-->
×
Warning
JUser: :_load: Unable to load user with ID: 29
ရှောင်းမီစမတ်ဖုန်းတွေ ကြော်ငြာသိပ်မလုပ်ဘဲ ဘာကြောင့်ဈေးကွက်ထိုးဖောက်နိုင်တာလဲ
ရှောင်းမီစမတ်ဖုန်းတွေ ကြော်ငြာသိပ်မလုပ်ဘဲ ဘာကြောင့်ဈေးကွက်ထိုးဖောက်နိုင်တာလဲ google.com
Read-ရောင်းကုန်ကို အခမဲ့ပေးဝေကာကြော်ငြာခြင်း
Credit-  မေဘယ်လ်
Source; Kumudra
Unicode Verison
မီဖုန်းတွေ ထုတ်လုပ်နေ တဲ့ရှောင်းမီကုမ္ပဏီဟာ ပြည်တွင်းကို တရားဝင်အဖြစ်ဝင်လာတာမကြာသေးပါဘူး။ ပြည်တွင်းမှာ တရားဝင်ကုမဏီ မရှိခင်ကတည်းက တခြားနာမည် ကြီး တရုတ်ဖုန်းကုမဏီတွေဖြစ် တဲ့ ဟွာဝေး၊ အော်ပို၊ ဗီဗိုတွေကို တန်းတူယှဉ်ပြိုင်ပြီး ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာတာဖြစ်ပါတယ်။
မိုဘိုင်းလ်လောက ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ရှောင်းမီကုမ္ပဏီက သူတို့ရဲ့ထုတ်ကုန်တွေကို တခြားပြိုင်ဘက် နာမည်ကြီးကုမ္ပဏီတွေနဲ့ အပြိုင် မားကတ်တင်းဆင်းကြော်ငြာတာတွေ ပြုလုပ်တာမျိုး သိပ်မရှိဘဲ မိမိရဲ့ထုတ်ကုန်တွေကို တန်ဖိုးမြင့် မော်ဒယ်တွေနဲ့ တန်းတူအရည်သွေးရှိအောင် ထုတ်လုပ်ထားပေမဲ့ သက်သာတဲ့နှုန်းထားနဲ့ ရောင်းချနေတာကလည်း ဈေးကွက်ထဲကို ထိုးဖောက်နိုင်စေတဲ့ အချက်တစ်ချက်ဖြစ် ကြောင်း ဆိုကြပါတယ်။
နောက်ပြီး သူ့ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ ပါဝါဘန့် စတာတွေကို တခြားကုမ္ပဏီတွေထက် ဈေးနှုန်းလျှော့ရောင်းချနေဆဲဖြစ်ပါတယ်။
ထုတ်ကုန်တွေထဲက အဓိက ဖြစ်တဲ့ စမတ် ဖုန်းမှာဆိုရင် တခြား နာမည်ကြီးတံဆိပ်တွေရဲ့ စမတ်ဖုန်းတွေရဲ့ အတွင်းအပြင် Featureကို အမီလိုက်နိုင်အောင် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ မီဖုန်းတွေရဲ့ ကင်မရာ၊ အားသွင်းမြန်တဲ့စနစ်၊ အပူလွန်တာတွေမရှိတာကလည်း သူ့ရဲ့အား သာချက်တွေ ဖြစ်တာကြောင့် သုံးစွဲသူတွေကို ဆွဲဆောင်နိုင်စေတာပဲ ဖြစ်ပါတယ်။
ရှောင်းမီဖုန်းတွေရဲ့ ဈေးနှုန်းက ကျပ်တစ်သိန်းဝန်းကျင်ကနေ ကျပ် ရှစ်သိန်းကျော်အထိအစားစားရှိပါတယ်။
ရှစ်သိန်းပတ်ဝန်းကျင် သတ်မှတ်ထားတဲ့ မော်ဒယ်လ်တွေကလည်း ရှောင်းမီထဲမှာ ပြစ်ချက်မရှိအောင် ကောင်းမွန်လွန်းနေပြီး နာမည် ကြီး အက်ပဲလ်အိုင်ဖုန်း နောက်ဆုံးပေါ်တွေနဲ့ တန်းတူယှဉ်နိုင်တဲ့ အချက်တွေရှိတာကြောင့် ဈေးနှုန်းမြင့်နေရတာပဲ ဖြစ်ပါ တယ်။
နာမည်အကြီးဆုံးနဲ့ လူကြိုက်များနေတဲ့ မီမစ်ရဲ့ မော်ဒယ်လ်အ သစ် Mi Mix 2 က Mi Mix ထွက်ရှိတဲ့လတွေနဲ့ သိပ်မကွာဘဲ သည်နှစ် ၂၀၁၇ အတွက် အမီထုတ်ခဲ့တာဖြစ်တယ်။ သူက မြန်မာငွေ ရှစ်သိန်းအထက်ရှိပေမဲ့ တရုတ်နိုင်ငံမှာ ခဏလေးအတွင်း အရောင်းသွက်ခဲ့တဲ့ အမျိုးအစားထဲမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဘာကြောင့်လူကြိုက်များ
ပြည်တွင်းသုံးစွဲသူတွေရဲ့ ပြောပြချက်အရ ရှောင်းမီစမတ်ဖုန်းတွေက ကင်မရာပိုင်း ကောင်းမွန်တာရယ်၊ ဖုန်းဘက်ထရီပိုင်း စနစ်တစ်ခုဖြစ်တဲ့ အားသွင်းမှုမြန်လွန်းတာရယ်၊ တော်ရုံအားမကုန်ဘဲ သုံးလို့ရတာတွေရယ်၊ ဘယ်လောက်ကြာကြာသုံးသုံး တော်ရုံ heat တက်တာမျိုး မရှိတာတွေက သုံးစွဲသူတွေကို ဆွဲဆောင်နိုင်စေတဲ့ စမတ်ဖုန်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သုံးစွဲသူတချို့ဟာဆိုရင် အိုင်ဖုန်းထက် မီဖုန်းတွေ သုံးရတာ ပိုအဆင်ပြေတယ် လို့လည်း သုံးသပ်ယူဆချက်တွေ ရှိနေပါတယ်။
ကင်မရာပိုင်းကလည်း မီဖုန်းတွေကို အဓိကအနေနဲ့ လူကြိုက်များစေတဲ့အချက်ပဲ ဖြစ်ပါတယ်။ လက်ရှိ အိုင်ဖုန်း၊ ဆမ်ဆောင်း၊ အော်ပိုတို့ရဲ့ အရည်အသွေးမြင့်တဲ့ ကင်မရာပိုင်းကို ယှဉ်နိုင်တာပဲ ဖြစ်ပါတယ်။ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းကျော်ရှိတဲ့ အမျိုးအစားနဲ့တင် resolution ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်နေတာပဲ ဖြစ်ပါတယ်။
ရှောင်းမီဖုန်းတွေရဲ့ MIUI ဗားရှင်းအသစ်တွေမှာ အဓိကကျတဲ့ Dual features က မီ ဖုန်းသုံးစွဲသူတွေ စိတ်ကြိုက်တွေ့စေတဲ့ အပိုင်း မှာ ပါဝင်ပါတယ်။အပလီကေးရှင်းနှစ်စုံ Dual Application ဖီးချား ဆိုတာကတော့ Xiaomi (ရှောင်းမီ) ဖုန်းတစ်လုံးထဲမှာတင်application တွေကိုပွားပြီး အကောင့်နှစ်ခုခွဲသုံးလို့ ရတာက သုံးစွဲသူ တွေအကြိုက်တွေ့စေတဲ့ အဓိကအချက် ဖြစ်ပါတယ်။
သည်လို တခြားစမတ်ဖုန်း နည်းပညာတွေနဲ့မတူတဲ့ နည်းစနစ်လေးတွေပါဝင်ထည့်သွင်းနိုင်တာကြောင့် ရှောင်းမီ စမတ်ဖုန်းတွေကို ရောင်းအားတက်စေပြီး ဈေးကွက်ထဲ အပြိုင်ယှဉ်နိုင်တာပဲ ဖြစ်ပါတယ်။
Credit- မေဘယ်လ်
Read times
Rate this item
(1 Vote)