-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္သူလုပ္ငန္းရွင္တို႔ရဲ႕ အတုယူစရာအမူအက်င့္မ်ား

ေအာင္ျမင္သူလုပ္ငန္းရွင္တို႔ရဲ႕ အတုယူစရာအမူအက်င့္မ်ား google.com

ေအာင္ျမင္ေက်ာ္ၾကားတဲ့သူဆိုတာ လူတိုင္း လူတိုင္း ျပဳမူေနထိုင္သလို ထူးမျခားနားျဖစ္ေနခဲ့ရင္ အခုလို ထိပ္ဆံုး ေရာက္ႏိုင္မွာ မဟုတ္ပါဘူး။

သူတို႔က ေန႔တိုင္းရက္တိုင္းမွာ အမူ အက်င့္ေကာင္းေတြကို အၿမဲမျပတ္ လိုက္နာက်င့္သံုးခဲ့တာပါ။ ေန႔စဥ္ လုပ္ေနက် သာမန္အမူအက်င့္ေလးေတြကပဲ စီးပြားေရးနဲ႔ ဘဝေနထိုင္မႈမွာ ထိပ္ဆံုးေရာက္ေစ တဲ့ လွ်ိဳ႕ဝွက္ခ်က္ပါလို႔ လုပ္ငန္းရွင္ စီအီးအို ေတြက ေျပာခဲ့ၾကပါတယ္။

(၁) မခြဲခြာခ်င္ေအာင္ ဆြဲေဆာင္ေနရင္ေတာင္ အိပ္ရာထဲကေန ရေအာင္ထပါ။

“ကိုယ့္ရဲ႕ တစ္ေန႔တာကို ေစာႏိုင္သေလာက္ေစာၿပီး စတင္ပါ၊ ဒီ (ခက္ခဲတဲ့) ပထမေျခလွမ္းကို လွမ္းႏိုင္ၿပီ ဆိုတာနဲ႔ တစ္ေန႔တာမွာ ကိုယ္က ေအာင္ႏိုင္သူျဖစ္ေနၿပီ ဆိုတဲ့ ခံစားခ်က္ကို အလင္းျပေပးမယ့္ တစ္စံုတစ္ရာ ရွိပါတယ္၊ တျခားလူေတြ အိပ္ေနတုန္းအခ်ိန္မွာ ကိုယ္က ေကာ္ဖီပူပူ ေလးနဲ႔ ကိုယ့္တစ္ေန႔တာ အတြက္ လုပ္ရမယ့္ ကိစၥေတြကို အစီအစဥ္ဆြဲႏိုင္တယ္ေလ”

အေမရိကန္လူဦးေရထက္ဝက္ခန္႔နဲ႔ တစ္လကို ကမၻာ့လူဦးေရ သန္း ၃၀ဝ အထိ ေပါက္ေရာက္ႏိုင္တဲ့ လူမႈဝက္ဘ္ဆိုက္ ကုမၸဏီ Brainjolt ရဲ႕ စီအီးအို Josh Sowin

Read-အသက္၂၃ႏွစ္မွာ သင္ပိုင္ဆုိင္သင့္တဲ့အရည္အခ်င္းေတြ

(၂) ဘာေတြလုပ္ဖို႔ ရွိသလဲ စာရင္းလုပ္ မွတ္သားထားပါ။

“အေရးတႀကီး လုပ္စရာရွိတဲ့ကိစၥေတြကို သတ္သတ္၊ ေရရွည္စြဲလုပ္ရမယ့္ လုပ္ငန္းေဆာင္တာေတြအတြက္ သတ္သတ္စာရင္းခြဲထားပါ၊ အဲဒီစာရင္းေတြကို ကြန္ပ်ဴတာမ်က္ႏွာျပင္မွာ မွတ္သားထားတာပဲ ျဖစ္ျဖစ္၊ ဘုတ္တစ္ခုခုမွာ ကပ္ထားတာပဲ ျဖစ္ျဖစ္ ကိုယ္အေလးထားတဲ့ေနရာ၊ ျမင္သာတဲ့ေနရာမွာ ထားပါ၊ကိုယ့္လုပ္မယ့္ လမ္းေၾကာင္းေတြ မေပ်ာက္ေတာ့ဘူးေပါ့”

ေၾကာ္ျငာကုမဏီ Media Radar ရဲ႕ စီအီးအို Todd Krizelman

(၃) သူမ်ားကို ကူညီေဖးမပါ။

ေက်ာင္းသားပဲျဖစ္ျဖစ္၊ အလုပ္သင္ပဲ ျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုင္ဖက္ပဲျဖစ္ျဖစ္ ကိုယ့္ အခ်င္းခ်င္းကူညီေဖးမျခင္းက စိတ္ဓာတ္ ေရးရာနဲ႔ ပါဝင္ေဆာင္ရြက္ႏိုင္စြမ္းကို ျမင့္တက္ေစႏိုင္လို႔ ကူညီတတ္တဲ့စိတ္ေလးက အဖိုးမျဖတ္ႏိုင္တဲ့ ပိုင္ဆိုင္မႈတစ္ခုပါပဲ”

အေမရိကန္၊ ဒူဘိုင္းနဲ႔ အမ္စတာဒမ္တို႔ရဲ႕ ေလဆိပ္ေပါင္း ၂၂ ခုမွာ ၅၃ ဆိုင္ဖြင့္ထားတဲ့ SPA လုပ္ငန္း Xpres Spa ရဲ႕ စီအီးအို Ed Jankowski

(၄) ျငင္းပယ္ခံရတဲ့ ျဖစ္ရပ္တိုင္းကို ၾကံ့ၾကံ့ခံ ရင္ဆိုင္ပါ။

“ကိုယ့္ရဲ႕လမ္းခရီးတစ္ေလွ်ာက္ ေျခလွမ္းတိုင္းမွာ ကိုယ့္ကို ျငင္းပယ္တဲ့လူေတြ အမ်ားႀကီး ရွိလာလိမ့္မယ္၊ ဥပမာ ရင္းႏွီး ျမႇဳပ္ႏွံသူေတြ၊ ေရာင္းလက္ေတြ၊ သူငယ္ခ်င္းေတြ၊ တစ္ခုခုကို ငါ ဘာလို႔ မလုပ္ ႏိုင္တာလဲဆိုတဲ့ အေၾကာင္းရင္းေတြကို ရွာဖို႔က လြယ္ပါတယ္၊ ဒါေပမဲ့ ဒါေတြကို အႏိုင္ယူမလား၊ အ႐ံႈးေပးမလားဆိုတာ ဆံုးျဖတ္ေပးႏိုင္စြမ္း ကိုယ့္မွာရွိတယ္၊ မႏွစ္ကဆို ဘရာစီယာထုတ္လုပ္ဖို႔ကို ဘယ္ ေတာ့မွ သိလာမွာ မဟုတ္ဘူးလို႔ ေျပာခံရတယ္၊ အခုေတာ့ ေျမာက္အေမရိကအႏွံ႔ ကို အေရအတြက္ ေထာင္ေပါင္းမ်ားစြာ ပစၥည္းတင္ပို႔ေနရၿပီ၊ မင္း မလုပ္ႏိုင္ပါဘူး လို႔ အျငင္းခံရတဲ့ စကားကို ၾကားတဲ့အခါ တိုင္း ငါ လုပ္ႏိုင္မယ္ဆိုတဲ့ နည္းလမ္းကို ရွာဖို႔ စိန္ေခၚမႈတစ္ခုအျဖစ္နဲ႔ ရင္ဆိုင္ခဲ့ တယ္”

Harper Wilde အမ်ိဳးသမီး အတြင္းခံ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ  Jane Fisher

(၅) မွတ္တမ္းလုပ္ထားပါ။

“မနက္တိုင္းမွာ ၿပီးခဲ့တဲ့ေန႔က ျဖစ္ခဲ့သမွ် အေၾကာင္းအရာေကာင္းေတြကို ခ်ေရးတယ္၊ အေတြ႕အႀကံဳကို ျပန္မွတ္မိေနဖို႔နဲ႔ ဒီေန႔အတြက္ ေနာက္ထပ္ေကာင္းမႈတစ္ခုလုပ္ေဆာင္ႏိုင္ဖို႔ ကိုယ့္ကိုယ္ကို စိတ္ဓာတ္ခြန္အားေပးႏိုင္ဖို႔အတြက္ပါ”
ႏိုင္ငံ ၂၄ ခုမွာရွိတဲ့ ေနရာေပါင္း ၃၀ ေက်ာ္ မွာ အားကစားေလ့က်င့္ေရးစင္တာေတြ ဖြင့္ထားတဲ့ D1 Training  ဥကၠ႒ Michael Abramson

Source; Kumudra

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

အောင်မြင်ကျော်ကြားတဲ့သူဆိုတာ လူတိုင်း လူတိုင်း ပြုမူနေထိုင်သလို ထူးမခြားနားဖြစ်နေခဲ့ရင် အခုလို ထိပ်ဆုံး ရောက်နိုင်မှာ မဟုတ်ပါဘူး။
သူတို့က နေ့တိုင်းရက်တိုင်းမှာ အမူ အကျင့်ကောင်းတွေကို အမြဲမပြတ် လိုက်နာကျင့်သုံးခဲ့တာပါ။ နေ့စဉ် လုပ်နေကျ သာမန်အမူအကျင့်လေးတွေကပဲ စီးပွားရေးနဲ့ ဘဝနေထိုင်မှုမှာ ထိပ်ဆုံးရောက်စေ တဲ့ လျှို့ဝှက်ချက်ပါလို့ လုပ်ငန်းရှင် စီအီးအို တွေက ပြောခဲ့ကြပါတယ်။
(၁) မခွဲခွာချင်အောင် ဆွဲဆောင်နေရင်တောင် အိပ်ရာထဲကနေ ရအောင်ထပါ။
“ကိုယ့်ရဲ့ တစ်နေ့တာကို စောနိုင်သလောက်စောပြီး စတင်ပါ၊ ဒီ (ခက်ခဲတဲ့) ပထမခြေလှမ်းကို လှမ်းနိုင်ပြီ ဆိုတာနဲ့ တစ်နေ့တာမှာ ကိုယ်က အောင်နိုင်သူဖြစ်နေပြီ ဆိုတဲ့ ခံစားချက်ကို အလင်းပြပေးမယ့် တစ်စုံတစ်ရာ ရှိပါတယ်၊ တခြားလူတွေ အိပ်နေတုန်းအချိန်မှာ ကိုယ်က ကော်ဖီပူပူ လေးနဲ့ ကိုယ့်တစ်နေ့တာ အတွက် လုပ်ရမယ့် ကိစ္စတွေကို အစီအစဉ်ဆွဲနိုင်တယ်လေ”
အမေရိကန်လူဦးရေထက်ဝက်ခန့်နဲ့ တစ်လကို ကမ္ဘာ့လူဦးရေ သန်း ၃၀ဝ အထိ ပေါက်ရောက်နိုင်တဲ့ လူမှုဝက်ဘ်ဆိုက် ကုမ္ပဏီ Brainjolt ရဲ့ စီအီးအို Josh Sowin
(၂) ဘာတွေလုပ်ဖို့ ရှိသလဲ စာရင်းလုပ် မှတ်သားထားပါ။
“အရေးတကြီး လုပ်စရာရှိတဲ့ကိစ္စတွေကို သတ်သတ်၊ ရေရှည်စွဲလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေအတွက် သတ်သတ်စာရင်းခွဲထားပါ၊ အဲဒီစာရင်းတွေကို ကွန်ပျူတာမျက်နှာပြင်မှာ မှတ်သားထားတာပဲ ဖြစ်ဖြစ်၊ ဘုတ်တစ်ခုခုမှာ ကပ်ထားတာပဲ ဖြစ်ဖြစ် ကိုယ်အလေးထားတဲ့နေရာ၊ မြင်သာတဲ့နေရာမှာ ထားပါ၊ကိုယ့်လုပ်မယ့် လမ်းကြောင်းတွေ မပျောက်တော့ဘူးပေါ့”
ကြော်ငြာကုမဏီ Media Radar ရဲ့ စီအီးအို Todd Krizelman
(၃) သူများကို ကူညီဖေးမပါ။
ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်သင်ပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် ကိုယ့် အချင်းချင်းကူညီဖေးမခြင်းက စိတ်ဓာတ် ရေးရာနဲ့ ပါဝင်ဆောင်ရွက်နိုင်စွမ်းကို မြင့်တက်စေနိုင်လို့ ကူညီတတ်တဲ့စိတ်လေးက အဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ”
အမေရိကန်၊ ဒူဘိုင်းနဲ့ အမ်စတာဒမ်တို့ရဲ့ လေဆိပ်ပေါင်း ၂၂ ခုမှာ ၅၃ ဆိုင်ဖွင့်ထားတဲ့ SPA လုပ်ငန်း Xpres Spa ရဲ့ စီအီးအို Ed Jankowski
(၄) ငြင်းပယ်ခံရတဲ့ ဖြစ်ရပ်တိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ပါ။
“ကိုယ့်ရဲ့လမ်းခရီးတစ်လျှောက် ခြေလှမ်းတိုင်းမှာ ကိုယ့်ကို ငြင်းပယ်တဲ့လူတွေ အများကြီး ရှိလာလိမ့်မယ်၊ ဥပမာ ရင်းနှီး မြှုပ်နှံသူတွေ၊ ရောင်းလက်တွေ၊ သူငယ်ချင်းတွေ၊ တစ်ခုခုကို ငါ ဘာလို့ မလုပ် နိုင်တာလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ ဒါတွေကို အနိုင်ယူမလား၊ အရှုံးပေးမလားဆိုတာ ဆုံးဖြတ်ပေးနိုင်စွမ်း ကိုယ့်မှာရှိတယ်၊ မနှစ်ကဆို ဘရာစီယာထုတ်လုပ်ဖို့ကို ဘယ် တော့မှ သိလာမှာ မဟုတ်ဘူးလို့ ပြောခံရတယ်၊ အခုတော့ မြောက်အမေရိကအနှံ့ ကို အရေအတွက် ထောင်ပေါင်းများစွာ ပစ္စည်းတင်ပို့နေရပြီ၊ မင်း မလုပ်နိုင်ပါဘူး လို့ အငြင်းခံရတဲ့ စကားကို ကြားတဲ့အခါ တိုင်း ငါ လုပ်နိုင်မယ်ဆိုတဲ့ နည်းလမ်းကို ရှာဖို့ စိန်ခေါ်မှုတစ်ခုအဖြစ်နဲ့ ရင်ဆိုင်ခဲ့ တယ်”
Harper Wilde အမျိုးသမီး အတွင်းခံ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Jane Fisher
(၅) မှတ်တမ်းလုပ်ထားပါ။
“မနက်တိုင်းမှာ ပြီးခဲ့တဲ့နေ့က ဖြစ်ခဲ့သမျှ အကြောင်းအရာကောင်းတွေကို ချရေးတယ်၊ အတွေ့အကြုံကို ပြန်မှတ်မိနေဖို့နဲ့ ဒီနေ့အတွက် နောက်ထပ်ကောင်းမှုတစ်ခုလုပ်ဆောင်နိုင်ဖို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့အတွက်ပါ”
နိုင်ငံ ၂၄ ခုမှာရှိတဲ့ နေရာပေါင်း ၃၀ ကျော် မှာ အားကစားလေ့ကျင့်ရေးစင်တာတွေ ဖွင့်ထားတဲ့ D1 Training ဥက္ကဋ္ဌ Michael Abramson
Source; Kumudra

Read times
Rate this item
(3 votes)