-->
×

Warning

JUser: :_load: Unable to load user with ID: 29


ငယ္ရြယ္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစဖို႔

ငယ္ရြယ္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစဖို႔ google.com

ေအာင္ျမင္မႈဆိုတာကေတာ့ လူတိုင္းလိုခ်င္ၾကတဲ့ ဆုလာဘ္တစ္ခုပါပဲ။ ဒါေပမဲ့ ငယ္ရြယ္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝကိုေရာ ဘယ္လိုမ်ားရယူႏိုင္မလဲ။ ကိုယ္ပိုင္ဘဝမွာေရာ၊ Professional မွာပါ ေအာင္ျမင္မႈတံခါးေပါက္ကိုဖြင့္ဖို႔အတြက္ ဆိုရင္ေတာ့ ဒီအခ်က္ေတြက လွ်ိဳ႕ဝွက္ေသာ့ပဲျဖစ္ပါလိမ့္မယ္။ 

ပန္းတိုင္သတ္မွတ္ပါ

ပန္းတိုင္းမရွိလွ်င္ သြားသာသြားေနမယ္၊ ခရီးေတာ့မေရာက္ႏိုင္ပါဘူး။ ဒါေၾကာင့္ ေအာင္ျမင္ခ်င္တယ္ ဆိုလွ်င္ေတာ့ ပန္းတိုင္တစ္ခု သတ္သတ္မွတ္မွတ္ရွိရပါမယ္။

ေအာင္ျမင္ရမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိရမယ္

ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈက ခရီးသြားတစ္ဝက္လို႔အဆိုရွိပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မွဳ ရွိေနမယ္ဆိုလွ်င္ ေအာင္ျမင္ဖို႔ ခရီးတစ္ဝက္ေလွ်ာက္လွမ္းၿပီးၿပီလို႔သတ္မွတ္ရမွာ ပါ။ ယံုၾကည္မႈဆိုတာ လူတစ္ေယာက္အတြက္ သိပ္ကိုအေရးႀကီးတဲ့အခ်က္တစ္ခုပါ။

Perfect ျဖစ္ရမယ္လို႔ ေမွ်ာ္လင့္မထားပါနဲ႔

ကိုယ့္ကိုယ္ကိုယ္ perfect တစ္ေယာက္ျဖစ္ရမယ္လို႔ ေမွ်ာ္လင့္မထားပါနဲ႔။ ဘယ္သူ မွဘဝမွာ perfect မျဖစ္ႏိုင္ပါဘူး။ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြရွိေနဦးမွာပဲ။ ဒီအခ်က္ေတြကို ဟန္ခ်က္ညီညီထိန္းေက်ာင္းသြားၾကရမွာပဲျဖစ္ပါတယ္။

Read-၁၄ႏွစ္နဲ႔ ေလယာဥ္ပ်ံကုိ တီထြင္ခဲ့သူ (သုိ႔) ၂၁ရာစု အုိင္းစတုိင္းလုိ႔ ခုိင္းႏႈိင္းခံရတဲ့ေကာင္မေလး

ကိုယ့္အတြက္ အဓိပၸာယ္ရွိတဲ့ သူငယ္ခ်င္းမိတ္ေဆြမ်ားရွိပါေစ

အေပါင္းအသင္းမိတ္ေဆြဆိုတာသိပ္ကိုအေရးႀကီးပါတယ္။ လုပ္ငန္းခြင္ထဲမွာဆို လွ်င္လည္း လုပ္ေဖာ္ကိုင္ဖက္ ေတြက အေရးႀကီးပါတယ္။ လုပ္ငန္းခြင္ျပင္ပမွာဆိုလွ်င္ေတာ့ ကိုယ့္ရဲ႕မိတ္ေဆြသူငယ္ခ်င္း၊ မိသားစုေတြက အေရးႀကီးပါတယ္။ သူတို႔က ကိုယ့္ရဲ႕ေအာင္ ျမင္မႈအတြက္ တစ္စိတ္တစ္ပိုင္းေထာက္ပံ့ေပးႏိုင္သူေတြ၊ ကူညီေပးႏိုင္သူေတြျဖစ္ဖို႔လိုပါ တယ္။

ႏွလံုးသားေရးရာနဲ႔ အျခားလုပ္ရမယ့္ကိစၥမ်ားကို ေရာေထြးမွဳမရွိပါေစနဲ႔

ငယ္ရြယ္စဥ္အခ်ိန္မွာ ႏွလံုးသားေရးရာကိစၥေတြကေတာ့ အနည္းနဲ႔အမ်ားရွိမွာပါ။ သို႔ေသာ္ ကုိယ့္ဘ၀ရဲ႕ေအာင္ျမင္မွဳလမ္းေတြကို ထိခိုက္၊ အေႏွာင့္အယွက္ျဖစ္တဲ႔အထိေတာ့ စိတ္အလိုမလုိက္ပါနဲ႔။ သင္ေအာင္ျမင္လာတဲ့အခါ အခ်စ္က အလုိအေလ်ာက္ေရာက္ရွိလာမွာပါ။

ကိုယ့္ရဲ႕စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေအာင္ေနပါ

က်န္းမာျခင္းက လာဘ္ႀကီးတစ္ပါးပါ။ မက်န္းမာလွ်င္ ဘယ္ေလာက္ပဲေတာ္ေန ေတာ္ေန ေမွ်ာ္လင့္ ထားသေလာက္ မစြမ္းေဆာင္ႏိုင္ပါဘူး။ ကိုယ့္ရဲ႕႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရး ေကာင္းေနေပမဲ့ စိတ္ပိုင္းဆိုင္ရာအရ စိတ္မေပ်ာ္ရႊင္ဘူး၊ စိတ္ဓာတ္က်ေနမယ္ ဆိုလွ်င္လည္း ေအာင္ျမင္မႈနဲ႔ မနီးစပ္ႏိုင္ေသးတာကို သတိျပဳရပါမယ္။

ကိုယ့္ရဲ႕ဝင္ေငြကို စီမံခန္႔ခြဲပါ

ကိုယ့္ရဲ႕လစဥ္ဝင္ေငြထြက္ေငြကို စီမံခန္႔ခြဲတတ္ဖို႔လည္းလိုအပ္ပါတယ္။ ကိုယ့္မွာ ဝင္ေငြကမ်ားပါရဲ႕။ ဒါေပမဲ့ ထြက္ေငြက ဝင္ေငြထက္ပိုမ်ားေနမယ္ဆိုလွ်င္ ကိုယ့္ရဲ႕ စြမ္းေဆာင္မႈကအလကားျဖစ္ေနဦးမွာပါပဲ။ ေအာင္ျမင္မႈအတြက္ ေငြေၾကးက အဓိက အရာလားဆိုေတာ့လည္း မဟုတ္ေသးပါဘူး။ ကိုယ့္မွာ ေငြရွိေပမဲ့ ကိုယ့္မွာစိတ္ကူး စိတ္သန္းေကာင္းေကာင္းမရွိဘူးဆိုလွ်င္လည္း မေအာင္ျမင္ႏိုင္ပါဘူး။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Source; 24jobs.com.mm

Unicode Version

အောင်မြင်မှုဆိုတာကတော့ လူတိုင်းလိုချင်ကြတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒါပေမဲ့ ငယ်ရွယ်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုရော ဘယ်လိုများရယူနိုင်မလဲ။ ကိုယ်ပိုင်ဘဝမှာရော၊ Professional မှာပါ အောင်မြင်မှုတံခါးပေါက်ကိုဖွင့်ဖို့အတွက် ဆိုရင်တော့ ဒီအချက်တွေက လျှို့ဝှက်သော့ပဲဖြစ်ပါလိမ့်မယ်။
ပန်းတိုင်သတ်မှတ်ပါ
ပန်းတိုင်းမရှိလျှင် သွားသာသွားနေမယ်၊ ခရီးတော့မရောက်နိုင်ပါဘူး။ ဒါကြောင့် အောင်မြင်ချင်တယ် ဆိုလျှင်တော့ ပန်းတိုင်တစ်ခု သတ်သတ်မှတ်မှတ်ရှိရပါမယ်။
အောင်မြင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ခရီးသွားတစ်ဝက်လို့အဆိုရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေမယ်ဆိုလျှင် အောင်မြင်ဖို့ ခရီးတစ်ဝက်လျှောက်လှမ်းပြီးပြီလို့သတ်မှတ်ရမှာ ပါ။ ယုံကြည်မှုဆိုတာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။
Perfect ဖြစ်ရမယ်လို့ မျှော်လင့်မထားပါနဲ့
ကိုယ့်ကိုယ်ကိုယ် perfect တစ်ယောက်ဖြစ်ရမယ်လို့ မျှော်လင့်မထားပါနဲ့။ ဘယ်သူ မှဘဝမှာ perfect မဖြစ်နိုင်ပါဘူး။ အားသာချက်တွေ၊ အားနည်းချက်တွေရှိနေဦးမှာပဲ။ ဒီအချက်တွေကို ဟန်ချက်ညီညီထိန်းကျောင်းသွားကြရမှာပဲဖြစ်ပါတယ်။
ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ သူငယ်ချင်းမိတ်ဆွေများရှိပါစေ
အပေါင်းအသင်းမိတ်ဆွေဆိုတာသိပ်ကိုအရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမှာဆို လျှင်လည်း လုပ်ဖော်ကိုင်ဖက် တွေက အရေးကြီးပါတယ်။ လုပ်ငန်းခွင်ပြင်ပမှာဆိုလျှင်တော့ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေက အရေးကြီးပါတယ်။ သူတို့က ကိုယ့်ရဲ့အောင် မြင်မှုအတွက် တစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးနိုင်သူတွေ၊ ကူညီပေးနိုင်သူတွေဖြစ်ဖို့လိုပါ တယ်။
နှလုံးသားရေးရာနဲ့ အခြားလုပ်ရမယ့်ကိစ္စများကို ရောထွေးမှုမရှိပါစေနဲ့
ငယ်ရွယ်စဉ်အချိန်မှာ နှလုံးသားရေးရာကိစ္စတွေကတော့ အနည်းနဲ့အများရှိမှာပါ။ သို့သော် ကိုယ့်ဘဝရဲ့အောင်မြင်မှုလမ်းတွေကို ထိခိုက်၊ အနှောင့်အယှက်ဖြစ်တဲ့အထိတော့ စိတ်အလိုမလိုက်ပါနဲ့။ သင်အောင်မြင်လာတဲ့အခါ အချစ်က အလိုအလျောက်ရောက်ရှိလာမှာပါ။
ကိုယ့်ရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင်နေပါ
ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပါ။ မကျန်းမာလျှင် ဘယ်လောက်ပဲတော်နေ တော်နေ မျှော်လင့် ထားသလောက် မစွမ်းဆောင်နိုင်ပါဘူး။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းနေပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ စိတ်မပျော်ရွှင်ဘူး၊ စိတ်ဓာတ်ကျနေမယ် ဆိုလျှင်လည်း အောင်မြင်မှုနဲ့ မနီးစပ်နိုင်သေးတာကို သတိပြုရပါမယ်။
ကိုယ့်ရဲ့ဝင်ငွေကို စီမံခန့်ခွဲပါ
ကိုယ့်ရဲ့လစဉ်ဝင်ငွေထွက်ငွေကို စီမံခန့်ခွဲတတ်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်မှာ ဝင်ငွေကများပါရဲ့။ ဒါပေမဲ့ ထွက်ငွေက ဝင်ငွေထက်ပိုများနေမယ်ဆိုလျှင် ကိုယ့်ရဲ့ စွမ်းဆောင်မှုကအလကားဖြစ်နေဦးမှာပါပဲ။ အောင်မြင်မှုအတွက် ငွေကြေးက အဓိက အရာလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ကိုယ့်မှာ ငွေရှိပေမဲ့ ကိုယ့်မှာစိတ်ကူး စိတ်သန်းကောင်းကောင်းမရှိဘူးဆိုလျှင်လည်း မအောင်မြင်နိုင်ပါဘူး။
Source; 24jobs.com.mm

Read times
Rate this item
(1 Vote)