-->
×
Warning
JUser: :_load: Unable to load user with ID: 29
ဈေးကွက်ရှာဖွေရေးအတွက် မရှိမဖြစ်လိုအပ်သော Marketing Mix 7ps
ဈေးကွက်ရှာဖွေရေးအတွက် မရှိမဖြစ်လိုအပ်သော Marketing Mix 7ps google.com
Marketing Mix ကိုဈေးကွက်ရှာဖွေရေးလုပ်ငန်းအတွက် မဖြစ်မနေအသုံးချရသည့် စည်းမျဉ်းဥပဒေသ တစ်ရပ်သဖွယ် အစဉ်တစိုက် ကျင့်သုံးလုပ်ကိုင်ခဲ့ကြသည်။
ကုန်ပစ္စည်း(Product)
ဈေးကွက်နေရာ (Place)
Recommended for you-Social Media နဲ့ ပတ်သက်ပြီး သင့်လုပ်ငန်းတိုးတက်အောင် လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်
ဈေးနှုန်း(Price)
မိမိကုန်ပစ္စည်းသည် ရောင်းချပေးသည့် ဈေးနှုန်းနှင့်ထိုက်တန်စွာ ရှိနေရမည်။ တစ်နည်းအားဖြင့် အရည်အသွေး၊ အရည်အချင်းနှင့်အတူ ထူးခြားသောသွင်ပြင်ကို အခြေခံ၍ သတ်မှတ်ထားသော ဈေးနှုန်းများ ဖြစ်ကြောင်း ပြဆိုပေးနိုင်ရမည်။ ရာသီအချိန်အခါအလိုက် စိတ်ဝင်စားဖွယ်ရာလျှော့ဈေးများကို  စီမံချက်ရေးဆွဲ ရောင်းချပေးရပါမည်။ ကုန်ပစ္စည်း၏ ဈေးနှုန်းချိုသာမှုကိုသာ ရွေးချယ်ဝယ်ယူကြလိမ့်မည် ဟူသော တရားသေ ယုံကြည်ချက်ကိုလည်း မထားသင့်ပေ။
www.myanmaradvertisingdirectory.com 
ထိုနည်းတူစွာ ဈေးနှုန်းအမြင့်ဆုံးတင်ထား၍ ရောင်းချခြင်းသည်လည်း အထင်ကြီးစရာ မဟုတ်ကြောင်း တွက်ဆထားရပါမည်။
(Unicode Version)
Marketing Mix ကိုစျေးကွက်ရှာဖွေရေးလုပ်ငန်းအတွက် မဖြစ်မနေအသုံးချရသည့် စည်းမျဉ်းဥပဒေသ တစ်ရပ်သဖွယ် အစဉ်တစိုက် ကျင့်သုံးလုပ်ကိုင်ခဲ့ကြသည်။
Marketing mix 7Psတွင်ပါ၀င်သည့်အချက်များကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။
ကုန်ပစ္စည်း(Product)
မိမိစျေးကွက်ဝင်လိုသောပစ္စည်းသည် ၀ယ်ယူအသုံးပြုမည့်သူ၏ အလိုရှိချက်နှင့် ကိုက်ညီမှုရှိစေရပါမည်။ တစ်နည်းအားဖြင့် ၀ယ်သူအသုံးပြုမည့်သူ လိုလားတောင့်တသော လုပ်ကိုင်ပေးနိုင်သည့်အချက်များ၊ အသွင်အပြင်များ၊ အရည်အသွေးများရှိကြောင်း ဖော်ညွှန်းနိုင်ရမည်။ ထို့အပြင် ၀ယ်ယူအသုံးပြုမည့်သူနှစ်သက် ယုံကြည်လောက်သော အမှတ်တံဆိပ်နှင့်အတူ ၀ယ်ယူအားပေးမှုအတွက် အပိုဆောင်းဖြည့်ဆည်းမှုများ ပံံ့ပိုးမှုများနှင့် အာမခံသက်တမ်းတို့ကို ဖော်ပြပေးနိုင်ရမည်။
စျေးကွက်နေရာ (Place)
မိမိပစ်မှတ်ထားသော ၀ယ်သူအသုံးပြုမည့်သူများအနေဖြင့် အလွယ်တကူ မြင်တွေ့နိုင်သော လက်လှမ်းမီသောနေရာများတွင် ဆိုင်ဖွင့်ရောင်းချနိုင်ရပါမည်။ မျက်ကွယ်ပြုနိုင်သော ဆိုင်နေရာတွင် မိမိကုန်ပစ္စညး်များကို မြင်တွေ့ခွင့်မရှိပါက ရောင်ချရဖွယ် မရှိနိုင်ပေ။ထို့အပြင် စျေးကွက်ဝင်ရောင်းချပေးနိုင်မည့် အရောင်းဆိုင်များတိုးပွာရေးနှင့် တက်ကြွလိုလားစွာ ရောင်ချနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်ရပါမည်။ အဆိုပါဆိုင်များကို ၀န်ဆောင်မှုများ၊ ထောက်ပံ့မှုများ၊ မက်လုံးများပံပိုးပေးနိုင်ရမည်။
စျေးနှုန်း(Price)
မိမိကုန်ပစ္စည်းသည် ရောင်းချပေးသည့် စျေးနှုန်းနှင့်ထိုက်တန်စွာ ရှိနေရမည်။ တစ်နည်းအားဖြင့် အရည်အသွေး၊ အရည်အချင်းနှင့်အတူ ထူးခြားသောသွင်ပြင်ကို အခြေခံ၍ သတ်မှတ်ထားသော စျေးနှုန်းများ ဖြစ်ကြောင်း ပြဆိုပေးနိုင်ရမည်။ ရာသီအချိန်အခါအလိုက် စိတ်ဝင်စားဖွယ်ရာလျှော့စျေးများကို စီမံချက်ရေးဆွဲ ရောင်းချပေးရပါမည်။ ကုန်ပစ္စညး်၏ စျေးနှုန်းချိုသာမှုကိုသာ ရွေးချယ်ဝယ်ယူကြလိမ့်မည် ဟူသော တရားသေ ယုံကြည်ချက်ကိုလည်း မထားသင့်ပေ။
ထိုနည်းတူစွာ စျေးနှုန်းအမြင့်ဆုံးတင်ထား၍ ရောင်းချခြင်းသည်လည်း အထင်ကြီးစရာ မဟုတ်ကြောင်း တွက်ဆထားရပါမည်။
အရောင်းမြှင့်တင်မှု (Promotion)
မိမိကုန်ပစ္စည်းများအတွက် ပုံမှန်ရောင်းချခြင်းလုပ်ငန်းအပြင် အရောင်းမြှင့်တင်မှုကို လုပ်ကိုင် ဆောင်ရွက်ပေးရမည်။ မိမိကုန်ပစ္စည်းကို အများမြင်ကွင်းတွင် မကြာခဏမြင်တွေ့စေခြင်းနှင့် ကြော်ငြာများပြုလုပ်ခြင်း လုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန် သိရှိထားသင့်သည်။ ရံဖန်ရံခါ မိတ်ဆွေအပေါင်းအသင်း၏ ညွှန်းဆိုချက်ဖြင့် ၀ယ်ယူလာစေသည့်နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။ ကုန်ပစ္စည်းရောင်းချခြင်း သို့မဟုတ် ၀န်ဆောင်မှုလုပ်ကိုင်ခြင်း ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း တစ်ခုအတွက် ဆိုရှယ်မီဒီယာသည် အဓိကကျသော ဆက်သွယ်ရေးအသုံးချလက်နက်ကိရိယာ ဖြစ်နေစေပါလိမ့်မည်။
ကျန်သည့်အချက်များကို ဆက်လက်ဖော်ပြပေးပါမည်။
Source; Internet Journal
Read times
Rate this item
(0 votes)