-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၁ရာစုရဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ

၂၁ရာစုရဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ google.com

ယနေ့ခေတ်၂၁ရာစုရဲ့ နေရာတော်တော်များများမှာ လူကြီးတွေထက်လူငယ်တွေကပိုပြီးနေရာယူကာ ကမ္ဘာကြီးကို ဦးဆောင်လာနေကြပါတယ်။

စီးပွားရေး၊ ပညာရေး၊ လှုမှုရေး၊ နိုင်ငံရေးအစရှိသဖြင့်ပေါ့။ အထူးသဖြင့် စီးပွားရေးလောကမှာဆိုရင် လူငယ်တွေပိုမိုများပြားလာပြီး ဆန်းသစ်သော အတွေးအခေါ်ကောင်းများနဲ့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာနေကြပါပြီ။

လေ့လာချက်တွေအရ အသက်၁၈ ကနေ ၂၁ နှစ်အတွင်း စီးပွားရေးစတင်လုပ်ကိုင်နေတဲ့လူငယ်တွေဟာ ၃၀% ထိတိုးတတ်လာပြီလို့ ဆိုကြပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနဲ့ နေ့စဉ်ပြောင်းလဲနေတဲ့ စီးပွားရေး နယ်ပယ်မှာ သင်ဟာအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာ အောင်ဘယ်လိုကြိုးစားအားထုတ်မှုတွေ လိုအပ်သလဲ။ သင်ဟာအမှန်တကယ် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်မယ်လို့ စီစဉ်နေတယ် ဆိုရင်၊ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်တော့မယ်ဆိုရင် အောင်ပါအချက်တွေကို သိထားသင့်ပါတယ်။

အတွေးအခေါ်တွေ အမြဲတမ်းဆန်းသစ်နေပါ

သာမာန်မိရိုးဖလာတွေးခေါ်မှုတွေကနေ ကွဲထက်ပြီး အတွေးအခေါ်ကောင်းတွေ အမြဲဆန်းသစ်မှုရှိနေဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာခေတ်နဲ့အမှီတိုးတက်ပြောင်းလဲမှုတွေရှိနေတဲ့ ဈေးကွက်အခြေအနေတွေ၊ ၀ယ်သူတွေရဲ့လိုအပ်ချက်တွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှာပါ။

မိမိကိုယ်ကိုယုံကြည်မှုရှိပါ။  ဘယ်တော့မှယုံကြည်မှုမလွန်ကဲပါနဲ့ 

မိမိကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတဲ့အချက်နဲ့ ယုံကြည်မှု လွန်ကဲတယ်၊ စိတ်ကြီးဝင်တယ် ဆိုတဲ့အချက်တွေ ကြားမှာ စည်းချက်ညီတဲ့ဆောင်ရွက်ချက်တွေရှိပါတယ်။သင်ယုံကြည်မှုလွန်ကဲသွားရင် ပြဿနာတွေကို သေချာမဝေဖန်နိုင်တော့သလို သေချာလည်းမပိုင်းခြားနိုင်တော့ပါဘူး။ ဒါဆိုရင်သင့်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားမှာ အသေအချာပါဘဲ။

အမြဲ အာရုံစိုက်ပြီးလုပ်ဆောင်ပါ

ကျွန်တော်တို့ မှာစိတ်ကူးတွေ မြောက်များစွာရှိကြတာဘဲ။ ဒါပေမယ့် အကုန်လုံးကို ပြီးပြီးမြောက်မြောက် လုပ်ဆောင်ဖို့ ကမဖြစ်နိုင်ဘူးလေ။ အောင်မြင်တဲ့စီးပွားရေးလုပ်ကိုင်သူတွေ လုပ်ငန်းရှင်တွေဟာ စိတ်ကူးတခုကိုဘဲအာရုံစိုက်ပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ဆောင်သူတွေဖြစ်ပါတယ်။

ခုချက်ချင်းဘဲလုပ်ဆောင်လိုက်စမ်းပါ

အမှားဆိုတာရှိမှာဘဲ။ဒါပေမယ့်ဘာကိုပြီးဆုံးအောင်လုပ်မယ်၊ဘယ်အရာတွေကိုလုပ်ဖို့ လိုအပ်တယ်ဆိုတာကိုသိရမယ်။စွန့် ဦးလုပ်ကိုင်သူတွေဟာဆုံးဖြတ်ချက်ကို မြန်မြန်ချမှတ်ပြီးရှေ့ ဆက်လုပ်ဆောင်ကြတယ်။သုတေသန ပြုချက်တွေအရသူတို့ ချမှတ်တဲ့ဆုံးဖြတ်ချက်တွေရဲ့၇၀% ဟာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ်။

Recommended for you-အသက်၃၀မှာ မီလျံနာဖြစ်အောင်ဘယ်လိုလုပ်မလဲ

တာဝန်ခွဲဝေနိုင်စွမ်းရှိအောင် သင်ယူပါ

လုပ်ငန်းတစ်ခုကိုသင်တယောက်ထဲအောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းလွန်းပါတယ်။
ဒါ့ကြောင့် သင့်လုပ်ငန်းနဲ့ သင့်တော်တဲ့သူတွေကိုရွေးချယ်ရမယ်။ ငှားရမ်းရမယ်။ မရှာတွေ့ ဘူးဆိုတာမရှိပါဘူး။ အဖွဲ့ အစည်းလိုက် လုပ်ဆောင်ခြင်း ( team work ) ဟာ အရမ်းအရေးပါ ပါတယ်။ သင့်ရဲ့ ဝန်ထမ်းတွေကိုတာဝန်တွေခွဲဝေပေးလိုက်ပါ။ သူတို့ အတွေ့ အကြုံ တွေရမယ်။ သင်ရဲ့လုပ်ငန်းတိုးတတ်လာအောင် ကြီးပွားလာအောင်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်

ကွန်ရက်ဖွဲ့ ပါ

အခြားအသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပါ။ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဆောင်ပါ။
ကူညီပါ။ လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုပါ။လူတိုင်းဆီက အကြံညဏ်တောင်းခံပါ။
ချိန်းဆိုမှုတွေကိုဖျက်မပစ်ပါနဲ့ ။သင် စီးပွားရေးလောကထဲမှာ ဘယ်လောက်ကြာကြာရှိနေခဲ့ပါစေ ဒီအချက်ကိုလွတ်ကင်းလို့ မရနိုင်ပါဘူး

အဝတ်အစားကလည်း တစိတ်တပိုင်းအရေးကြီး ပါတယ်

မက်ဇူကာဘက်၊ စတိဂျော့တို့ လို ဂျင်းဘောင်းဘီနဲ့ T shirt ကိုဝယ်ဆင်မယ်ဆိုရင်တော့ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်တာပေါ့။ ဒါပေမယ့် သင့်ရဲ့customer တွေ ကနားလည်ပေးနိုင် လိမ့်မယ် လို့ ယူဆလို့ မရပါဘူး။စီးပွားရေးလောကမှာ အခြေခံအကျဆုံး စည်းမျဉ်းကတော့ မိမိစိတ်ကူးထားတဲ့ အနေအထား အဆင့်အတိုင်း ဝတ်စားတတ်ဖို့ ပါဘဲ။နာမည်ကြီး တံဆပ်တွေဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။

သင်အသက်ဘယ်လောက်အရွယ်ဘဲဖြစ်ပါစေ စီးပွားရေးလုပ်ပြီဆိုတာနဲ့  တိုက်ခိုက်တဲ့သူတွေကော အားပေးထောက်ခံတဲ့သူတွေကော ရှိလာမှာပါ။
ကမ္ဘာကြီးက စွန့် လွှတ်စွန့် စားရဲတဲ့သူတွေ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေကိုလိုအပ်နေပါတယ်။
ဘယ်သူမှ သင်လျှောက်လှမ်းမဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရပ်မနေစေပါနဲ့ ။

Source; Top Ten

Read times
Rate this item
(1 Vote)