-->
×

Warning

JUser: :_load: Unable to load user with ID: 29


သူတို႔ဘာေၾကာင့္ ေအာင္ျမင္ၾကတာလဲ

သူတို႔ဘာေၾကာင့္ ေအာင္ျမင္ၾကတာလဲ google.com

သူတို႔က ေန႔တိုင္းရက္တိုင္းမွာ အမူအက်င့္ေကာင္းေတြကို အၿမဲမျပတ္ လိုက္နာက်င့္သံုးခဲ့တာပါ။ ေန႔စဥ္ လုပ္ေနက် သာမန္အမူအက်င့္ေလးေတြကပဲ စီးပြားေရးနဲ႔ ဘဝေနထိုင္မႈမွာ ထိပ္ဆံုးေရာက္ေစခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ပါလို႔ လုပ္ငန္းရွင္ စီအီးအို ေတြက ေျပာခဲ့ၾကပါတယ္။

၀ါသနာပါတဲ႔ အရာေတြကိုလည္း အခ်ိန္ေပးပါ

“ငါးမွ်ားတာ၊ အပင္စိုက္တာ၊ ခရီးသြားတာ၊ ေဖ်ာ္ေျဖပြဲေတြ သြားတာပဲျဖစ္ျဖစ္ ရံုးျပင္ပမွာ ကိုယ့္စိတ္ကို ေပ်ာ္ေစမယ့္ အရာေတြအတြက္ အခ်ိန္ေပးပါ၊ စိတ္ကုိလြတ္လပ္ေစတဲ့အျပင္ လုပ္ငန္းေတြ၊ ပရိုဂရမ္ေတြအတြက္ စိတ္ကူးစိတ္သန္းအသစ္ ေတြထြက္လာႏုိင္ပါတယ္”

♦ ၀ယ္သူေတြကိုယ္တိုင္ ကုိယ္လိုခ်င္တဲ႔ ၀တ္စံုဒီဇိုင္းကုိ တစ္ခါတည္းေရးဆြဲႏိုင္တဲ႔ နည္းပညာျမင့္ အ၀တ္အထည္အေရာင္းဆုိင္ Big Frog Custom T-shirts & More လုပ္ငန္းဥကၠ႒ Dr.Tina Bacon-De Frece (ႏိုင္ငံ၂၂ခုမွာ သည္လုိအေရာင္းဆိုင္ ၈၀ဖြင့္လွစ္ထားပါတယ္။)

အတုယူမွတ္သားစရာ ရွာမွီးပါ

“တစ္ေန႔တာရဲ႕ အလုပ္ခ်ိန္မစတင္ခင္မွာ ကိုယ့္အတြက္ အသိေပး အမွတ္ရေစမယ့္ အဓိပၸာယ္ရွိရွိ ေျပာစကားတစ္ခုခုကို ရွာဖတ္ပါ။ ကိုယ္က အခုဘယ္အေနအထားထိ ေရာက္ေနတယ္၊ ပုိၿပီးေရွ႕ေရာက္ႏိုင္ဖို႔ ဘာေတြလုိေနေသးလဲဆိုတာ ေတြးမိေစဖို႔ေပါ႔”

♦ျပင္သစ္ႏုိင္ငံအႏွံ႕မွာ ဆုိင္ေပါင္း၅၀ေက်ာ္ဖြင့္ထားတဲ႔ Le Macaron French Pastries ရဲ႕စီအီးအို Rosalie Guillem

အခ်ိန္ကို ကိုယ္ကဆံုးျဖတ္ပါ

“တစ္ပတ္ကို ၁၆၈နာရီပဲရွိတယ္ဆုိေတာ့ ကုိယ္ကတြက္ခ်က္တတ္ဖို႔လုိပါတယ္၊ တစ္ညကို ရွစ္နာရီ အိပ္တာထက္ ႏွစ္နာရီေလာက္ေစာထမယ္ဆုိရင္ ကိုယ္႔ရည္မွန္းခ်က္ေတြကို အာရံုစိုက္ဖို႔၊ ကုိယ္႔တုိးတက္မွဳ လမ္းကို ထြင္ႏုိင္ဖို႔ အခ်ိန္ပိုေေတြ ထြက္လာမယ္။ ေအာင္ျမင္တဲ႔ သူေတြက အခ်ိန္ကို မခစားၾကဘူး။ အခ်ိန္ကပဲ ခစားရတယ္။ အခ်ိန္ကုိ ေစစားႏုိင္တာ ကိုယ္ကုိယ္တိုင္ပဲ ျဖစ္ရမယ္”

♦ကမၻာတစ္လႊားက အမ်ိဳးသမီးေတြကုိ စိတ္ဓါတ္ခြန္အားေပးဖို႔၊ ကုိယ္ရည္ကိုယ္ေသြး ျမွင့္တင္ေပးဖုိ႔နဲ႔ ျပဳျပင္ေျပာင္းလဲဖို႔ ရည္ရြယ္တဲ႔ Burn Boot Camp ရဲ႕ပူးတြဲတည္ေထာင္သူ စီအီးအို Devan Kline

For your jobs-click here

အေကာင္းျမင္စိတ္နဲ႔ ၾကည့္ပါ

“စိတ္ေနစိတ္ထားနဲ႔ ေပါင္းသင္းဆက္ဆံေရး တည္ေဆာက္မွဳက အေရးႀကီးဆံုးပဲ၊ ကိုယ့္စကားကုိ ေလွ်ာ့ေျပာ၊ မ်ားမ်ား နားေထာင္ေပးလုိက္ပါ၊ ကိုယ့္ပတ္၀န္းက်င္က လူေတြကို ေက်းဇူးတင္စကားေလးေျပာေပးပါ၊ ကုိ့္စိတ္မေပ်ာ္ရင္ ဘာလုပ္လုပ္ေအာင္ျမင္မွာ မဟုတ္ဘူး။ ဒီေတာ့ ကိုယ္ေန႔တိုင္း လုပ္ေနသမွ်အရာေတြက အဓိပၸာယ္ရွိေနမွ၊ ယူဖို႔ထက္ ကိုယ့္ဘက္က ေပးဖို႔ေတြးတတ္မွ ဘ၀ကတုိးတက္မွာ”

♦အတြင္းမွာ ၀ယ္သူေတြ စက္ဘီးစီး ေလ့က်င့္ခန္းလုပ္ႏုိင္မယ့္ အဆင့္ျမင့္အေရာင္းဆုိင္ေတြ ဖြင့္ထားတဲ႔ CycleBar ရဲ႕ ဥကၠ႒ Heather Harris

For your success-ငယ္ရြယ္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစဖို႔

အလုပ္မွာ အရင္ဆံုးေရာက္တဲ႔သူ ကုိယ္ျဖစ္ေနပါေစ

“မနက္ပိုင္းအခ်ိန္က က်ြန္မအတြက္ေတာ့ အရမ္းအေရးႀကီးတဲ့အခ်ိန္ေတြျဖစ္ပါေစ၊ က်ြန္မက ရံုးမွာ မီးေတြ လုိက္ဖြင့္ေနတဲ႔ အေစာဆံုးေရာက္သူျဖစ္ရတာ ႀကိဳက္တယ္။ က်ြန္မ အလုပ္လုပ္တဲ႔ သက္တမ္းႏွစ္၃၀နီးပါး တစ္ေလ်ွာက္မွာ က်ြန္မက ကိုယ္ႀကိဳက္ႏွစ္သက္တဲ႔ အလုပ္ကုိ လုပ္ခြင့္ရတာ ကံေကာင္းလုိက္တာလုိ႔ ခံစားေနရတုန္းပဲ”

♦Cloud နည္းပညာပလက္ေဖာင္း Extreme Reach ရဲ႕စီအမ္အို(Chief Marketing Officer) Melinda Mckaughlin

Source; Kumudra 

(Unicode Version)

သူတို့က နေ့တိုင်းရက်တိုင်းမှာ အမူအကျင့်ကောင်းတွေကို အမြဲမပြတ် လိုက်နာကျင့်သုံးခဲ့တာပါ။ နေ့စဉ် လုပ်နေကျ သာမန်အမူအကျင့်လေးတွေကပဲ စီးပွားရေးနဲ့ ဘဝနေထိုင်မှုမှာ ထိပ်ဆုံးရောက်စေခဲ့တဲ့ လျှို့ဝှက်ချက်ပါလို့ လုပ်ငန်းရှင် စီအီးအို တွေက ပြောခဲ့ကြပါတယ်။
၀ါသနာပါတဲ့ အရာတွေကိုလည်း အချိန်ပေးပါ
“ငါးမျှားတာ၊ အပင်စိုက်တာ၊ ခရီးသွားတာ၊ ဖျော်ဖြေပွဲတွေ သွားတာပဲဖြစ်ဖြစ် ရုံးပြင်ပမှာ ကိုယ့်စိတ်ကို ပျော်စေမယ့် အရာတွေအတွက် အချိန်ပေးပါ၊ စိတ်ကိုလွတ်လပ်စေတဲ့အပြင် လုပ်ငန်းတွေ၊ ပရိုဂရမ်တွေအတွက် စိတ်ကူးစိတ်သန်းအသစ် တွေထွက်လာနိုင်ပါတယ်”
♦ ၀ယ်သူတွေကိုယ်တိုင် ကိုယ်လိုချင်တဲ့ ၀တ်စုံဒီဇိုင်းကို တစ်ခါတည်းရေးဆွဲနိုင်တဲ့ နည်းပညာမြင့် အဝတ်အထည်အရောင်းဆိုင် Big Frog Custom T-shirts & More လုပ်ငန်းဥက္ကဋ္ဌ Dr.Tina Bacon-De Frece (နိုင်ငံ၂၂ခုမှာ သည်လိုအရောင်းဆိုင် ၈၀ဖွင့်လှစ်ထားပါတယ်။)
အတုယူမှတ်သားစရာ ရှာမှီးပါ
“တစ်နေ့တာရဲ့ အလုပ်ချိန်မစတင်ခင်မှာ ကိုယ့်အတွက် အသိပေး အမှတ်ရစေမယ့် အဓိပ္ပာယ်ရှိရှိ ပြောစကားတစ်ခုခုကို ရှာဖတ်ပါ။ ကိုယ်က အခုဘယ်အနေအထားထိ ရောက်နေတယ်၊ ပိုပြီးရှေ့ရောက်နိုင်ဖို့ ဘာတွေလိုနေသေးလဲဆိုတာ တွေးမိစေဖို့ပေါ့”
♦ပြင်သစ်နိုင်ငံအနှံ့မှာ ဆိုင်ပေါင်း၅၀ကျော်ဖွင့်ထားတဲ့ Le Macaron French Pastries ရဲ့စီအီးအို Rosalie Guillem
အချိန်ကို ကိုယ်ကဆုံးဖြတ်ပါ
“တစ်ပတ်ကို ၁၆၈နာရီပဲရှိတယ်ဆိုတော့ ကိုယ်ကတွက်ချက်တတ်ဖို့လိုပါတယ်၊ တစ်ညကို ရှစ်နာရီ အိပ်တာထက် နှစ်နာရီလောက်စောထမယ်ဆိုရင် ကိုယ့်ရည်မှန်းချက်တွေကို အာရုံစိုက်ဖို့၊ ကိုယ့်တိုးတက်မှု လမ်းကို ထွင်နိုင်ဖို့ အချိန်ပိုေတွေ ထွက်လာမယ်။ အောင်မြင်တဲ့ သူတွေက အချိန်ကို မခစားကြဘူး။ အချိန်ကပဲ ခစားရတယ်။ အချိန်ကို စေစားနိုင်တာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ရမယ်”
♦ကမ္ဘာတစ်လွှားက အမျိုးသမီးတွေကို စိတ်ဓါတ်ခွန်အားပေးဖို့၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်တဲ့ Burn Boot Camp ရဲ့ပူးတွဲတည်ထောင်သူ စီအီးအို Devan Kline
For your jobs-click here
အကောင်းမြင်စိတ်နဲ့ ကြည့်ပါ
“စိတ်နေစိတ်ထားနဲ့ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်မှုက အရေးကြီးဆုံးပဲ၊ ကိုယ့်စကားကို လျှော့ပြော၊ များများ နားထောင်ပေးလိုက်ပါ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကျေးဇူးတင်စကားလေးပြောပေးပါ၊ ကို့်စိတ်မပျော်ရင် ဘာလုပ်လုပ်အောင်မြင်မှာ မဟုတ်ဘူး။ ဒီတော့ ကိုယ်နေ့တိုင်း လုပ်နေသမျှအရာတွေက အဓိပ္ပာယ်ရှိနေမှ၊ ယူဖို့ထက် ကိုယ့်ဘက်က ပေးဖို့တွေးတတ်မှ ဘဝကတိုးတက်မှာ”
♦အတွင်းမှာ ၀ယ်သူတွေ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်နိုင်မယ့် အဆင့်မြင့်အရောင်းဆိုင်တွေ ဖွင့်ထားတဲ့ CycleBar ရဲ့ ဥက္ကဋ္ဌ Heather Harris
For your success-ငယ်ရွယ်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့
အလုပ်မှာ အရင်ဆုံးရောက်တဲ့သူ ကိုယ်ဖြစ်နေပါစေ
“မနက်ပိုင်းအချိန်က ကျွန်မအတွက်တော့ အရမ်းအရေးကြီးတဲ့အချိန်တွေဖြစ်ပါစေ၊ ကျွန်မက ရုံးမှာ မီးတွေ လိုက်ဖွင့်နေတဲ့ အစောဆုံးရောက်သူဖြစ်ရတာ ကြိုက်တယ်။ ကျွန်မ အလုပ်လုပ်တဲ့ သက်တမ်းနှစ်၃၀နီးပါး တစ်လျှောက်မှာ ကျွန်မက ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်ခွင့်ရတာ ကံကောင်းလိုက်တာလို့ ခံစားနေရတုန်းပဲ”
♦Cloud နည်းပညာပလက်ဖောင်း Extreme Reach ရဲ့စီအမ်အို(Chief Marketing Officer) Melinda Mckaughlin
Source; Kumudra

Read times
Rate this item
(1 Vote)