-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပြားေရးတိုးခ်ဲ႕ေတာ့မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို စဥ္းစားသင့္သလဲ

စီးပြားေရးတိုးခ်ဲ႕ေတာ့မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို စဥ္းစားသင့္သလဲ google.com

စီးပြားေရး တိုးခ်ဲ႕တယ္ဆိုတာ သင့္ကို ေန႔စဥ္နဲ႔အမွ် သင္တစ္ခါမွ မႀကံဳေတြ႔ခဲ့ရဘူးတဲ့ စိန္ေခၚမႈအသစ္သစ္ေတြနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ ရမွာ ေသခ်ာပါတယ္။
စီးပြားေရးတိုးခ်ဲ႕ လုပ္ကိုင္တယ္ဆိုတာ စိန္ေခၚမႈေတြနဲ႔ သြားေရာက္ရင္ဆိုင္လိုက္သလိုလည္း ျဖစ္ႏိုင္ပါတယ္။ စတိုးဆိုင္ အသစ္ေလးတစ္ခု ဖြင့္လိုက္တယ္ဆိုရင္ပဲ ဝယ္လက္အသစ္ေတြရွာရမယ္။ ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈ အေရအတြက္ ျမႇင့္တင္ႏိုင္ေရး အတြက္ နည္းလမ္းအသစ္ေတြ ရွာေဖြႀကံဆရေတာ့မယ္။

အဲဒီလိုဆိုရင္ သင္လည္း ဖိအားေတြ အရမ္းမ်ားလာတယ္လို႔ ခံစားလာရ မယ္။ ဒါေပမဲ့လို႔ သင့္အေနနဲ႔ သင့္ေတာ္သလို လုပ္တတ္မယ္ဆိုရင္ အဲဒီ ဖိအားေတြက သင့္ကို ပိုၿပီးေအာင္ျမင္လာေအာင္ တြန္းပို႔ ေပးႏိုင္ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ စီးပြားေရးလုပ္ငန္းတစ္ခု ခ်ဲ႕ထြင္ေတာ့မယ္ဆိုရင္ေတာ့ တိက်ေသခ်ာေလာက္တဲ့ အစီအစဥ္ေတြ ဆြဲထားတာမ်ိဳး ေတာ့ ရွိဖို႔လိုပါတယ္။ အဲဒီလိုပဲ သင့္အေနနဲ႔ ခ်ဲ႕ထြင္လိုက္တဲ့ စီးပြားေရးမွာလည္း ေအာင္ျမင္မႈေတြ ေပၚထြက္လာေစခ်င္တယ္ ဆိုရင္ေတာ့ စီးပြားေရးတိုးခ်ဲ႕ဖို႔ ဆံုးျဖတ္ခ်က္မခ်ေသးခင္မွာ ကတည္းက အခုေဖာ္ျပေပးလိုက္တဲ့ (၄) ခ်က္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၾကည့္သင့္ပါတယ္။
(၁) သင့္ရဲ႕ လက္ရွိစီးပြားေရးကိုေရာ ႏိုင္ၿပီလား
စြန္႔ဦးလုပ္ကိုင္သူတိုင္း နီးပါးဟာ တစ္ေန႔က်ရင္ ေဒၚလာသန္းခ်ီတန္တဲ့ ကုမၸဏီေတြ အမ်ားႀကီး run မယ္ဆိုတဲ့ စိတ္ကူးေတြ ရွိၾကပါတယ္။ ဒါေပမဲ့ အဲဒီလို သမိုင္းမွတ္တိုင္ကို ေရာက္ရွိသြားၾကတဲ့ စြန္႔ဦးလုပ္ကိုင္သူေတြဟာ သူတို႔ ဝါးႏိုင္တာထက္ပိုၿပီး မကိုက္တတ္ၾကပါဘူး။ သင့္အေနနဲ႔ သင့္ကိုယ္သင္ အလုပ္ပိုႀကိဳးစားၿပီး ပိုလုပ္ႏိုင္ခ်င္တယ္ ဆိုရင္ေတာင္မွ သင့္ကိုသင္ေတာ့ ဒုကၡမေပးခ်င္တာ အမွန္ပဲျဖစ္ပါလိမ့္မယ္။
အကယ္၍ သင့္အေနနဲ႔ ခ်ဲ႕ထြင္ဖို႔ ဆံုးျဖတ္ထားတယ္ဆိုရင္ အသစ္ခ်ဲ႕ထြင္မယ့္ အလုပ္နဲ႔ပတ္သက္ၿပီး ဘယ္ရာေတြ လုပ္ႏိုင္စြမ္းရွိၿပီး၊ ဘယ္အရာေတြကိုေတာ့ မလုပ္ႏိုင္ဘူးဆိုတာ ပထမဆံုး စဥ္းစား ေရြးထုတ္ၾကည့္ပါ။ ေခါင္းေအးေအးထားၿပီး လက္လႊဲထားႏိုင္ဖို႔ရာအတြက္ သင္ကိုယ္တိုင္ (သို႔) သင့္ရဲ႕ အဖြဲ႔အစည္းမွာက ျပႆနာအခက္အခဲ တစ္ခုခု ရွိေနမယ္ဆိုရင္ သင့္ကိုယ္သင္ တာဝန္အသစ္ ေတြနဲ႔ ပေရာဂ်က္အသစ္ေတြတိုးၿပီး ဝန္ပိက်ဆံုးသြားေအာင္ မလုပ္မိပါေစနဲ႔။ အဲဒီလိုလုပ္မယ့္အစား အရင္းအျမစ္ေတြနဲ႔ သင့္ရဲ႕ တိုးခ်ဲ႕မယ့္ လုပ္ငန္းေတြအေပၚမွာ အာရံုစိုက္ထုတ္ႏိုင္တဲ့အခ်ိန္ မေရာက္မခ်င္း ေစာင့္ဆိုင္းပါ။

(၂) တိုးခ်ဲ႕မႈတစ္ခုအတြက္ တတ္ႏိုင္မႈရွိရဲ႕လား

သင့္အေနနဲ႔ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ေနၿပီဆိုရင္ “ေငြကို ေငြနဲ႔ မွ်ားရမယ္” ဆိုတဲ့ စကားပံုေလးကို ၾကားဖူးမယ္ ထင္ပါတယ္။ မွန္လည္းမွန္ပါတယ္။ အဲဒီလိုပဲ သင့္အေနနဲ႔ စီးပြားေရးတိုးခ်ဲ႕ဖို႔ ႀကံရြယ္ေနတယ္ ဆိုရင္လည္း ဒီစကားပံုေလးက အသံုးတည့္ပါတယ္။ တိုးခ်ဲ႕မႈက သင့္စီးပြားေရးအတြက္ ေငြပိုဝင္ေစတာ မွန္တယ္ဆိုေပမဲ့လည္း ႐ုတ္တရက္ဆိုသလို ခ်က္ခ်င္းေတာ့ လည္း လုပ္လို႔ရမွာ မဟုတ္ပါဘူး။ အရင္ဆံုး ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ ျပင္ဆင္ဖို႔ လိုပါတယ္။ဒါ့ေၾကာင့္ စီးပြားေရးေတြကို တိုးခ်ဲ႕ဖို႔ မဆံုးျဖတ္ေသးခင္မွာ သင့္ရဲ႕ ဘ႑ာေရးနဲ႔ပတ္သက္ၿပီး အၿမဲမျပတ္ check လုပ္ေပးဖို႔ လိုပါတယ္။ သင့္မွာ လိုအပ္တဲ့ေငြပမာဏ လံုလံုေလာက္ေလာက္မရွိဘူးဆိုရင္ လုပ္ငန္းတိုးခ်ဲ႕ျခင္းဟာ သင့္အတြက္ အေတာ္ေလး ပင္ပန္းခက္ခဲေစမယ့္ အရာတစ္ခုလို ျဖစ္လာပါလိမ့္မယ္။ အဲဒီလိုမဟုတ္ဘဲ သင့္မွာ ေရရွည္အတြက္ လံုေလာက္တဲ့ေငြပမာဏ ရွိထားႏွင့္ၿပီ၊ လုပ္ငန္းတိုးခ်ဲ႕တဲ့အခါ အျပည့္အဝ ပံ့ပိုးေပးႏိုင္ၿပီဆိုတဲ့ အေနအထားမ်ိဳးရွိေနမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ တျခား အခ်က္ေတြကိုသာ စဥ္းစားဖို႔ လိုပါေတာ့တယ္။

Read-၂၁ရာစုရဲ႕ လူငယ္စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ဆိုတာ


(၃) သင့္ရဲ႕ၿပိဳင္ဘက္ေတြက ခ်ဲ႕ထြင္ႏွင့္ၿပီလား
စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ၿပိဳင္ဘက္ေတြကို ေစာင့္ၾကည့္ျခင္းအားျဖင့္ ေလ့လာသင္ယူႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ ပစ္မွတ္ထားတဲ့ လူထုခ်င္းက တူညီေနတဲ့အတြက္ေၾကာင့္ ျဖစ္ၿပီး ဝယ္ယူသံုးစြဲသူေတြကို ဆြဲေဆာင္ၾကတဲ့ေနရာမွာ သင္တို႔ရဲ႕ အိုင္ဒီယာေတြ၊ နည္းဗ်ဴဟာေတြဟာလည္း တူညီသေလာက္ ျဖစ္ေနတတ္ပါတယ္။ ဆိုလိုတာက သူတို႔ရဲ႕ ေအာင္ျမင္မႈ၊ က်ဆံုးမႈေတြ ကေန သင့္အတြက္ အလုပ္ျဖစ္ေစမယ့္ အရာေတြကို ေလ့လာသင္ယူၿပီး အသံုးျပဳႏိုင္ပါတယ္။သင့္ၿပိဳင္ဘက္ေတြက အရင္ဦးေအာင္ တိုးခ်ဲ႕ထားႏွင့္ၿပီ ဆိုရင္ နယ္ပယ္အသစ္တစ္ခုမွာ ေရာက္ေနႏွင့္တဲ့ သူတို႔ရဲ႕ ေအာင္ျမင္မႈေတြကို သင့္အေနနဲ႔ အသံုးခ်လို႔ ရႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ သင့္အေနနဲ႔က အဲဒီနယ္ပယ္မွာ သင့္ရဲ႕ စီးပြားေရးအိုင္ဒီယာ အသစ္ေတြကို တိတိက်က် ခ်ျပမိတ္ဆက္ထားတာမ်ိဳး မရွိေသးလို႔ပဲ ျဖစ္ပါတယ္။ၿပီးေတာ့ သင့္အေနနဲ႔ အဲဒီနယ္ပယ္မွာ ပစ္မွတ္ထားတဲ့ လူထုနဲ႔ပတ္သက္ၿပီးေတာ့လည္း နားလည္ေအာင္ အခ်ိန္ေတြ အမ်ားႀကီးေပးၿပီး ႀကိဳးစားေနစရာလည္း မလိုေတာ့ပါဘူး။ ဒါေပမဲ့ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက ဒီလိုအခြင့္အေရးေတြ ရတယ္ဆိုေပမဲ့ လည္း အခ်ိန္အရမ္းမဆြဲပါနဲ႔။ သင့္မွာ အဘက္ဘက္က ျပည့္စံုမႈ၊ ခိုင္မာမႈရွိေနၿပီဆိုရင္ သင့္ၿပိဳင္ဘက္ေတြကို လက္ဦးခြင့္ မေပးတာ အေကာင္းဆံုးျဖစ္ပါတယ္။

(၄) သင္ကိုယ္တိုင္နဲ႔ သင့္အဖြဲ႔အစည္းကေရာ စိန္ေခၚမႈေတြအတြက္ ရင္ဆိုင္ဖို႔ အသင့္ျဖစ္ၿပီလား
သင့္ရဲ႕စီးပြားေရးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ တိုးခ်ဲ႕ခ်င္တယ္ဆိုရင္ စိတ္ကူးေပါက္ရာ ေလွ်ာက္လုပ္လို႔ မရပါဘူး။ သင့္မွာ ေငြေၾကး ေထာက္ပံ့ႏိုင္မႈ လံုလံုေလာက္ေလာက္ ရွိေနမယ္ဆိုရင္ေတာင္မွ တိုးခ်ဲ႕ဖို႔အတြက္ အခ်ိန္နဲ႔ ေနရာလိုအပ္ပါေသးတယ္။ သင့္မွာ motivation ရွိမေနဘူးဆိုရင္လည္း သင္အေနနဲ႔ ေကာင္းေကာင္း လုပ္ႏိုင္မွာ မဟုတ္ပါဘူး။စီးပြားေရး တိုးခ်ဲ႕တယ္ဆိုတာ သင့္ကို ေန႔စဥ္နဲ႔အမွ် သင္တစ္ခါမွ မႀကံဳေတြ႔ခဲ့ရဘူးတဲ့ စိန္ေခၚမႈအသစ္သစ္ေတြနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ ရမွာ ေသခ်ာပါတယ္။ စီးပြားေရးတိုးခ်ဲ႕မႈကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ သင္ေရာ သင့္အဖြဲ႔အစည္းပါ အဲဒီလိုႀကံဳေတြ႔လာသမွ် အခက္အခဲ၊ စိန္ေခၚမႈေတြကို ကိုင္တြယ္ေလွ်ာက္လွမ္း ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားဖို႔ လိုပါတယ္။ သင့္ရဲ႕အဖြဲ႔အစည္းဟာ မွန္ကန္တဲ့ လံႈ႔ေဆာ္မႈမ်ိဳး၊ ဒါမွမဟုတ္ မွန္ကန္တဲ့ ဖြဲ႔စည္းပံုမ်ိဳး ရွိမထားဘူးဆိုရင္ ေအာင္ျမင္ဖို႔ရာအတြက္ အေတာ္ေလးကို ႐ုန္းကန္ရပါလိမ့္မယ္။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory



Credit: entrepreneur

Unicode Version

စီးပွားရေး တိုးချဲ့တယ်ဆိုတာ သင့်ကို နေ့စဉ်နဲ့အမျှ သင်တစ်ခါမှ မကြုံတွေ့ခဲ့ရဘူးတဲ့ စိန်ခေါ်မှုအသစ်သစ်တွေနဲ့ ရင်ဆိုင်ကြံုတွေ့ ရမှာ သေချာပါတယ်။

စီးပွားရေးတိုးချဲ့ လုပ်ကိုင်တယ်ဆိုတာ စိန်ခေါ်မှုတွေနဲ့ သွားရောက်ရင်ဆိုင်လိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ စတိုးဆိုင် အသစ်လေးတစ်ခု ဖွင့်လိုက်တယ်ဆိုရင်ပဲ ဝယ်လက်အသစ်တွေရှာရမယ်။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အရေအတွက် မြှင့်တင်နိုင်ရေး အတွက် နည်းလမ်းအသစ်တွေ ရှာဖွေကြံဆရတော့မယ်။ အဲဒီလိုဆိုရင် သင်လည်း ဖိအားတွေ အရမ်းများလာတယ်လို့ ခံစားလာရ မယ်။ ဒါပေမဲ့လို့ သင့်အနေနဲ့ သင့်တော်သလို လုပ်တတ်မယ်ဆိုရင် အဲဒီ ဖိအားတွေက သင့်ကို ပိုပြီးအောင်မြင်လာအောင် တွန်းပို့ ပေးနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခု ချဲ့ထွင်တော့မယ်ဆိုရင်တော့ တိကျသေချာလောက်တဲ့ အစီအစဉ်တွေ ဆွဲထားတာမျိုး တော့ ရှိဖို့လိုပါတယ်။ အဲဒီလိုပဲ သင့်အနေနဲ့ ချဲ့ထွင်လိုက်တဲ့ စီးပွားရေးမှာလည်း အောင်မြင်မှုတွေ ပေါ်ထွက်လာစေချင်တယ် ဆိုရင်တော့ စီးပွားရေးတိုးချဲ့ဖို့ ဆုံးဖြတ်ချက်မချသေးခင်မှာ ကတည်းက အခုဖော်ပြပေးလိုက်တဲ့ (၄) ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။

(၁) သင့်ရဲ့ လက်ရှိစီးပွားရေးကိုရော နိုင်ပြီလား

စွန့်ဦးလုပ်ကိုင်သူတိုင်း နီးပါးဟာ တစ်နေ့ကျရင် ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီတွေ အများကြီး run မယ်ဆိုတဲ့ စိတ်ကူးတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလို သမိုင်းမှတ်တိုင်ကို ရောက်ရှိသွားကြတဲ့ စွန့်ဦးလုပ်ကိုင်သူတွေဟာ သူတို့ ဝါးနိုင်တာထက်ပိုပြီး မကိုက်တတ်ကြပါဘူး။ သင့်အနေနဲ့ သင့်ကိုယ်သင် အလုပ်ပိုကြိုးစားပြီး ပိုလုပ်နိုင်ချင်တယ် ဆိုရင်တောင်မှ သင့်ကိုသင်တော့ ဒုက္ခမပေးချင်တာ အမှန်ပဲဖြစ်ပါလိမ့်မယ်။
အကယ်၍ သင့်အနေနဲ့ ချဲ့ထွင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အသစ်ချဲ့ထွင်မယ့် အလုပ်နဲ့ပတ်သက်ပြီး ဘယ်ရာတွေ လုပ်နိုင်စွမ်းရှိပြီး၊ ဘယ်အရာတွေကိုတော့ မလုပ်နိုင်ဘူးဆိုတာ ပထမဆုံး စဉ်းစား ရွေးထုတ်ကြည့်ပါ။ ခေါင်းအေးအေးထားပြီး လက်လွှဲထားနိုင်ဖို့ရာအတွက် သင်ကိုယ်တိုင် (သို့) သင့်ရဲ့ အဖွဲ့အစည်းမှာက ပြဿနာအခက်အခဲ တစ်ခုခု ရှိနေမယ်ဆိုရင် သင့်ကိုယ်သင် တာဝန်အသစ် တွေနဲ့ ပရောဂျက်အသစ်တွေတိုးပြီး ဝန်ပိကျဆုံးသွားအောင် မလုပ်မိပါစေနဲ့။ အဲဒီလိုလုပ်မယ့်အစား အရင်းအမြစ်တွေနဲ့ သင့်ရဲ့ တိုးချဲ့မယ့် လုပ်ငန်းတွေအပေါ်မှာ အာရုံစိုက်ထုတ်နိုင်တဲ့အချိန် မရောက်မချင်း စောင့်ဆိုင်းပါ။

(၂) တိုးချဲ့မှုတစ်ခုအတွက် တတ်နိုင်မှုရှိရဲ့လား
သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီဆိုရင် “ငွေကို ငွေနဲ့ မျှားရမယ်” ဆိုတဲ့ စကားပုံလေးကို ကြားဖူးမယ် ထင်ပါတယ်။ မှန်လည်းမှန်ပါတယ်။ အဲဒီလိုပဲ သင့်အနေနဲ့ စီးပွားရေးတိုးချဲ့ဖို့ ကြံရွယ်နေတယ် ဆိုရင်လည်း ဒီစကားပုံလေးက အသုံးတည့်ပါတယ်။ တိုးချဲ့မှုက သင့်စီးပွားရေးအတွက် ငွေပိုဝင်စေတာ မှန်တယ်ဆိုပေမဲ့လည်း ရုတ်တရက်ဆိုသလို ချက်ချင်းတော့ လည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ အရင်ဆုံး ရင်းနှီးမြှုပ်နှံဖို့အတွက် ပြင်ဆင်ဖို့ လိုပါတယ်။ဒါ့ကြောင့် စီးပွားရေးတွေကို တိုးချဲ့ဖို့ မဆုံးဖြတ်သေးခင်မှာ သင့်ရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အမြဲမပြတ် check လုပ်ပေးဖို့ လိုပါတယ်။ သင့်မှာ လိုအပ်တဲ့ငွေပမာဏ လုံလုံလောက်လောက်မရှိဘူးဆိုရင် လုပ်ငန်းတိုးချဲ့ခြင်းဟာ သင့်အတွက် အတော်လေး ပင်ပန်းခက်ခဲစေမယ့် အရာတစ်ခုလို ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ သင့်မှာ ရေရှည်အတွက် လုံလောက်တဲ့ငွေပမာဏ ရှိထားနှင့်ပြီ၊ လုပ်ငန်းတိုးချဲ့တဲ့အခါ အပြည့်အဝ ပံ့ပိုးပေးနိုင်ပြီဆိုတဲ့ အနေအထားမျိုးရှိနေမယ်ဆိုရင်တော့ သင့်အနေနဲ့ တခြား အချက်တွေကိုသာ စဉ်းစားဖို့ လိုပါတော့တယ်။

(၃) သင့်ရဲ့ပြိုင်ဘက်တွေက ချဲ့ထွင်နှင့်ပြီလား

စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြိုင်ဘက်တွေကို စောင့်ကြည့်ခြင်းအားဖြင့် လေ့လာသင်ယူနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ပစ်မှတ်ထားတဲ့ လူထုချင်းက တူညီနေတဲ့အတွက်ကြောင့် ဖြစ်ပြီး ဝယ်ယူသုံးစွဲသူတွေကို ဆွဲဆောင်ကြတဲ့နေရာမှာ သင်တို့ရဲ့ အိုင်ဒီယာတွေ၊ နည်းဗျူဟာတွေဟာလည်း တူညီသလောက် ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့ အောင်မြင်မှု၊ ကျဆုံးမှုတွေ ကနေ သင့်အတွက် အလုပ်ဖြစ်စေမယ့် အရာတွေကို လေ့လာသင်ယူပြီး အသုံးပြုနိုင်ပါတယ်။သင့်ပြိုင်ဘက်တွေက အရင်ဦးအောင် တိုးချဲ့ထားနှင့်ပြီ ဆိုရင် နယ်ပယ်အသစ်တစ်ခုမှာ ရောက်နေနှင့်တဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို သင့်အနေနဲ့ အသုံးချလို့ ရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သင့်အနေနဲ့က အဲဒီနယ်ပယ်မှာ သင့်ရဲ့ စီးပွားရေးအိုင်ဒီယာ အသစ်တွေကို တိတိကျကျ ချပြမိတ်ဆက်ထားတာမျိုး မရှိသေးလို့ပဲ ဖြစ်ပါတယ်။ပြီးတော့ သင့်အနေနဲ့ အဲဒီနယ်ပယ်မှာ ပစ်မှတ်ထားတဲ့ လူထုနဲ့ပတ်သက်ပြီးတော့လည်း နားလည်အောင် အချိန်တွေ အများကြီးပေးပြီး ကြိုးစားနေစရာလည်း မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီလိုအခွင့်အရေးတွေ ရတယ်ဆိုပေမဲ့ လည်း အချိန်အရမ်းမဆွဲပါနဲ့။ သင့်မှာ အဘက်ဘက်က ပြည့်စုံမှု၊ ခိုင်မာမှုရှိနေပြီဆိုရင် သင့်ပြိုင်ဘက်တွေကို လက်ဦးခွင့် မပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(၄) သင်ကိုယ်တိုင်နဲ့ သင့်အဖွဲ့အစည်းကရော စိန်ခေါ်မှုတွေအတွက် ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား

သင့်ရဲ့စီးပွားရေးကို အောင်အောင်မြင်မြင်နဲ့ တိုးချဲ့ချင်တယ်ဆိုရင် စိတ်ကူးပေါက်ရာ လျှောက်လုပ်လို့ မရပါဘူး။ သင့်မှာ ငွေကြေး ထောက်ပံ့နိုင်မှု လုံလုံလောက်လောက် ရှိနေမယ်ဆိုရင်တောင်မှ တိုးချဲ့ဖို့အတွက် အချိန်နဲ့ နေရာလိုအပ်ပါသေးတယ်။ သင့်မှာ motivation ရှိမနေဘူးဆိုရင်လည်း သင်အနေနဲ့ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။စီးပွားရေး တိုးချဲ့တယ်ဆိုတာ သင့်ကို နေ့စဉ်နဲ့အမျှ သင်တစ်ခါမှ မကြံုတွေ့ခဲ့ရဘူးတဲ့ စိန်ခေါ်မှုအသစ်သစ်တွေနဲ့ ရင်ဆိုင်ကြံုတွေ့ ရမှာ သေချာပါတယ်။ စီးပွားရေးတိုးချဲ့မှုကို အောင်အောင်မြင်မြင်နဲ့ ဖြစ်ချင်တယ်ဆိုရင်တော့ သင်ရော သင့်အဖွဲ့အစည်းပါ အဲဒီလိုကြံုတွေ့လာသမျှ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ကိုင်တွယ်လျှောက်လှမ်း နိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ သင့်ရဲ့အဖွဲ့အစည်းဟာ မှန်ကန်တဲ့ လှုံ့ဆော်မှုမျိုး၊ ဒါမှမဟုတ် မှန်ကန်တဲ့ ဖွဲ့စည်းပုံမျိုး ရှိမထားဘူးဆိုရင် အောင်မြင်ဖို့ရာအတွက် အတော်လေးကို ရုန်းကန်ရပါလိမ့်မယ်။

Credit: entrepreneur

Read times
Rate this item
(0 votes)