-->
×

Warning

JUser: :_load: Unable to load user with ID: 29


အားနာပါတယ္ဆိုတဲ့ ဓေလ႔ႀကီး

အားနာပါတယ္ဆိုတဲ့ ဓေလ႔ႀကီး google.com

က်ြန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ အားနာပါတယ္ဆိုတဲ့ စကားလံုးကို ဓေလ့ထံုးတမ္း ယဥ္ေက်းမွဳတစ္ခုအျဖစ္ မွတ္ယူေနၾကတယ္။

ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အားနာစရာႀကီး ကူညီေပးလုိက္ပါ။ ဒါေလးလုပ္ေပးလိုက္ပါ အားနာဖို႔ အရမ္းေကာင္းတယ္။ စသျဖင့္ က်ြန္ေတာ္ကိုယ္တုိင္ေရာ စာဖတ္သူတုိ႔ပါေျပာဖူးၾကမွာပါ။ သို႔ေသာ္ ဒီအားနာပါတယ္ဆိုတဲ့ စကားလံုးကို အသံုးခ်ၿပီး ကိုယ့္ကိုယ္ရက္စက္စြာ ျပဳမူဆက္ဆံသူေတြနဲ႔လညး္ ႀကံဳဖူးၾကမွာပါ။

အခ်ိဳ႕ကိစၥေတြမွာ လုပ္ေပးၿပီးမွ ကိုယ့္ကိုယ္ကိုယ္ စိတ္ပ်က္ေနရတာနဲ႔စာရင္ ကိုယ္မတတ္ႏို္င္ပါဘူးလို႔ ေျပာၿပီးျငင္းလိုက္တာကေရရွည္မွာ ႏွစ္ဦးႏွစ္ဖက္ အခ်စ္အခင္မပ်က္ဖို့ျဖစ္ပါတယ္။ ေကာင္းဖို့ျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ လူမ်ိဳးေတြဟာ အရမ္းေဖာ္ေရြတတ္တယ္။ အဆိုးဆံုးကေတာ့ သူတစ္ပါးကို အရမ္းအားနာ    တတ္တာပါပဲ။ ကိုယ့္မွာ အဆင္မေျပမွဳ၊ အခက္အခဲေတြရွိေနရင္ေတာင္မွ အားနာပါတယ္ဆိုတဲ့ ေခါင္းစဥ္ႀကီး တတ္ကာ ကူညီလိုက္ၾကတယ္။ ကုိယ္ကူညီလိုက္တဲ့သူဟာ လူေကာင္းဆိုရင္ေတာ့ ကိစၥမရွိဘူးေပါ့။ သို႔ေသာ္ တစ္ခ်ိဳ႕ေသာသူေတြဟာ လူမွဳစည္းကမ္း၊ လူ႔က်င့္၀တ္ေတြကို နားမလည္သူေတြပါ။ ဒီလုိလူမ်ိဳးေတြဆိုရင္ေတာ့ အားနာပါတယ္ဆိုတဲ႔ စကားလံုးကို လံုး၀မသံုးမိပါေစနဲ႔။ ျပတ္ျပတ္သားသား ျငင္းပစ္လုိက္ပါ။

အားနာလို႔ ကူညီၿပီးမွ ျပႆနာေတြျဖစ္ပ်က္တာထက္စာရင္ အစကတည္းက ရန္သူမတိုးပြားေအာင္ ျငင္းပစ္လုိက္တာက ပိုအက်ိဳးရွိမွာပါ။

ေနာက္ၿပီးကိုယ္အေနနဲ႔ လက္ခံရမယ့္ကိစၥမ်ိဳးေတြလည္းႀကံဳရမွပါ။ ဒီလုိအခ်ိန္မ်ိဳးေရာက္ခဲ့လွ်င္လညး္ ကုိယ့္ကိုယ္ထိခိုက္ခံၿပီး အားနာလို႔ဆိုတဲ႔စကားလံုးကုိ မသံုးပါနဲ႔။

Read-လူေတြဟာ အမ်ားအားျဖင့္ လူပံုအလယ္မွာစကားေျပာရတာကို ေသမွာထက္ပိုေၾကာက္ၾကသလား?

ဥပမာအေနနဲ႔ေျပာရရင္ အိမ္တစ္အိမ္က ထမင္းစားဖိတ္ေက်ြးတယ္ဆိုပါစို႔။ ဖိတ္ေက်ြးသူေတြကေတာ့ ခင္မင္သည့္အတြက္ ဟင္းခပ္ထည္႔ေပးတာေတာ့လုပ္ၾကမွာပါ။ သို႔ေသာ္ ကိုယ္ကဆီဆိုတာမ်ိဳးကို မစားသူပါဆိုမွ ဒီအဆီပါတဲ့ ဟင္းေတြထည့္ေပးရင္ ကုိယ္႔အေနနဲ႔လည္းစားရတာ အဆင္ေျပမွာ မဟုတ္ပါဘူး။ ထမင္းသာစားလိုက္ရတယ္ စိတ္ထဲမွာ မတင္မက်အဆင္မေျပမွဳနဲ႔ေအာင့္သီးေအာင့္သက္ႀကီး ျဖစ္သြားမွာပါ။

ဒီအခ်ိန္မွာ သူ႔ကိုလည္းမထိခိုက္ ကိုယ္ကိုယ္တိုင္ကိုလည္း မထိခိုက္ေစတဲ့ ျငင္းဆုိမွဳမ်ိဳးကေတာ့ ျပဳလုပ္ႏိုင္ပါတယ္။

ဘယ္ကိစၥမွာမဆို အေသးအဖြဲေလးျဖစ္ခဲ႔ရင္ေတာင္ အာမနာသင့္တာကို အားမနာပါနဲ႔။ ေျပာသင့္တာကို ေျပာပါ။ လုပ္သင့္တာကို လုပ္ပါ။ ေမးသင့္တာကို ေမးပါ။ ပြင္းလင္းစြာျပဳမူဆက္ဆံပါ။

သူ႔အတြက္လည္း အက်ိဳးမရွိ၊ ကိုယ္႔အတြက္လညး္ ထိခိုက္နစ္နာေစတဲ့ ကိစၥမ်ိဳးေတြမွာ အားနာပါတယ္ဆိုတဲ့ ျပဳမူေျပာဆုိတာမ်ိဳးေတြ မလုပ္ၾကပါနဲ႔။တစ္သက္လံုးစိတ္ခ်မ္းသာခ်င္ရင္ အားနာတတ္တဲ့ အက်င့္ကိုျပင္ပါ။

Unicode Version

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အားနာပါတယ်ဆိုတဲ့ စကားလုံးကို ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတစ်ခုအဖြစ် မှတ်ယူနေကြတယ်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် အားနာစရာကြီး ကူညီပေးလိုက်ပါ။ ဒါလေးလုပ်ပေးလိုက်ပါ အားနာဖို့ အရမ်းကောင်းတယ်။ စသဖြင့် ကျွန်တော်ကိုယ်တိုင်ရော စာဖတ်သူတို့ပါပြောဖူးကြမှာပါ။ သို့သော် ဒီအားနာပါတယ်ဆိုတဲ့ စကားလုံးကို အသုံးချပြီး ကိုယ့်ကိုယ်ရက်စက်စွာ ပြုမူဆက်ဆံသူတွေနဲ့လညး် ကြုံဖူးကြမှာပါ။
အချို့ကိစ္စတွေမှာ လုပ်ပေးပြီးမှ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေရတာနဲ့စာရင် ကိုယ်မတတ်နို်င်ပါဘူးလို့ ပြောပြီးငြင်းလိုက်တာကရေရှည်မှာ နှစ်ဦးနှစ်ဖက် အချစ်အခင်မပျက်ဖို့ဖြစ်ပါတယ်။ ကောင်းဖို့ဖြစ်ပါတယ်။
ကျွန်တော်တို့ လူမျိုးတွေဟာ အရမ်းဖော်ရွေတတ်တယ်။ အဆိုးဆုံးကတော့ သူတစ်ပါးကို အရမ်းအားနာ တတ်တာပါပဲ။ ကိုယ့်မှာ အဆင်မပြေမှု၊ အခက်အခဲတွေရှိနေရင်တောင်မှ အားနာပါတယ်ဆိုတဲ့ ခေါင်းစဉ်ကြီး တတ်ကာ ကူညီလိုက်ကြတယ်။ ကိုယ်ကူညီလိုက်တဲ့သူဟာ လူကောင်းဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ သို့သော် တစ်ချို့သောသူတွေဟာ လူမှုစည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို နားမလည်သူတွေပါ။ ဒီလိုလူမျိုးတွေဆိုရင်တော့ အားနာပါတယ်ဆိုတဲ့ စကားလုံးကို လုံးဝမသုံးမိပါစေနဲ့။ ပြတ်ပြတ်သားသား ငြင်းပစ်လိုက်ပါ။
အားနာလို့ ကူညီပြီးမှ ပြဿနာတွေဖြစ်ပျက်တာထက်စာရင် အစကတည်းက ရန်သူမတိုးပွားအောင် ငြင်းပစ်လိုက်တာက ပိုအကျိုးရှိမှာပါ။
နောက်ပြီးကိုယ်အနေနဲ့ လက်ခံရမယ့်ကိစ္စမျိုးတွေလည်းကြံုရမှပါ။ ဒီလိုအချိန်မျိုးရောက်ခဲ့လျှင်လညး် ကိုယ့်ကိုယ်ထိခိုက်ခံပြီး အားနာလို့ဆိုတဲ့စကားလုံးကို မသုံးပါနဲ့။
ဥပမာအနေနဲ့ပြောရရင် အိမ်တစ်အိမ်က ထမင်းစားဖိတ်ကျွေးတယ်ဆိုပါစို့။ ဖိတ်ကျွေးသူတွေကတော့ ခင်မင်သည့်အတွက် ဟင်းခပ်ထည့်ပေးတာတော့လုပ်ကြမှာပါ။ သို့သော် ကိုယ်ကဆီဆိုတာမျိုးကို မစားသူပါဆိုမှ ဒီအဆီပါတဲ့ ဟင်းတွေထည့်ပေးရင် ကိုယ့်အနေနဲ့လည်းစားရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ထမင်းသာစားလိုက်ရတယ် စိတ်ထဲမှာ မတင်မကျအဆင်မပြေမှုနဲ့အောင့်သီးအောင့်သက်ကြီး ဖြစ်သွားမှာပါ။
ဒီအချိန်မှာ သူ့ကိုလည်းမထိခိုက် ကိုယ်ကိုယ်တိုင်ကိုလည်း မထိခိုက်စေတဲ့ ငြင်းဆိုမှုမျိုးကတော့ ပြုလုပ်နိုင်ပါတယ်။
ဘယ်ကိစ္စမှာမဆို အသေးအဖွဲလေးဖြစ်ခဲ့ရင်တောင် အာမနာသင့်တာကို အားမနာပါနဲ့။ ပြောသင့်တာကို ပြောပါ။ လုပ်သင့်တာကို လုပ်ပါ။ မေးသင့်တာကို မေးပါ။ ပွင်းလင်းစွာပြုမူဆက်ဆံပါ။
သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတါက်လညး် ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတွေမှာ အားနာပါတယ်ဆိုတဲ့ ပြုမူပြောဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။တစ်သက်လုံးစိတ်ချမ်းသာချင်ရင် အားနာတတ်တဲ့ အကျင့်ကိုပြင်ပါ။

Read times
Rate this item
(1 Vote)