-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေဒါသကို ခ်စ္ျခင္းေမတၱာနဲ႔ ဘယ္လိုအစားထိုးမလဲ

ေဒါသကို ခ်စ္ျခင္းေမတၱာနဲ႔ ဘယ္လိုအစားထိုးမလဲ google.com

တစ္ခါတစ္ရံ စိတ္အလို မက်တဲ့အခါ ေဒါသထြက္တတ္ၾကပါတယ္။ အဲဒီေဒါသေၾကာင့္ မေျပာသင့္တာေတြ ေျပာမိတတ္သလို အရင္ကဘယ္ေလာက္ပဲ ခ်စ္ခင္ခဲ့ပါေစ၊ ရန္သူေတြ လိုလည္း မုန္းသြား တတ္ၾကပါတယ္။ ဒါ့အျပင္ ေဒါသေၾကာင့္ ေခါင္းကိုက္တာ၊ ေသြးတိုးတာ၊ ႏွလံုးေရာဂါ ထတာစတဲ့ ေဝဒနာ ေတြလည္း ျဖစ္တတ္ ပါေသးတယ္။ ဒါေၾကာင့္ေဒါသ ထြက္တဲ့အခါ ခ်စ္ျခင္း ေမတၲာနဲ႔ အစားထိုး ႏိုင္ဖို႔ ေအာက္ပါအဆင့္ေတြကို လိုက္နာ သင့္ပါတယ္။

အဆင့္(၁)

ေဒါသထြက္တဲ့ အခါ ‘ငါဘာေၾကာင့္ စိတ္တိုရ တာလဲ’ လို႔အရင္ဆံုး စဥ္းစား လိုက္ပါ။ စိတ္တိုရတဲ႔ အေၾကာင္းရင္းက တကယ္ပဲ အေရးပါလို႔လား၊ လူတစ္ေယာက္ေျပာစကား တစ္ခြန္းေၾကာင့္ စိတ္တိုရတာ လား၊ တစ္ခုခု လုပ္ခဲ့လို႔စိတ္တိုတာလား.. ဘယ္သူ႔ကို ေဒါသ ထြက္တာလဲ၊ဘာေၾကာင့္ ေဒါသ ထြက္တာလဲ၊ ဒီအေျခအေန ျဖစ္ေအာင္ဘယ္သူက ဖန္တီးခဲ့တာလဲ ဆိုတာ ေသခ်ာ စဥ္းစားပါ။

အဆင့္(၂)

ေဒါသ ထြက္ေစတဲ့ အေျခအေနကို သင္ကိုယ္ တိုင္ကဖန္တီးခဲ့တယ္ ဆိုရင္ဒီလိုအေျခ အေနမ်ိဳး ထပ္မံမ ျဖစ္ေစဖို႔ သင္ခန္းစာ ရယူၿပီး ေဒါသကိုေလွ်ာ့လိုက္ပါ။ တျခားသူက ဖန္တီးခဲ့တယ္ ဆိုရင္ အဲဒီလူကို
တတ္ႏိုင္သမွ် ညႇိႏိႈင္း ၾကည့္ပါ။

အဆင့္(၃)

တစ္ခါ တစ္ရံ ကိုယ္ခ်စ္ခင္တဲ့သူေတြကို မမွားေစ ခ်င္တဲ့စိတ္၊ေမတၲာပိုတဲ့ စိတ္ေတြနဲ႔ က႐ုဏာေဒါသ ထြက္ရတဲ့ အခ်ိန္ေတြရွိတတ္ပါတယ္။ အဲဒီအခါ ေဒါသထြက္လာရင္ ေဒါသေၾကာင့္ေစတနာကေန ေဝဒနာ ေျပာင္းမသြား ေစဖို႔ ခ်စ္ျခင္း ေမတၲာနဲ႔အစားထိုး သင့္ပါတယ္။ ၾကင္ၾကင္နာနာ၊ ခ်စ္ခ်စ္ ခင္ခင္နဲ႔နားလည္ေအာင္ ေျပာျပလိုက္ပါ။

Read-အျပစ္တင္စကားဆိုၿပီးပဲ ေနထိုင္မွာလား

အဆင့္(၄)
ေဒါသ ထြက္တဲ့အခါ အေျခအေန အရပ္ရပ္ကို အရင္ဆံုးသံုးသပ္ၾကည့္လိုက္ပါ။ ဘယ္သူကမွ ကိုယ့္ကို နာက်င္ေအာင္၊စိတ္ညစ္ေအာင္ မလုပ္နိုင္ဘူးလို႔ ေတြးလိုက္ပါ။ ဒါဆိုရင္ ေဒါသေတြအလိုလိုေျပေလ်ာ့ လာၿပီး စိတ္ခံစားမႈ ပိုေကာင္း လာပါလိမ့္မယ္။

အဆင့္(၅)

ေဒါသကို ထိန္းခ်ဳပ္ရတာ ခက္ပါတယ္။ ေဒသကို မမ်ိဳခ်သင့္ တာလည္းအမွန္ပါ။ ေဒါသ ထြက္တဲ့ အခါ သင္ခံစားရတဲ့ ေဒါသေၾကာင့္သင္ကိုယ္တိုင္နဲ႔ သင့္ဝန္းက်င္က လူေတြ မထိခိုက္ေအာင္၊အနာတရမျဖစ္ ေအာင္ အထူးသတိထား သင့္ပါတယ္။ေဒါသက ခဏတာ ျဖစ္ေပမယ့္ ေဒါသႀကီးတာကို မထိန္းႏိုင္လို႔မွားခဲ့ရင္ တစ္ဘဝစာ ေနာင္တရသြား ႏိုင္တာေၾကာင့္ပါ။

Credit to ရီရီေအး

Unicode Version

တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ ဒေါသထွက်တတ်ကြပါတယ်။ အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင်ကဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။ ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့်ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး နိုင်ဖို့ အောက်ပါအဆင့်တွေကို လိုက်နာ သင့်ပါတယ်။
အဆင့်(၁)

ဒေါသထွက်တဲ့ အခါ ‘ငါဘာကြောင့် စိတ်တိုရ တာလဲ’ လို့အရင်ဆုံး စဉ်းစား လိုက်ပါ။ စိတ်တိုရတဲ့ အကြောင်းရင်းက တကယ်ပဲ အရေးပါလို့လား၊ လူတစ်ယောက်ပြောစကား တစ်ခွန်းကြောင့် စိတ်တိုရတာ လား၊ တစ်ခုခု လုပ်ခဲ့လို့စိတ်တိုတာလား.. ဘယ်သူ့ကို ဒေါသ ထွက်တာလဲ၊ဘာကြောင့် ဒေါသ ထွက်တာလဲ၊ ဒီအခြေအနေ ဖြစ်အောင်ဘယ်သူက ဖန်တီးခဲ့တာလဲ ဆိုတာ သေချာ စဉ်းစားပါ။
အဆင့်(၂)

ဒေါသ ထွက်စေတဲ့ အခြေအနေကို သင်ကိုယ် တိုင်ကဖန်တီးခဲ့တယ် ဆိုရင်ဒီလိုအခြေ အနေမျိုး ထပ်မံမ ဖြစ်စေဖို့ သင်ခန်းစာ ရယူပြီး ဒေါသကိုလျှော့လိုက်ပါ။ တခြားသူက ဖန်တီးခဲ့တယ် ဆိုရင် အဲဒီလူကို
တတ်နိုင်သမျှ ညှိနှိုင်း ကြည့်ပါ။
အဆင့်(၃)

တစ်ခါ တစ်ရံ ကိုယ်ချစ်ခင်တဲ့သူတွေကို မမှားစေ ချင်တဲ့စိတ်၊မေတ္တာပိုတဲ့ စိတ်တွေနဲ့ ကရုဏာဒေါသ ထွက်ရတဲ့ အချိန်တွေရှိတတ်ပါတယ်။ အဲဒီအခါ ဒေါသထွက်လာရင် ဒေါသကြောင့်စေတနာကနေ ဝေဒနာ ပြောင်းမသွား စေဖို့ ချစ်ခြင်း မေတ္တာနဲ့အစားထိုး သင့်ပါတယ်။ ကြင်ကြင်နာနာ၊ ချစ်ချစ် ခင်ခင်နဲ့နားလည်အောင် ပြောပြလိုက်ပါ။
အဆင့်(၄)
ဒေါသ ထွက်တဲ့အခါ အခြေအနေ အရပ်ရပ်ကို အရင်ဆုံးသုံးသပ်ကြည့်လိုက်ပါ။ ဘယ်သူကမှ ကိုယ့်ကို နာကျင်အောင်၊စိတ်ညစ်အောင် မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ။ ဒါဆိုရင် ဒေါသတွေအလိုလိုပြေလျော့ လာပြီး စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ်။
အဆင့်(၅)

ဒေါသကို ထိန်းချုပ်ရတာ ခက်ပါတယ်။ ဒေသကို မမျိုချသင့် တာလည်းအမှန်ပါ။ ဒေါသ ထွက်တဲ့ အခါ သင်ခံစားရတဲ့ ဒေါသကြောင့်သင်ကိုယ်တိုင်နဲ့ သင့်ဝန်းကျင်က လူတွေ မထိခိုက်အောင်၊အနာတရမဖြစ် အောင် အထူးသတိထား သင့်ပါတယ်။ဒေါသက ခဏတာ ဖြစ်ပေမယ့် ဒေါသကြီးတာကို မထိန်းနိုင်လို့မှားခဲ့ရင် တစ်ဘဝစာ နောင်တရသွား နိုင်တာကြောင့်ပါ။
Credit to ရီရီအေး

Read times
Rate this item
(3 votes)