-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင္မွန္ကန္တဲ့ လုပ္ငန္းခြင္တစ္ခုကိုေရြးခ်ယ္ထားႏိုင္ၿပီလား

သင္မွန္ကန္တဲ့ လုပ္ငန္းခြင္တစ္ခုကိုေရြးခ်ယ္ထားႏိုင္ၿပီလား google.com

ကိုယ္၀ါသနာပါၿပီး မွန္ကန္တ့ဲလုပ္ငန္းခြင္တစ္ခုကို ေသခ်ာစြာေရြးခ်ယ္ႏိုင္ၿပီး လုပ္ကိုင္ႏုိင္တယ္ဆိုလွ်င္ သင္ဟာေအာင္ျမင္မွဳလမ္းစရဲ႕ ေလ်ွာက္လွမ္းေပၚမွာ ရွိေနၿပီလို႔ဆုိႏိုင္ပါတယ္။

ကမၻာ႔HRေလာကမွာေတာ့ “ကိုယ့္ရဲ႕စိတ္ထဲက အလုပ္လုပ္ေနတယ္လို႔ေတာင္ မထင္ရတဲ႔အလုပ္မ်ိဳး…. ကိုယ္ကစိတ္ပါလက္ပါေပ်ာ္ရႊင္ေနတဲ့ အလုပ္မ်ိဳးဟာ ကိုယ္နဲ႔အသင့္ေတာ္ဆံုးအလုပ္လို႔ ”ဆိုပါတယ္။

ေက်ာင္းၿပီးခါစလူငယ္ေတြပဲျဖစ္ျဖစ္၊ ေက်ာင္းတစ္ဖက္နဲ႔ အလုပ္လုပ္ေနရတဲ့ လူငယ္ေတြအတြက္ပဲျဖစ္ျဖစ္ ၀ါသနာပါၿပီး ကိုက္ညီတဲ့လုပ္ငန္းတစ္ခုကို ေရြးခ်ယ္လုပ္ကိုင္ႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကုိယ္ ဆန္းစစ္ ျပင္ဆင္   သင့္ပါတယ္။

မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔လူငယ္ေတြမွာ ႀကံဳရေလ့ရွိတဲ့ ျပႆနာက ကိုယ္ရဲ႕၀ါသနာနဲ႔ထပ္တူမက်တဲ႔ တကၠသိုလ္တစ္ခုကို ေရြးခ်ယ္တက္ေရာက္မိၾကတယ္။ ေက်ာင္းလည္းၿပီး အလုပ္လုပ္မယ္ဆုိေတာ့ ကိုယ္ရရွိ ထားတဲ႔ ဘြဲ႔နဲ႔ပဲ အလုပ္လုပ္မွာလား၊ ကိုယ္၀ါသနာပါရာကို လုပ္မွာလားဆုိၿပီးေတြေ၀တတ္ၾကျပန္ပါတယ္။

Read-အျမင္မတူတုိင္း ရန္သူျဖစ္ရေတာ့မွာလား

 

မွန္ပါတယ္ အခ်ိန္ၾကာျမင့္စြာတက္ေရာက္သင္ယူထားတဲ့ ဘြဲ႔ကိုလည္းႏွေျမာေနမိၾကမွာပါ။ သို႔ေသာ္ ကိုယ့္ရဲ႔က်န္ရွိေနတဲ့ အခ်ိန္ေတြထဲကအမ်ားစုကို လုပ္ငန္းခြင္ထဲမွာ ျမွဳပ္ႏွံၾကေတာ့မွာပါ။ ဘြဲ႔ေၾကာင့္ဆိုၿပီးေတာ့ ကိုယ့္အသက္ေမြး၀မ္းေၾကာင္းအလုပ္ကို မေရြးခ်ယ္ပါနဲ႔။ကိုယ္ရထားတဲ့ ဘြဲ႔နဲ႔မကိုက္ညီတဲ့ လုပ္ငန္းခြင္ထဲမွာ လုပ္ကိုင္ရလုိ႔လည္း အားငယ္စရာ၊ သိမ္ငယ္စရာမလုိပါဘူး။ အျခားသူေတြရဲ႔ ေျပာဆုိမွဳေတြကုိလည္း တစ္ခုခ်င္းဆီ လုိက္ခံစားေနရန္မလိုပါဘူး။

ကိုယ့္၀ါသနာနဲ႔လံုး၀မကိုက္ညီဘဲ ဆန္႔က်င္ဘက္လုပ္ငန္းခြင္ေတြမွာ လုပ္ေနရသူအမ်ားစုဟာ လုပ္ငန္းခြင္ ေတြမွာ မေပ်ာ္ရႊင္ႏုိင္ပါဘူး။ ဒီလုိျဖစ္ေနၿပီဆိုလွ်င္ ရံုးကိုေနာက္က်မွလာခ်င္ၾကတယ္။ အေစာဆံုး ျပန္ခ်င္တယ္။ ေသာၾကာေန႔တုိင္းဟာ သူတို႔အတြက္အေပ်ာ္ဆံုးေန႔ရက္ျဖစ္ၿပီး တနဂၤေႏြညဟာ စိတ္ပင္ပန္းရတဲ႔ ေန႔တစ္ေန႔  ျဖစ္ေနတတ္ၾကပါတယ္။ ကိုယ္လုပ္ကိုင္ေနတဲ့ အလုပ္အကိုင္မွာ မေပ်ာ္၇ႊင္ဘူး ဆိုရင္ေတာ့ ေအာင္ျမင္မွဳဆုိတာ ေလထဲမွာတိုက္အိမ္ေဆာက္သလိုမ်ိဳး မေရရာ မေသခ်ာမွဳ တစ္ခုျဖစ္သြားႏိုင္ပါတယ္။

ကိုယ္႔ဘ၀ရဲ႕ အႀကီးမားဆံုးအျဖစ္ အေရးပါတဲ့အသက္ေမြး၀မ္းေၾကာင္းအလုပ္ကို ေရြးခ်ယ္တဲ့အခါမွာေတာ့ ကိုယ့္ရဲ႕ ၀ါသနာ၊ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္၊ ျပင္းျပတဲ့ စိတ္ဆႏၵေတြကို အေျခခံထားပါ။

ကိုယ့္ဘ၀အတြက္ တက္လမ္းရွိႏုိင္သလား၊ သင္ယူမွဳအခြင့္အလမ္းေတြရရွိႏုိင္လားဆုိတာေတြကိုပါ ထည့္စဥ္းစားပါ။

အခ်ိန္ႏွစ္မ်ားစြာ လုပ္ကိုင္ေပမယ့္လည္း ရာထူး၊ လစာမတိုးေပးတဲ႔ ကုမၸဏီလားဆိုတာကိုလည္း အလုပ္မ၀င္ခင္က  ေသခ်ာစံုစမ္းစဥ္းစားဖို႔ လိုပါတယ္။

ကိုယ္လုပ္ရမယ့္ အလုပ္တစ္ခုဟာ ကိုယ္ရဲ႔စိတ္ထား၊ ယံုၾကည္မွဳစတာေတြနဲ႔ ကိုက္ညီမွဳရွိႏုိင္လား ဆိုတဲ့အခ်က္ေတြကိုလည္း မေမ့ပါႏွင့္။

Unicode Version

ကိုယ်ဝါသနာပါပြီး မှန်ကန်တဲ့လုပ်ငန်းခွင်တစ်ခုကို သေချာစွာရွေးချယ်နိုင်ပြီး လုပ်ကိုင်နိုင်တယ်ဆိုလျှင် သင်ဟာအောင်မြင်မှုလမ်းစရဲ့ လျှောက်လှမ်းပေါ်မှာ ရှိနေပြီလို့ဆိုနိုင်ပါတယ်။
ကမ္ဘာ့HRလောကမှာတော့ “ကိုယ့်ရဲ့စိတ်ထဲက အလုပ်လုပ်နေတယ်လို့တောင် မထင်ရတဲ့အလုပ်မျိုး…. ကိုယ်ကစိတ်ပါလက်ပါပျော်ရွှင်နေတဲ့ အလုပ်မျိုးဟာ ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်လို့ ”ဆိုပါတယ်။
ကျောင်းပြီးခါစလူငယ်တွေပဲဖြစ်ဖြစ်၊ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေရတဲ့ လူငယ်တွေအတွက်ပဲဖြစ်ဖြစ် ၀ါသနာပါပြီး ကိုက်ညီတဲ့လုပ်ငန်းတစ်ခုကို ရွေးချယ်လုပ်ကိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ပြင်ဆင် သင့်ပါတယ်။
များသောအားဖြင့် ကျွန်တော်တို့လူငယ်တွေမှာ ကြုံရလေ့ရှိတဲ့ ပြဿနာက ကိုယ်ရဲ့ဝါသနာနဲ့ထပ်တူမကျတဲ့ တက္ကသိုလ်တစ်ခုကို ရွေးချယ်တက်ရောက်မိကြတယ်။ ကျောင်းလည်းပြီး အလုပ်လုပ်မယ်ဆိုတော့ ကိုယ်ရရှိ ထားတဲ့ ဘွဲ့နဲ့ပဲ အလုပ်လုပ်မှာလား၊ ကိုယ်ဝါသနာပါရာကို လုပ်မှာလားဆိုပြီးတွေဝေတတ်ကြပြန်ပါတယ်။
မှန်ပါတယ် အချိန်ကြာမြင့်စွာတက်ရောက်သင်ယူထားတဲ့ ဘွဲ့ကိုလည်းနှမြောနေမိကြမှာပါ။ သို့သော် ကိုယ့်ရဲ့ကျန်ရှိနေတဲ့ အချိန်တွေထဲကအများစုကို လုပ်ငန်းခွင်ထဲမှာ မြှုပ်နှံကြတော့မှာပါ။ ဘွဲ့ကြောင့်ဆိုပြီးတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကို မရွေးချယ်ပါနဲ့။ကိုယ်ရထားတဲ့ ဘွဲ့နဲ့မကိုက်ညီတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ရလို့လည်း အားငယ်စရာ၊ သိမ်ငယ်စရာမလိုပါဘူး။ အခြားသူတွေရဲ့ ပြောဆိုမှုတွေကိုလည်း တစ်ခုချင်းဆီ လိုက်ခံစားနေရန်မလိုပါဘူး။
ကိုယ့်ဝါသနာနဲ့လုံးဝမကိုက်ညီဘဲ ဆန့်ကျင်ဘက်လုပ်ငန်းခွင်တွေမှာ လုပ်နေရသူအများစုဟာ လုပ်ငန်းခွင် တွေမှာ မပျော်ရွှင်နိုင်ပါဘူး။ ဒီလိုဖြစ်နေပြီဆိုလျှင် ရုံးကိုနောက်ကျမှလာချင်ကြတယ်။ အစောဆုံး ပြန်ချင်တယ်။ သောကြာနေ့တိုင်းဟာ သူတို့အတွက်အပျော်ဆုံးနေ့ရက်ဖြစ်ပြီး တနင်္ဂနွေညဟာ စိတ်ပင်ပန်းရတဲ့ နေ့တစ်နေ့ ဖြစ်နေတတ်ကြပါတယ်။ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်မှာ မပျော်ရွှင်ဘူး ဆိုရင်တော့ အောင်မြင်မှုဆိုတာ လေထဲမှာတိုက်အိမ်ဆောက်သလိုမျိုး မရေရာ မသေချာမှု တစ်ခုဖြစ်သွားနိုင်ပါတယ်။
ကိုယ့်ဘဝရဲ့ အကြီးမားဆုံးအဖြစ် အရေးပါတဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်တဲ့အခါမှာတော့ ကိုယ့်ရဲ့ ၀ါသနာ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်၊ ပြင်းပြတဲ့ စိတ်ဆန္ဒတွေကို အခြေခံထားပါ။
ကိုယ့်ဘဝအတွက် တက်လမ်းရှိနိုင်သလား၊ သင်ယူမှုအခွင့်အလမ်းတွေရရှိနိုင်လားဆိုတာတွေကိုပါ ထည့်စဉ်းစားပါ။
အချိန်နှစ်များစွာ လုပ်ကိုင်ပေမယ့်လည်း ရာထူး၊ လစာမတိုးပေးတဲ့ ကုမ္ပဏီလားဆိုတာကိုလည်း အလုပ်မဝင်ခင်က သေချာစုံစမ်းစဉ်းစားဖို့ လိုပါတယ်။
ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုဟာ ကိုယ်ရဲ့စိတ်ထား၊ ယုံကြည်မှုစတာတွေနဲ့ ကိုက်ညီမှုရှိနိုင်လား ဆိုတဲ့အချက်တွေကိုလည်း မမေ့ပါနှင့်။

Read times
Rate this item
(2 votes)