-->
×
Warning
JUser: :_load: Unable to load user with ID: 29
ကိုယ့်အကျင့်စရိုက်က ဘာတွေကိုဆက်သွယ်ပေးသလဲ
ကိုယ့်အကျင့်စရိုက်က ဘာတွေကိုဆက်သွယ်ပေးသလဲ google.com
Read-Self-Confidence ကိုပြိုလဲသွားစေနိုင်တာတွေ
Unicode Version
ခေါင်းဆောင်တစ်ယောက်အတွက် ယုံကြည်မှုဆိုတာ အရေးကြီးဆုံးအရာတစ်ခုပါ။ ယုံကြည်မှုဆိုတာ ခေါင်းဆောင်မှုရဲ့ အုတ်မြစ်ဖြစ်ပါသည်။ ခေါင်းဆောင်တစ်ယောက်ဟာ ယုံကြည်မှုကို ဘယ်လို တည်ဆောက် သလဲ။ ကိုယ့်ရဲအကျင့်စရိုက်ကို တစ်သမတ်တည်း စံနမူနာပြရင်း တည်ဆောက်ရတာပါ။ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ အကြောင်းကိစ္စများစွာကို အခြားသူတွေနဲ့ ခပ်မြန်မြန်ဆက်သွယ်ပေးတတ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတာကတော့ အဲဒီအကြောင်းကိစ္စတွေက အရေးကြီးတာဖြစ်ပါတယ်။
၁။အကျင့်စရိုက်ဟာ တစ်သမတ်တည်းဖြစ်မှုကို ဆက်သွယ်ပေးတယ်
အတွင်းထဲမှာ အင်အားမရှိတဲ့ခေါင်းဆောင်တစ်ယောက်ကို တစ်ရက်ပြီးတစ်ရက် အားကိုးနေလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတာ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းဟာ တစ်နေ့တစ်မျိုး ပြောင်းလဲနေလို့ ဖြစ်တယ်။
၂။အကျင့်စရိုက်ဟာ အလားအလာကို ဆက်သွယ်ပေးတယ်။
ညံံဖျင်းတဲ့ အကျင့်စရိုက်ဆိုတာ အချိန်ကိုက်ဗုံးတစ်ခုလိုပါပဲ။ အချိန်တန်ရင် တော့ပြီးသွားမှာပဲ။ လူတစ်ယောက်ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အရည်အချင်းတစ်ခုနဲ့ ဦးဆောင်နိုင်စွမ်းတို့ဟာ အချိန်တစ်ခုသာ စောင့်နေရတာ။ နောက်ဆုံးမှာတော့ ပေါက်ကွဲထွက်သွားမှာသာ ဖြစ်တယ်။
၃။အကျင့်စရိုက်ဟာ လေးစားမှုကို ဆက်သွယ်ပေးတယ်။
ခေါင်းဆောင်တွေဟာ ဘယ်လိုမျိုးလေးစားခံနေရပါသလဲ။ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချလို့ လေးစားခံရတယ်။ သူတို့ရဲ့ အမှားတွေဝန်ခံလို့ လေးစားခံရတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေထက်စာရင် နောက်လိုက်တွေနဲ့ အဖွဲ့အစည်းအတွက် အကောင်းဆုံးတွေလုပ်ပေးနေလို့ လေးစားခံနေကြရတာပဲဖြစ်တယ်။
Source; Democracy Today
Read times
Rate this item
(0 votes)