-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေက်ာင္းက မသင္ေပးလိုက္တဲ့ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ျဖစ္ခ်င္သူေတြ လိုက္နာရမည္႔ နည္းဥပေဒသ(၁)

ေက်ာင္းက မသင္ေပးလိုက္တဲ့ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ျဖစ္ခ်င္သူေတြ လိုက္နာရမည္႔ နည္းဥပေဒသ(၁) google.com

ေက်ာင္းပညာေရးစနစ္ကေတာ့ သင့္ကိုကုမၸဏီတစ္ခု ဘယ္လုိတည္ေထာင္ရမလဲဆိုတာ မသင္ေပးလုိက္တာ ေသခ်ာပါတယ္။

ဘ၀အေတြ႔အႀကံဳေတြအတြက္ သင္တန္းေတြတက္လို႔မရပါဘူး။ ေက်ာင္းသင္ခန္းစာေတြကေနလည္း သင္ယူလုိ႔မရပါဘူး။ ေက်ာင္းသင္ခန္းစာေတြက ဘ၀မွာရွင္သန္ရပ္တည္ႏိုင္ဖို႔ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္ေတြကိုပဲ သင္ၾကားေပးတာပါ။ ဘ၀မွာဘာျဖစ္ရင္ ဘာလုပ္ရမယ္ဆုိတဲ႔ ေျဖရွင္းနည္းေတြကို မသင္ေပးလုိက္ပါဘူး။ ဘ၀အေတြ႔အႀကံဳဆုိတာမ်ိဳးက တစ္ဦးတစ္ေယာက္က သင္ေပးလုိ႔မရပါဘူး။ ကိုယ္တုိင္သင္ယူရတာပါ။

ေက်ာင္းမၿပီးခဲ႔ေပမဲ႔လည္း အခုလက္ရွိမွာ ေအာင္ျမင္တဲ့စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ ရပ္တည္ႏုိင္ေနပါၿပီ။ ဒီလိုရပ္တည္ႏိုင္ဖုိ႔အတြက္ အေတြ႔အႀကံဳေတြကို အျခားသူေတြ သိရွိႏိုင္ဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္။

♦အၿမဲအခ်ိန္တိက်ပါေစ။

ဘ၀မွာေအာင္ျမင္ခ်င္ရင္ အၿမဲအခ်ိန္တိက်ပါေစ။ အခ်ိန္တိက်တာက တတ္က်ြမ္းနားလည္မွဳရဲ႕ တစ္စိတ္ တစ္ပုိင္းပါ။ အခ်ိန္တိက်တာကို ကိုယ္႔ရဲ႕ ပံုမွန္လုပ္ေနက်အေလ့အထတစ္ခုျဖစ္ေအာင္ လုပ္ယူပါ။ အခ်ိန္တိက်ျခင္းက ကိုယ္႔ကိုယ္အရည္အခ်င္းရွိသူတစ္ေယာက္ဆုိတာကို စီးပြားဖက္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကုိ ျပသလုိက္တာျဖစ္ပါတယ္။ လူေတြရဲ႕ ယံုၾကည္မွဳကိုလည္းရေစမွာပါ။

Read-စီးပြားေရးတိုးခ်ဲ႕ေတာ့မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို စဥ္းစားသင့္သလဲ

♦အျပဳသေဘာေဆာင္ပါ၊ ၿပံဳးပါ။

ဘယ္သူကမွ ေပ်ာ္ေပ်ာ္မေနတတ္တဲ႔သူကို သူတို႔ပတ္၀န္းက်င္မွာ ရွိေစခ်င္မွာလဲ။ လူတိုင္းလုိလိုက သူတို႔ပတ္၀န္းက်င္မွာ အျပဳသေဘာင္ေဆာင္တဲ႔သူမ်ိဳးကုိပဲ ရွိေစခ်င္မွာပါ။ အဆိုးျမင္တဲ႔သူကုိ မရွိေစခ်င္ေလာက္ပါဘူး။ မ်က္ႏွာမွာ အၿပံဳးကုိ အၿမဲဆင္ျမန္းထားပါ။ အျပဳသေဘာေဆာင္တဲ႔ အေတြးနဲ႔ အၿပံဳးမ်က္ႏွာက လုပ္ငန္းေတြကို ေအာင္ျမင္ေစႏိုင္တဲ႔ အေရးပါတဲ႔ အခ်က္တစ္ခ်က္ပါ။

♦ဖုန္းေခၚဆုိမွဳတုိင္းကုိ ၂၄နာရီအတြင္း ျပန္ေျဖၾကားေပးပါ။

က်ြန္ေတာ္ ကုမၸဏီစတည္ေထာင္စဥ္က စားသံုးသူေတြရဲ႕ ဖုန္းနဲ႔ေျပာဆိုအႀကံေပးမွဳေတြ၊ အဆင္မေျပတာ ေတြကို ေျပာၾကားတာမ်ိဳးေတြကို သံုးရက္တိတိ ျပန္မေျဖေပးတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ ေနာက္ေတာ့ လူတိုင္းလိုလိုမွာ သူတုိ႔နဲ႔သက္ဆိုင္တဲ႔ လုပ္စရာေတြရွိေနတယ္ဆုိတာ နားလည္လာတယ္။ ေနာက္ေတာ့ ၀န္ထမ္းေတြကိုမွာထားလုိက္တယ္။ အၿမဲလည္းေျပာျဖစ္တာက ဘယ္သူမွ သူတို႔ေျပာစကားေတြကုိ ေလထဲမွာေပ်ာက္သြားတာမ်ိဳး မလိုခ်င္ၾကပါဘူး။ ကုိယ္႔ဆီကို ဖုန္းဆက္လာတဲ့သူတုိင္းကုိ ဘာကိစၥပဲျဖစ္ျဖစ္ ၂၄နာရီအတြင္း ဖုန္းျပန္ဆက္ႏိုင္ေအာင္ ျပဳလုပ္ေစခဲ့ပါတယ္။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ သံုးစြဲသူေတြ လုိအပ္တာကို အမွန္တကယ္ကူညီေပးႏိုင္ေအာင္ျပဳလုပ္ပါ။

Source; Kumudra

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

ကျောင်းပညာရေးစနစ်ကတော့ သင့်ကိုကုမ္ပဏီတစ်ခု ဘယ်လိုတည်ထောင်ရမလဲဆိုတာ မသင်ပေးလိုက်တာ သေချာပါတယ်။
ဘဝအတွေ့အကြုံတွေအတွက် သင်တန်းတွေတက်လို့မရပါဘူး။ ကျောင်းသင်ခန်းစာတွေကနေလည်း သင်ယူလို့မရပါဘူး။ ကျောင်းသင်ခန်းစာတွေက ဘဝမှာရှင်သန်ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုပဲ သင်ကြားပေးတာပါ။ ဘဝမှာဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ ဖြေရှင်းနည်းတွေကို မသင်ပေးလိုက်ပါဘူး။ ဘဝအတွေ့အကြံုဆိုတာမျိုးက တစ်ဦးတစ်ယောက်က သင်ပေးလို့မရပါဘူး။ ကိုယ်တိုင်သင်ယူရတာပါ။
ကျောင်းမပြီးခဲ့ပေမဲ့လည်း အခုလက်ရှိမှာ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်နေပါပြီ။ ဒီလိုရပ်တည်နိုင်ဖို့အတွက် အတွေ့အကြံုတွေကို အခြားသူတွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
♦အမြဲအချိန်တိကျပါစေ။
ဘဝမှာအောင်မြင်ချင်ရင် အမြဲအချိန်တိကျပါစေ။ အချိန်တိကျတာက တတ်ကျွမ်းနားလည်မှုရဲ့ တစ်စိတ် တစ်ပိုင်းပါ။ အချိန်တိကျတာကို ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျအလေ့အထတစ်ခုဖြစ်အောင် လုပ်ယူပါ။ အချိန်တိကျခြင်းက ကိုယ့်ကိုယ်အရည်အချင်းရှိသူတစ်ယောက်ဆိုတာကို စီးပွားဖက်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြသလိုက်တာဖြစ်ပါတယ်။ လူတွေရဲ့ ယုံကြည်မှုကိုလည်းရစေမှာပါ။
♦အပြုသဘောဆောင်ပါ၊ ပြံုးပါ။
ဘယ်သူကမှ ပျော်ပျော်မနေတတ်တဲ့သူကို သူတို့ပတ်ဝန်းကျင်မှာ ရှိစေချင်မှာလဲ။ လူတိုင်းလိုလိုက သူတို့ပတ်ဝန်းကျင်မှာ အပြုသဘောင်ဆောင်တဲ့သူမျိုးကိုပဲ ရှိစေချင်မှာပါ။ အဆိုးမြင်တဲ့သူကို မရှိစေချင်လောက်ပါဘူး။ မျက်နှာမှာ အပြံုးကို အမြဲဆင်မြန်းထားပါ။ အပြုသဘောဆောင်တဲ့ အတွေးနဲ့ အပြံုးမျက်နှာက လုပ်ငန်းတွေကို အောင်မြင်စေနိုင်တဲ့ အရေးပါတဲ့ အချက်တစ်ချက်ပါ။
♦ဖုန်းခေါ်ဆိုမှုတိုင်းကို ၂၄နာရီအတွင်း ပြန်ဖြေကြားပေးပါ။
ကျွန်တော် ကုမ္ပဏီစတည်ထောင်စဉ်က စားသုံးသူတွေရဲ့ ဖုန်းနဲ့ပြောဆိုအကြံပေးမှုတွေ၊ အဆင်မပြေတာ တွေကို ပြောကြားတာမျိုးတွေကို သုံးရက်တိတိ ပြန်မဖြေပေးတာမျိုးတွေ ရှိခဲ့ပါတယ်။ နောက်တော့ လူတိုင်းလိုလိုမှာ သူတို့နဲ့သက်ဆိုင်တဲ့ လုပ်စရာတွေရှိနေတယ်ဆိုတာ နားလည်လာတယ်။ နောက်တော့ ၀န်ထမ်းတွေကိုမှာထားလိုက်တယ်။ အမြဲလည်းပြောဖြစ်တာက ဘယ်သူမှ သူတို့ပြောစကားတွေကို လေထဲမှာပျောက်သွားတာမျိုး မလိုချင်ကြပါဘူး။ ကိုယ့်ဆီကို ဖုန်းဆက်လာတဲ့သူတိုင်းကို ဘာကိစ္စပဲဖြစ်ဖြစ် ၂၄နာရီအတွင်း ဖုန်းပြန်ဆက်နိုင်အောင် ပြုလုပ်စေခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် သုံးစွဲသူတွေ လိုအပ်တာကို အမှန်တကယ်ကူညီပေးနိုင်အောင်ပြုလုပ်ပါ။
Source; Kumudra

Read times
Rate this item
(0 votes)