-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပြားေရး လုပ္ငန္းတစ္ခုမစတင္ခင္မွာ ႀကိဳတင္စဥ္းစားသင့္သည့္အခ်က္မ်ား

စီးပြားေရး လုပ္ငန္းတစ္ခုမစတင္ခင္မွာ ႀကိဳတင္စဥ္းစားသင့္သည့္အခ်က္မ်ား google.com

စီးပြားေရးလုပ္ငန္း တစ္ခု မလုပ္ခင္ ႀကိဳတင္ စဥ္းစားဖို႔လိုပါတယ္။ ဘာေတြ စဥ္းစားဖို့ လိုအပ္ သလဲ။ အနည္း ဆံုးေတာ့ အခ်က္ေလးခ်က္ကို မျဖစ္မေနစဥ္းစားဖို့ လိုပါတယ္။ အဲဒါေတြက

၁။ Types of Business
၂။ Market Area
၃။ Investments Types
၄။ Break Even Point

ၾကိဳတင္စီစဥ္ေရးဆြဲမႈေတြနဲ႔ ေစ်းကြက္ကုိ Analysis လုပ္ႏုိင္ဖုိ႔လုိပါမယ္။

နံပါတ္ ၁ အခ်က္ျဖစ္တဲ့ Types of Business စီးပြားေရး လုပ္ငန္း အမ်ဳိးအစား ကို စတင္ စဥ္းစားဖို့ လိုပါလိမ့္မယ္။

ကုန္ထုတ္ လုပ္မႈ (Production)
၀န္ေဆာင္မႈ (Service)
ေရာင္း၀ယ္ေရး (Trading)

စသျဖင့္ ကိုယ္လုပ္ခ်င္တဲ့ စီးပြားေရး လုပ္ငန္းအမ်ဳိး အစားကို စတင္ စဥ္းစားပါ။ အဲဒီလို စဥ္းစားတဲ့ အခါ ကိုယ္ ၀ါသနာပါတဲ့၊ ကိုယ္လုပ္ခ်င္တဲ့ လုပ္ငန္းအမ်ဳိးအစားကို ေရြးခ်ယ္ပါ။ ပတ္၀န္းက်င္မႇာ လႊမ္းမိုးမႈမ်ားေနတဲ့ လုပ္ငန္းတိုင္းကို မ်က္စိမက်ပါနဲ့။

ဆိုလိုတာက သူမ်ားေတြ ဟိုတယ္ဖြင့္လို႔ လိုက္ဖြင့္တာမ်ဳိး၊ ေငြလြဲႊေကာင္တာ ၊ခရီးသြားလုပ္ငန္း ဖြင့္လို့ လိုက္ဖြင့္တာမ်ဳိး မလုပ္ဖို႔ေျပာခ်င္တာပါ။
ေခတ္ကာလ အေနအထား အရေစ်းကြက္ရဲ့ လိုအပ္ခ်က္၊ ( Market Requirements )ကို ထည့္သြင္းစဥ္းစား ရမႇာျဖစ္ေပမဲ့ ကိုယ္မလုပ္ခ်င္တဲ့ လုပ္ငန္းခြင္ဆို Creative Thinking ေတြ၊ Creative Idea ေတြ အားနည္း တတ္တဲ့ အတြက္ ကိုယ့္ရဲ႕ Coustomers ေတြကိုေက်နပ္ေအာင္ လုပ္ေဆာင္တဲ့ေနရာမႇာ အားနည္းတတ္ ပါတယ္။ တစ္နည္းေျပာရရင္ Customer Satisfaction ကိုလုပ္ေဆာင္ေပးႏိုင္စြမ္း အားနည္း တတ္ပါတယ္။

Read-စီးပြားေရးတိုးခ်ဲ႕ေတာ့မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို စဥ္းစားသင့္သလဲ

နံပါတ္ ၂ ကေတာ့ Market Area ... ကို ထည့္သြင္း စဥ္းစား ရပါမယ္။
ကိုယ့္ရဲ႕လုပ္ငန္းကို ဘယ္အတုိင္းအတာအထိ ေျခဆန့္နိုင္ရန္ ရည္ရြယ္ထားလဲ။ စီးပြားေရး လုပ္ငန္း အမ်ဳိးအစား (Types of Business) နဲ႔ေစ်းကြက္ (Market Area) ဟာ တိုက္႐ိုက္ဆက္စပ္ေနပါတယ္။

ဆိုလိုတာက အိမ္ဆိုင္ေလးေလာက္ ဖြင့္မယ့္သူက ကိုယ့္ရဲ႕ Market Area ကကိုယ့္ရပ္ကြက္ေလာက္ပဲျဖစ္ မႇာပါ။ ေရသန္႔စက္႐ံု တစ္ခုလုပ္ခ်င္တယ္ ဆိုရင္ေတာ့ ကိုယ့္ၿမိဳ႕နယ္ သာမက တစ္ႏိုင္ငံလံုး အေနအထား အထိ စဥ္းစားလို႔ ရပါတယ္။ ဟိုတယ္လုပ္ငန္း ဆိုရင္ေတာ့ ကိုယ့္ႏိုင္ငံတြင္သာမကႏိုင္္ငံတကာ အထိဆက္သြယ္ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ 
Market Area ကို စဥ္းစားၿပီးရင္ေတာ့ကိုယ့္ ရဲ႕လုပ္ငန္း က ေစ်းကြက္ အသစ္လား၊ ေစ်းကြက္ အေဟာင္းလား ဒါကိုစဥ္းစားဖို့လိုပါတယ္။

ေစ်းကြက္ အသစ္တစ္ခု ဆိုရင္လည္း ကိုယ့္ရဲ႕ လုပ္ငန္း၊ ကိုယ့္ရဲ႕ ကုန္ပစၥည္းကို Customer နဲ့ ရင္းႏႇီး ကြၽမ္း၀င္ေအာင္ လုပ္ေပးရမႇာျဖစ္သလို ေစ်းကြက္ေဟာင္း ဆိုရင္လည္း လက္ရႇိေစ်းကြက္ထဲမႇာ မားကက္ရႇယ္ယာ အမ်ားဆံုး ရထားတဲ့ လုပ္ငန္းေတြကို ရာခိုင္ႏႈန္းဘယ္ေလာက္ အထိရထားလဲ၊ ကိုယ္က ဘယ္ေလာက္ရႏိုင္လဲ ဆိုတာကို စဥ္းစားတြက္ ခ်က္ဖို့လိုပါတယ္။

အဲဒီလို Markets ကို ကိုယ္က ရႇယ္ယာျပန္ယူ ရမယ့္အေနအထား ဆိုရင္ေတာ့ သူမ်ားရဲ႕ Markets ကို ကိုယ့္ ဘက္ပါေအာင္ လုပ္မလား၊ ဒါမႇမဟုတ္ လံုး၀ မသံုးဖူးေသးတဲ့ Non User ေတြကို ဆြဲေဆာင္ မလား။ ဒါေတြကို ထည့္သြင္းစဥ္းစားဖို့လုိ ပါတယ္။

နံပါတ္ ၃ ျဖစ္တဲ့ Investment Types .... ကေတာ့ ကိုယ့္ မႇာ ရႇိတဲ့ အရင္းအႏႇီးနဲ႔ပဲ လုပ္မလား၊ လိုခ်င္တာကို သူမ်ားဆီ ကေခ်း ၿပီးလုပ္မႇာလား၊ သူမ်ားနဲ့ စပ္တူလုပ္မလား ဒါကိုစဥ္းစားဖို႔လုိပါတယ္။ ဒီအခ်က္ဟာလည္း လုပ္ငန္းအမ်ဳိးအစားနဲ့ သက္ဆိုင္ပါတယ္။ေငြကို ေခ်းျပီး လုပ္မယ္ ဆိုရင္ေတာ့ ၊ကိုယ္ရင္နွီးျမွဳပ္နွံ ရမည့္ ေငြေႀကးနွင့္ ရရွိမည့္ အက်ိဳးျမတ္ ကိုေသခ်ာ ေရးဆြဲျပီး မွ လုပ္သင့္ပါတယ္။
စပ္တူလုပ္ငန္း လုပ္မည္ဆိုပါက၊ မိမိအေနျဖင့္ လုပ္ကိုင္မည့္ လုပ္ငန္းကို ကၽြမ္းက်င္စြာ လုပ္ကိုင္တတ္ျပီး၊ မိမိ နွင့္ လုပ္ငန္းအက်ိုဳးတူ လုပ္ကိုင္မည့္သူသည္ လုပ္ကိုင္မည့္လုပ္ငန္းကို လုံး၀နားမလည္သူ ဆိုလ်ွင္ ၊ကိုယ္က ဦးေဆာင္ျပီး လုပ္ရမည္ျဖစ္ေသာ ေၾကာင့္ စပ္တူ လုပ္သင့္ပါသည္။ လုပ္ငန္းသေဘာတရားကို အနည္း ငယ္ နားလည္ျပီး မတတ္တစ္ေခါက္ သိသူနွင့္ နိင္ငံတကာ ေစ်းကြက္ရွာေဖြသည့္ လုပ္ငန္းမ်ိဳးဆိုလ်ွင္ ေယာင္လု႔ိ ေတာင္မလုပ္မိဖို႔ အေရးၾကီးပါတယ္။

ကိုယ္ေရြးခ်ယ္ထားတဲ့လုပ္ငန္းကႀကီးၿပီးေတာ့ ကိုယ့္မႇာက အရင္းအႏႇီးနည္းတယ္ဆိုရင္ ဒုတိယႏႇစ္မ်ဳိး ထဲက တစ္မ်ဳိးကိုေရြးခ်ယ္ရပါမယ္။ အဲဒါဆိုရင္ ေသခ်ာခိုင္မာတဲ့ Business Planေတာ့ ရႇိဖို့လိုပါတယ္။

Possibility Percentage ကို အနီးစပ္ဆံုးတြက္ခ်က္ ထားဖို့လိုပါတယ္။ ေနာက္တစ္ခုက Risk အတြက္ အရံေငြ ခ်န္ထားဖို႔လည္း လိုပါတယ္။ 
သိန္းတစ္ရာရႇိရင္ အားလံုးကို တစ္ၿပိဳင္တည္း ရင္းႏႇီးျမႇဳပ္ႏႇံလိုက္လို႔ မျဖစ္ပါဘူး။ လုပ္ငန္းတစ္ခုက အ႐ံႈး အျမတ္ ရွိႏိုင္ပါတယ္။ အဲဒီ အတြက္ တစ္ခုခုျဖစ္ ခဲ့ရင္ေနာက္က လုိက္ႏုိင္ဖို့ လည္းလိုပါတယ္။

နံပါတ္ ၄ ျဖစ္တဲ့ Break Even Point ..... ဆိုတာက အရင္းေက်အမွတ္ပါ။Investment Types က ကိုယ္ပိုင္ေငြ တစ္ခုတည္းနဲ႔ လုပ္တာဆိုရင္ေတာ့ အရင္းေက်ကာလ ကို အရမ္း ႀကီးထည့္မစဥ္းစားရင္လည္း ေနာက္ႏႇစ္မ်ဳိး ကိုေရြးခ်ယ္ထား သူေတြ အတြက္ ကေတာ့အရင္းေက်အမွတ္ ကို အထူးထည့္သြင္းတြက္ခ်က္ ရပါမယ္။

(ကိုယ္ပိုင္ေငြ နဲ့ လုပ္သူေတြလည္း တကယ္ေတာ့အရင္းေက်အမႇတ္ကို ထည့္သြင္း စဥ္းစားရပါမယ္)။ 
အဲဒီအခါ သူမ်ားဆီ က ျဖစ္ျဖစ္၊ ဘဏ္ကပဲျဖစ္ျဖစ္ ေငြယူၿပီးေတာ့လုပ္တယ္ ဆိုရင္ သူ့ အတြက္ ထပ္တက္ လာမယ့္ အတိုးႏႈန္းေတြ က ကိုယ့္ရဲ႕ Profit & Loss ကို လာပတ္သက္ေနတဲ့ အတြက္ အဲဒါကို အျမန္ဆံုး ရႇင္းႏိုင္ ဖို့စဥ္းစားရပါမယ္။

One Unit မႇာ အျမတ္ဘယ္ေလာက္ ရေအာင္လုပ္ၿပီး တစ္ႏႇစ္မႇာ ဘယ္ေလာက္ရရင္ ဘယ္ႏွႏွစ္အတြင္း အရင္း ေက်မယ္ဆိုတာကို မျဖစ္မေနထည့္သြင္း တြက္ခ်က္ရပါမယ္။ 
အခုေျပာျပ ခဲ့တဲ့ စီးပြားေရး လုပ္ငန္းတစ္ခု မစ တင္ခင္ မျဖစ္မေန စဥ္းစားရမယ့္အေျခခံ အခ်က္ေတြ ဟာ ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ခ်င္တဲ့ လူငယ္ေတြ အတြက္ အတိုင္းအတာ တစ္ခုအထိ အက်ဳိးရႇိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Credit : ေရႊအိုလတ္

ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။

Link  -Jobs Board

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

Unicode Version

စီးပွားရေးလုပ်ငန်း တစ်ခု မလုပ်ခင် ကြိုတင် စဉ်းစားဖို့လိုပါတယ်။ ဘာတွေ စဉ်းစားဖို့ လိုအပ် သလဲ။ အနည်း ဆုံးတော့ အချက်လေးချက်ကို မဖြစ်မနေစဉ်းစားဖို့ လိုပါတယ်။ အဲဒါတွေက
၁။ Types of Business
၂။ Market Area
၃။ Investments Types
၄။ Break Even Point
ကြိုတင်စီစဉ်ရေးဆွဲမှုတွေနဲ့ စျေးကွက်ကို Analysis လုပ်နိုင်ဖို့လိုပါမယ်။
နံပါတ် ၁ အချက်ဖြစ်တဲ့ Types of Business စီးပွားရေး လုပ်ငန်း အမျိုးအစား ကို စတင် စဉ်းစားဖို့ လိုပါလိမ့်မယ်။
ကုန်ထုတ် လုပ်မှု (Production)
၀န်ဆောင်မှု (Service)
ရောင်းဝယ်ရေး (Trading)
စသဖြင့် ကိုယ်လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းအမျိုး အစားကို စတင် စဉ်းစားပါ။ အဲဒီလို စဉ်းစားတဲ့ အခါ ကိုယ် ၀ါသနာပါတဲ့၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစားကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်မှာ လွှမ်းမိုးမှုများနေတဲ့ လုပ်ငန်းတိုင်းကို မျက်စိမကျပါနဲ့။
ဆိုလိုတာက သူများတွေ ဟိုတယ်ဖွင့်လို့ လိုက်ဖွင့်တာမျိုး၊ ငွေလွဲွှကောင်တာ ၊ခရီးသွားလုပ်ငန်း ဖွင့်လို့ လိုက်ဖွင့်တာမျိုး မလုပ်ဖို့ပြောချင်တာပါ။
ခေတ်ကာလ အနေအထား အရစျေးကွက်ရဲ့ လိုအပ်ချက်၊ ( Market Requirements )ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပေမဲ့ ကိုယ်မလုပ်ချင်တဲ့ လုပ်ငန်းခွင်ဆို Creative Thinking တွေ၊ Creative Idea တွေ အားနည်း တတ်တဲ့ အတွက် ကိုယ့်ရဲ့ Coustomers တွေကိုကျေနပ်အောင် လုပ်ဆောင်တဲ့နေရာမှာ အားနည်းတတ် ပါတယ်။ တစ်နည်းပြောရရင် Customer Satisfaction ကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်
နံပါတ် ၂ ကတော့ Market Area ... ကို ထည့်သွင်း စဉ်းစား ရပါမယ်။
ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်အတိုင်းအတာအထိ ခြေဆန့်နိုင်ရန် ရည်ရွယ်ထားလဲ။ စီးပွားရေး လုပ်ငန်း အမျိုးအစား (Types of Business) နဲ့စျေးကွက် (Market Area) ဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။
ဆိုလိုတာက အိမ်ဆိုင်လေးလောက် ဖွင့်မယ့်သူက ကိုယ့်ရဲ့ Market Area ကကိုယ့်ရပ်ကွက်လောက်ပဲဖြစ် မှာပါ။ ရေသန့်စက်ရုံ တစ်ခုလုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ် သာမက တစ်နိုင်ငံလုံး အနေအထား အထိ စဉ်းစားလို့ ရပါတယ်။ ဟိုတယ်လုပ်ငန်း ဆိုရင်တော့ ကိုယ့်နိုင်ငံတွင်သာမကနိုင််ငံတကာ အထိဆက်သွယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
Market Area ကို စဉ်းစားပြီးရင်တော့ကိုယ့် ရဲ့လုပ်ငန်း က စျေးကွက် အသစ်လား၊ စျေးကွက် အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။
စျေးကွက် အသစ်တစ်ခု ဆိုရင်လည်း ကိုယ့်ရဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Customer နဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ပေးရမှာဖြစ်သလို စျေးကွက်ဟောင်း ဆိုရင်လည်း လက်ရှိစျေးကွက်ထဲမှာ မားကက်ရှယ်ယာ အများဆုံး ရထားတဲ့ လုပ်ငန်းတွေကို ရာခိုင်နှုန်းဘယ်လောက် အထိရထားလဲ၊ ကိုယ်က ဘယ်လောက်ရနိုင်လဲ ဆိုတာကို စဉ်းစားတွက် ချက်ဖို့လိုပါတယ်။
အဲဒီလို Markets ကို ကိုယ်က ရှယ်ယာပြန်ယူ ရမယ့်အနေအထား ဆိုရင်တော့ သူများရဲ့ Markets ကို ကိုယ့် ဘက်ပါအောင် လုပ်မလား၊ ဒါမှမဟုတ် လုံးဝ မသုံးဖူးသေးတဲ့ Non User တွေကို ဆွဲဆောင် မလား။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လို ပါတယ်။
နံပါတ် ၃ ဖြစ်တဲ့ Investment Types .... ကတော့ ကိုယ့် မှာ ရှိတဲ့ အရင်းအနှီးနဲ့ပဲ လုပ်မလား၊ လိုချင်တာကို သူများဆီ ကချေး ပြီးလုပ်မှာလား၊ သူများနဲ့ စပ်တူလုပ်မလား ဒါကိုစဉ်းစားဖို့လိုပါတယ်။ ဒီအချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်ပါတယ်။ငွေကို ချေးပြီး လုပ်မယ် ဆိုရင်တော့ ၊ကိုယ်ရင်နှီးမြှုပ်နှံ ရမည့် ငွေကြေးနှင့် ရရှိမည့် အကျိုးမြတ် ကိုသေချာ ရေးဆွဲပြီး မှ လုပ်သင့်ပါတယ်။
စပ်တူလုပ်ငန်း လုပ်မည်ဆိုပါက၊ မိမိအနေဖြင့် လုပ်ကိုင်မည့် လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်တတ်ပြီး၊ မိမိ နှင့် လုပ်ငန်းအကျိုုးတူ လုပ်ကိုင်မည့်သူသည် လုပ်ကိုင်မည့်လုပ်ငန်းကို လုံးဝနားမလည်သူ ဆိုလျှင် ၊ကိုယ်က ဦးဆောင်ပြီး လုပ်ရမည်ဖြစ်သော ကြောင့် စပ်တူ လုပ်သင့်ပါသည်။ လုပ်ငန်းသဘောတရားကို အနည်း ငယ် နားလည်ပြီး မတတ်တစ်ခေါက် သိသူနှင့် နိင်ငံတကာ စျေးကွက်ရှာဖွေသည့် လုပ်ငန်းမျိုးဆိုလျှင် ယောင်လို့ တောင်မလုပ်မိဖို့ အရေးကြီးပါတယ်။
ကိုယ်ရွေးချယ်ထားတဲ့လုပ်ငန်းကကြီးပြီးတော့ ကိုယ့်မှာက အရင်းအနှီးနည်းတယ်ဆိုရင် ဒုတိယနှစ်မျိုး ထဲက တစ်မျိုးကိုရွေးချယ်ရပါမယ်။ အဲဒါဆိုရင် သေချာခိုင်မာတဲ့ Business Planတော့ ရှိဖို့လိုပါတယ်။
Possibility Percentage ကို အနီးစပ်ဆုံးတွက်ချက် ထားဖို့လိုပါတယ်။ နောက်တစ်ခုက Risk အတွက် အရံငွေ ချန်ထားဖို့လည်း လိုပါတယ်။
သိန်းတစ်ရာရှိရင် အားလုံးကို တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက်လို့ မဖြစ်ပါဘူး။ လုပ်ငန်းတစ်ခုက အရှုံး အမြတ် ရှိနိုင်ပါတယ်။ အဲဒီ အတွက် တစ်ခုခုဖြစ် ခဲ့ရင်နောက်က လိုက်နိုင်ဖို့ လည်းလိုပါတယ်။
နံပါတ် ၄ ဖြစ်တဲ့ Break Even Point ..... ဆိုတာက အရင်းကျေအမှတ်ပါ။Investment Types က ကိုယ်ပိုင်ငွေ တစ်ခုတည်းနဲ့ လုပ်တာဆိုရင်တော့ အရင်းကျေကာလ ကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုး ကိုရွေးချယ်ထား သူတွေ အတွက် ကတော့အရင်းကျေအမှတ် ကို အထူးထည့်သွင်းတွက်ချက် ရပါမယ်။
(ကိုယ်ပိုင်ငွေ နဲ့ လုပ်သူတွေလည်း တကယ်တော့အရင်းကျေအမှတ်ကို ထည့်သွင်း စဉ်းစားရပါမယ်)။
အဲဒီအခါ သူများဆီ က ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ် ဆိုရင် သူ့ အတွက် ထပ်တက် လာမယ့် အတိုးနှုန်းတွေ က ကိုယ့်ရဲ့ Profit & Loss ကို လာပတ်သက်နေတဲ့ အတွက် အဲဒါကို အမြန်ဆုံး ရှင်းနိုင် ဖို့စဉ်းစားရပါမယ်။
One Unit မှာ အမြတ်ဘယ်လောက် ရအောင်လုပ်ပြီး တစ်နှစ်မှာ ဘယ်လောက်ရရင် ဘယ်နှနှစ်အတွင်း အရင်း ကျေမယ်ဆိုတာကို မဖြစ်မနေထည့်သွင်း တွက်ချက်ရပါမယ်။
အခုပြောပြ ခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု မစ တင်ခင် မဖြစ်မနေ စဉ်းစားရမယ့်အခြေခံ အချက်တွေ ဟာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
Credit : ရွှေအိုလတ်

Read times
Rate this item
(0 votes)