခံပစၥည္းေတြ မဝယ္မိေအာင္ၾကိဳးစားပါ။

Related Articles-အသက္၂၅ႏွစ္ေအာက္လူငယ္ေတြ ကုိယ္ပိုင္လုပ္ငန္းစတင္သင့္တာ ဘာေၾကာင့္လဲ?

(၃) ရင္းႏွီးၿမွဳပ္ႏိုင္ဖို႔ပိုက္ဆံစုပါ

ပိုက္ဆံစုပါ။ ပိုက္ဆံစုတာဟာရင္းႏွီးၿမွဳပ္ႏွံဖို႔အတြက္ပဲၿဖစ္ပါေစ။ တစ္လဘယ္ေလာက္စုမယ္ဆိုတာသတ္မွတ္ပါ။ မသံုးမိပါေစနဲ႔ မသံုးမိဖို႔ၾကိဳးစားပါ။ အသံုးစရိတ္ကိုထိန္းခ်ဳပ္ၿခင္းဟာ အဓိကအေရးအၾကီးဆံုးၿဖစ္ၿပီး အက်င့္ၿဖစ္ ေအာင္လုပ္ပါ။

(၄) အက်ိဳးမရွိပဲ အေၾကြးမတင္ပါေစနဲ႔

လုပ္ငန္းတည္ေထာင္ဖို႔ပိုက္ဆံေခ်းတာမ်ိဳးနဲ႔ အေၾကြးအတင္ခံပါ။ အက်ိဳးအၿမတ္မရွိပဲသံုးဖို႔ဆိုရင္ေတာ့ အေၾကြး အတင္မခံပါနဲ႔။ ခ်မ္းသာတဲ႔သူေတြကရင္ႏွီးၿမွဳပ္ႏွံမွဳတိုးဖို႔အတြက္ အေၾကြးအတင္ခံၾကပါတယ္။ ဆင္းရဲသားေတြ ကေတာ့ ခ်မ္းသာတဲ့သူေတြပိုခ်မ္းသာေအာင္လုပ္ဖို႔ ေငြေခ်းၿပီးသံုးစြဲၾကပါတယ္။

(၅) ပိုက္ဆံကမအိပ္ပါဘူး

ပိုက္ဆံကအခ်ိန္ေတြ အားလပ္ရက္ေတြ အခ်ိန္ဇယားေတြကိုမသိပါဘူး။ အလုပ္ၾကိဳးစားတဲ႔လူေတြကိုေငြကခ်စ္ ပါတယ္။ ဝင္ေငြတိုးဖို႔အတြက္ ေန႔မအိပ္ညမအိပ္ပိုက္ဆံရွာရပါမယ္။ အပိုဝင္ေငြရဖို႔အၿမဲၾကိဳးစားပါ။ အလုပ္ေသး ေသးမႊားမႊားေလးကအစပိုက္ဆံရရင္လုပ္ပါ။ သင္အိပ္ေနတဲ႔အခ်ိန္နားေနတဲ႔အခ်ိန္မွာပိုက္ဆံရဖို႔အခြင့္အလမ္း ေတြအၿမဲရွိေနမွာပါ။ ေရရွည္ေကာင္းစားဖို႔လတ္တေလာမွာအနစ္နာခံၾကိဳးစားရပါမယ္။

(၆) စာဖတ္ပါ

စီးပြားေရးလုပ္ငန္းရွင္ေတြအေၾကာင္းဖတ္ပါ။ သူတို႔ဘယ္လိုၾကိဳးစားရုန္းကန္ၿပီးမီလ်ံနာၿဖစ္လာသလဲဆိုတာ ေလ့လာပါ။ အသိပညာတိုးပြားဖို႔အၿမဲေလ့လာေနပါ။ ပညာတတ္ၾကီးၿဖစ္ဖို႔မလိုအပ္ပါဘူး အသိပညာရွိဖို႔ပဲလိုအပ္ တာပါ။ သန္းၾကြယ္သူေဌးတိုင္းဟာပညာတတ္ၾကီးေတြမဟုတ္ၾကပါဘူး။ ညံ့ဖ်င္းသူတစ္ဦးၿဖစ္မလာေအာင္ အၿမဲစည္းပူးေလ့လာေနရပါမယ္။

(၇) ရင္းႏွီးၿမွဳပ္ႏွံပါ

ေငြေတာ္ေတာ္မ်ားမ်ားစုမိလာရင္ေတာ့ စၿပီးရင္းႏွီးၿမွဳပ္ႏွံပါ။ ေငြကိုအလုပ္လုပ္ခိုင္းတယ္လို႔ေခၚပါတယ္။ သင္ထည့္ထားတဲ႔အရင္းအႏွီးေတြကေနရတဲ႔အၿမတ္ကေနပြားလာတဲ့ေငြေတြကိုထပ္ရင္းႏွီးၿမွုဳပ္ႏွံပါ။ အဲ့ဒီလို လုပ္ရင္းနဲ႔ အၿမတ္ေတြမ်ားလာပါမယ္။ မ်ားမ်ားရင္းႏွီးၿမွဳပ္ႏွံေလ မ်ားမ်ားၿမတ္ေလပါပဲ။ သံုးေလးႏွစ္ေလာက္ ၾကာရင္ကိုပဲသင့္ရ့ဲဝင္ေငြတိုးတက္မွဳကသိသာလာပါလိမ့္မယ္။ ဘာမွမလုပ္ပဲထိုင္စားေနတယ္ဆိုတာမ်ိဳးၾကားဖူး မွာပါ။ သူတို႔ေတြကရင္းႏွီးၿမွဳပ္ႏွံသူေတြပါ။ ေငြကိုအလုပ္လုပ္ခိုင္းသူေတြပါ။

(၈) ရည္မွန္းခ်က္ၾကီးၾကီးထားပါ

တင္းတိမ္ေရာင့္ရဲၿခင္းက သင့္ကိုသန္းၾကြယ္သူေဌးၿဖစ္မလာေစႏိုင္ပါဘူး။ ၁မီလီလ်ံရလာရင္ ၁၀မီလီလ်ံရဖို႔ ၾကိဳးစားပါ။ စီးပြားေရးလုပ္တဲ့အခါ နစ္နာမွဳေတြရွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္တတ္ႏိုင္သမွ်ေငြပိုေငြလ်ံရွိေနေအာင္ ၾကိဳးစားပါ။

Credit; ပန္းတိမ္လႊာ

Unicode Version

အသက်၃၀မှာမီလျံနာဖြစ်လာဖို့ဆိုတာဟာ တကယ့်ကိုအခွင့်ထူးကြီးပါ။ မဖြစ်နိုင်ဘူးလို့ထင်ကြပါလိမ့်မယ်။ မဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူး။ တကယ်လုပ်ရင်ဖြစ်နိုင်ပါတယ်။ ငွေကသင့်ကိုခိုင်းစေတဲ့အဖြစ်မျိုးမဖြစ်စေပဲ သင်ကငွေကိုခိုင်းစေနိုင်အောင်ကြိုးစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာအလုပ်အကိုင်အခွင့်အလမ်းရှားပါနေသေး ပေမယ့်သိပ်မကြာခင်မှာအဆင်ပြေလာနိုင်မှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများပြားလာနေပြီဖြစ်ပါတယ်။ အခွင့်အရေးတွေကိုထိုင်ကြည့်မနေပဲ ငါလုပ်နိုင်မှာမဟုတ်ပါဘူးလို့မတွေးပဲနဲ့ အခွင့်အရေးတွေကိုလက်လွှတ် မခံပါနဲ့။ ကိုယ်ပိုင်လုပ်ငန်းလုပ်လိုတယ်ဆိုရင်သင့်မှာငွေအလုံးအရင်းရှိဖို့လိုပါတယ်။ ငွေအလုံးအရင်းရအောင် ဘယ်လိုလုပ်မလဲ။ ငွေတိုးပွားအောင်ဘယ်လိုလုပ်မလဲဆိုတာဒီအချက်တွေမှာကြည့်ပါ။

(၁) ပိုက်ဆံနောက်ကိုလိုက်ပါ
ဝင်ငွေတိုးအောင်လုပ်ပါ။ ဝင်ငွေတိုးဖို့အာရုံစိုက်တာဟာပထမဆုံးအချက်ပါပဲ။ လစာကပိုများတဲ့အလုပ်ကို မျက်ချေမပြတ်ပါစေနဲ့။ အခွင့်အရေးတွေကိုမျက်ချေမပြတ်စောင့်ကြည့်ခြင်းဟာ အောင်မြင်တဲ့လုပ်ငန်းရှင် တွေရဲ့တူညီတဲ့အချက်ပါပဲ။

(၂) မလိုအပ်ပဲပိုက်ဆံအကုန်မခံပါနဲ့
မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းအသုံးအဆောင်တွေကိုပဲဝယ်ပြီး မလိုအပ်တဲ့အပိုဇိမ်ခံပစ္စည်းတွေကိုမဝယ်ပါနဲ့။ မီလျံနာ ကြီးတွေဟာ ဘယ်တော့မှအပိုပိုက်ဆံအကုန်မခံပါဘူး။ ငွေလေးလက်ထဲမှာရွှင်လာတာနဲ့မလိုတဲ့ဇိမ်ခံပစ္စည်းတွေ မဝယ်မိအောင်ကြိုးစားပါ။

(၃) ရင်းနှီးမြှုပ်နိုင်ဖို့ပိုက်ဆံစုပါ
ပိုက်ဆံစုပါ။ ပိုက်ဆံစုတာဟာရင်းနှီးမြှုပ်နှံဖို့အတွက်ပဲဖြစ်ပါစေ။ တစ်လဘယ်လောက်စုမယ်ဆိုတာသတ်မှတ်ပါ။ မသုံးမိပါစေနဲ့ မသုံးမိဖို့ကြိုးစားပါ။ အသုံးစရိတ်ကိုထိန်းချုပ်ခြင်းဟာ အဓိကအရေးအကြီးဆုံးဖြစ်ပြီး အကျင့်ဖြစ် အောင်လုပ်ပါ။

(၄) အကျိုးမရှိပဲ အကြွေးမတင်ပါစေနဲ့
လုပ်ငန်းတည်ထောင်ဖို့ပိုက်ဆံချေးတာမျိုးနဲ့ အကြွေးအတင်ခံပါ။ အကျိုးအမြတ်မရှိပဲသုံးဖို့ဆိုရင်တော့ အကြွေး အတင်မခံပါနဲ့။ ချမ်းသာတဲ့သူတွေကရင်နှီးမြှုပ်နှံမှုတိုးဖို့အတွက် အကြွေးအတင်ခံကြပါတယ်။ ဆင်းရဲသားတွေ ကတော့ ချမ်းသာတဲ့သူတွေပိုချမ်းသာအောင်လုပ်ဖို့ ငွေချေးပြီးသုံးစွဲကြပါတယ်။

(၅) ပိုက်ဆံကမအိပ်ပါဘူး
ပိုက်ဆံကအချိန်တွေ အားလပ်ရက်တွေ အချိန်ဇယားတွေကိုမသိပါဘူး။ အလုပ်ကြိုးစားတဲ့လူတွေကိုငွေကချစ် ပါတယ်။ ဝင်ငွေတိုးဖို့အတွက် နေ့မအိပ်ညမအိပ်ပိုက်ဆံရှာရပါမယ်။ အပိုဝင်ငွေရဖို့အမြဲကြိုးစားပါ။ အလုပ်သေး သေးမွှားမွှားလေးကအစပိုက်ဆံရရင်လုပ်ပါ။ သင်အိပ်နေတဲ့အချိန်နားနေတဲ့အချိန်မှာပိုက်ဆံရဖို့အခွင့်အလမ်း တွေအမြဲရှိနေမှာပါ။ ရေရှည်ကောင်းစားဖို့လတ်တလောမှာအနစ်နာခံကြိုးစားရပါမယ်။

(၆) စာဖတ်ပါ
စီးပွားရေးလုပ်ငန်းရှင်တွေအကြောင်းဖတ်ပါ။ သူတို့ဘယ်လိုကြိုးစားရုန်းကန်ပြီးမီလျံနာဖြစ်လာသလဲဆိုတာ လေ့လာပါ။ အသိပညာတိုးပွားဖို့အမြဲလေ့လာနေပါ။ ပညာတတ်ကြီးဖြစ်ဖို့မလိုအပ်ပါဘူး အသိပညာရှိဖို့ပဲလိုအပ် တာပါ။ သန်းကြွယ်သူဌေးတိုင်းဟာပညာတတ်ကြီးတွေမဟုတ်ကြပါဘူး။ ညံ့ဖျင်းသူတစ်ဦးဖြစ်မလာအောင် အမြဲစည်းပူးလေ့လာနေရပါမယ်။

(၇) ရင်းနှီးမြှုပ်နှံပါ
ငွေတော်တော်များများစုမိလာရင်တော့ စပြီးရင်းနှီးမြှုပ်နှံပါ။ ငွေကိုအလုပ်လုပ်ခိုင်းတယ်လို့ခေါ်ပါတယ်။ သင်ထည့်ထားတဲ့အရင်းအနှီးတွေကနေရတဲ့အမြတ်ကနေပွားလာတဲ့ငွေတွေကိုထပ်ရင်းနှီးမြှုုပ်နှံပါ။ အဲ့ဒီလို လုပ်ရင်းနဲ့ အမြတ်တွေများလာပါမယ်။ များများရင်းနှီးမြှုပ်နှံလေ များများမြတ်လေပါပဲ။ သုံးလေးနှစ်လောက် ကြာရင်ကိုပဲသင့်ရဲ့ဝင်ငွေတိုးတက်မှုကသိသာလာပါလိမ့်မယ်။ ဘာမှမလုပ်ပဲထိုင်စားနေတယ်ဆိုတာမျိုးကြားဖူး မှာပါ။ သူတို့တွေကရင်းနှီးမြှုပ်နှံသူတွေပါ။ ငွေကိုအလုပ်လုပ်ခိုင်းသူတွေပါ။

(၈) ရည်မှန်းချက်ကြီးကြီးထားပါ
တင်းတိမ်ရောင့်ရဲခြင်းက သင့်ကိုသန်းကြွယ်သူဌေးဖြစ်မလာစေနိုင်ပါဘူး။ ၁မီလီလျံရလာရင် ၁၀မီလီလျံရဖို့ ကြိုးစားပါ။ စီးပွားရေးလုပ်တဲ့အခါ နစ်နာမှုတွေရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်တတ်နိုင်သမျှငွေပိုငွေလျံရှိနေအောင် ကြိုးစားပါ။

Credit; ပန်းတိမ်လွှာ

Read times
Rate this item
(0 votes)