-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္ၿပီးမွ ဘာလုိ႔က်ရွံဳးရျပန္တာလဲ

ေအာင္ျမင္ၿပီးမွ ဘာလုိ႔က်ရွံဳးရျပန္တာလဲ google.com

လူတစ္ေယာက္ ေအာင္ျမင္လာဖို႔ အတြက္ ႀကိဳးစားအားထုတ္မွဳ၊ ရင္းႏွီးျမွဳပ္ႏွံမွဳေပါင္းမ်ားစြာ လုပ္ကိုင္ရသလုိ၊ ေအာင္ျမင္ၿပီးရင္လည္း ရရွိထားတဲ႔ ေအာင္ျမင္မွဳကို ထိန္းသိမ္းႏုိင္ဖုိ႔ အတြက္ ပုိလုိ႔ပင္အခက္အခဲမ်ားစြာကုိ ရင္ဆုိင္ရမွာပါ။ ဒါေၾကာင့္ ေအာင္ျမင္မွဳရရွိၿပီးတဲ႔ ေနာက္မွာ ဘာေၾကာင့္က်ရွံဳးသြားရလဲဆိုတဲ႔ အခ်က္မ်ားကုိ ေဖာ္ျပေပးလုိက္ပါတယ္။
ဒါ့အျပင္ ယခု စာက အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ တစ္ခုမွာ လုပ္ကိုင္ျပီး စြန္႔ခြာသြားသူ၊ အျခားေသာ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္သိ႔ု ကူးေျပာင္း သြားသူ မ်ား ရဲ႕ အေၾကာင္းျပခ်က္ မ်ားလည္း ပါ၀င္ပါတယ္။

၁။ အရင္လိုပဲ ဆက္ေအာင္ျမင္မယ္လို႔ ထင္ျမင္ျခင္း

ေနရာ တစ္ခု၊ ပန္းတိုင္ တစ္ခုကို ရရွိထားျပီးသူ၊ ရလဒ္ေကာင္း တစ္ခုကို ပိုင္ဆိုင္ျပီးသူဟာ အနာဂတ္မွာ ဆက္လက္ ေအာင္ျမင္မယ္လို႔ ထင္တတ္ၾက ပါတယ္။ ဘာနဲ႔ တူသလဲဆုိ. ေလာင္းကစားဝိုင္း မွာ ေဆာ့တုန္း တစ္ပြဲ ႏုိင္ သြားျပီးရင္ ေနာက္ပြဲေတြလည္း ဆက္ႏိုင္မယ္လို႔ ထင္ျမင္တဲ့ ခံစးခ်က္ ျဖစ္ပါတယ္။ ကံၾကမၼာ ဆုိတဲ့ အရာကို ယံုၾကည္ျခင္း ကလည္း က်ရွံုးေစတဲ့ အေၾကာင္း အရင္း တစ္ခု ျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ မိမိကိုယ္ကို ယံုၾကည္မွု လြန္ကဲျခင္း ျဖစ္ပါတယ္။

၂။ အေသးစိတ္ ေလ့လာမွု မရွိေတာ့ျခင္း

အဆင့္ရာထူး တစ္ခုကို တက္သြားတဲ့အခါ၊ သုိ႔တည္းမဟုတ္ ေအာင္ျမင္မွု ရရွိလို႔ ေနာက္ထက္ ေျခလွမ္း အသစ္ကို ေရႊ႕လ်ားတဲ့ အခါ အမ်ားစု အားနည္းသြားတဲ့ အခ်က္က အေသးစိတ္ စစ္ေဆး ေလ့လာမွဳမရွိ ေတာ့ျခင္း ျဖစ္ပါတယ္။ အလုပ္မ်ားတယ္။ မအားဘူး ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ လိုအပ္တဲ့ အေသးစိတ္ အခ်က္မ်ားကို လစ္လ်ဴရွုပစ္ လိုက္ျခင္း ကလည္း က်ရွံုးေစျခင္း ျဖစ္ပါတယ္။

၃။ မိမိ အားသာခ်က္ႏွင့္ အားနည္းခ်က္ မ်ားကို ေမ့လ်ာ့ျခင္း

အခ်ိဳ႕က အားသာခ်က္ကို မွတ္မိတယ္။ အားနည္းခ်က္ကို မွတ္မထားဘူး။ အခ်ိဳ႕က အားနည္းခ်က္ေတြပဲ သိတယ္။ ကိုယ့္ အားသာခ်က္ကို မေဖာ္ ထုတ္တတ္ဘူး။ အခ်ိဳ႕က်ေတာ့လည္း အားနည္းခ်က္ေကာ၊ အားသာ ခ်က္ ေကာ အားလံုးကို မသိပဲ ေနတတ္ၾက ပါတယ္။ ယင္း အခ်က္ဟာလည္း အသက္ေမြးဝမ္းေက်ာင္း ပညာ တစ္ခု၊ လမ္းေၾကာင္း တစ္ခုကေန က်ရွံုးေစတဲ့ အေၾကာင္း အခ်က္ တစ္ခုပဲ ျဖစ္ပါတယ္။

၄။ ကြဲျပားျခားနားေသာ အိုင္ဒီယာမ်ားကို လက္မခံေတာ့ျခင္း

အဆင့္ ရာထူး တစ္ခု တက္သြားတဲ့ အခါ သုိ႔တည္းမဟုတ္ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္း တစ္ခုမွာ ေအာင္ျမင္မွု တစ္ခု ရျပီးတဲ့ အခါ ပိုျပီး ၾကီးေလးတဲ့ တာဝန္ယူျခင္း၊ လုပ္ငန္း အသစ္ တိုးခ်ဲ႕ျခင္းတို႔ ျပဳလုပ္ၾကပါတယ္။ ယင္းသုိ႔ ျပဳလုပ္တဲ့ အခါ လူအမ်ားရဲ႕ ထင္ျမင္ယူဆခ်က္ အၾကံေပးခ်က္ မ်ားကို လက္ခံ ႏိုင္ရ ပါမယ္။ ကိုယ့္ကို အျမဲ Yes လို႔ ေျဖေနတဲ့ လူေတြနဲ႔သာ အျမဲ ဝန္းရံ ထားေစခ်င္ရင္ က်ရွံုးမွု ဆုိတာကို လွမ္းေခၚ ေနသလို ပါပဲ။

Read-ဆင္းရဲဒုကၡေတြၾကားထဲမွာ သင့္ကိုေရွ႔ဆက္တိုးေစႏိုင္တဲ႔အရာ

၅။ သၾကား တစ္မ်ိဳးသာ အခ်ိဳဓာတ္ ရွိသည္ဟု ထင္ျခင္း

အေနာက္တိုင္း စကားပံု တစ္ခု ရွိပါတယ္။ ေလွကား အေပၚတက္ေနတုန္း မိမိ ေအာက္ကလူေတြကို ေအာက္ငံု႔ ႏွုတ္ဆက္ ရယ္ျပပါတဲ့။ အေၾကာင္းကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ဟာ မိမိထက္ အျမင့္ကို ေရာက္သြားႏိုင္တဲ့ အတြက္ မိမိသာ ျပံဳးျပ မထားခဲ့ရင္ ကိုယ့္ကိုယ္ ျပံဳးျပေတာ့မွာ မဟုတ္ ပါဘူး။ ဆိုလိုရင္းက ဒီလိုပါ။ မိမိဟာ ေအာင္ျမင္မွု အတြက္ ၾကိဳးပမ္း ေနတုန္း အထက္က လူၾကီးေတြ အရာရွိေတြ ကို ျပံဳးျပ ကူညီ၊ ခ်ည္းကပ္ ေနတတ္ျပီး မိမိ ေအာက္က လူေတြကို ျပံဳးျပ၊ ကူညီေပးဖို႔ေတာ့ ေမ့ေနၾကပါတယ္။ မထင္မွတ္တဲ့ ကံၾကမၼာေၾကာင့္ သို႔မဟုတ္ မိမိရဲ႕ အားနည္းခ်က္ ေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာ ေနာက္က် က်န္ခဲ့ ႏိုင္ျပီး ကိုယ့္ေအာက္ကလူေတြကို ကူညီမထား ခဲ့ရင္ ေကာင္းေကာင္း မဆက္ဆံထားခဲ့ရင္ သူတို႔လည္း ကိုယ့္ကို လွည့္ေတာင္ ၾကည့္ေတာ့မွာ မဟုတ္ ပါဘူး။

၆။ မိမိ ကြ်မ္းက်င္သည့္ နယ္ပယ္မွ ေက်ာ္လြန္၍ လုပ္ေဆာင္ျခင္း
ကိုယ္ ကြ်မ္းက်င္ တဲ့ အသက္ေမြးဝမ္းေက်ာင္း ပညာ မဟုတ္ပဲ ေငြအရင္းရွိလို႔ သို႔တည္းမဟုတ္ စိတ္ဝင္စားလို႔ ပါ ဆုိျပီး အျခား လုပ္ငန္း နယ္ပယ္ တစ္ခုကို ဝင္တာဟာလည္း မွားယြင္းပါတယ္။ အဲ့ဒီလို ဝင္တာက မမွားယြင္းပါဘးူ။ အကယ္၍ ေသခ်ာ ျပင္ဆင္ထားျခင္း မရွိ။ တကယ္လည္း မတတ္ေျမာက္ ပဲနဲ႔ ေလာဘ နဲ႔ ဂုဏ္ပကာသန ကို ေရွ႕တန္း တင္လုိ႔ သြားမိမယ္ ဆုိရင္ က်ရွံုးမွာပဲ ျဖစ္ပါတယ္။

၇။ စြန္႔စားလြန္းျခင္း

နည္းလမ္း က်က် တြက္ခ်က္လု႔ိ ကိုယ့္ ရဲ႕ ေအာင္ျမင္ ႏိုင္ေခ်က ၅၀ ရာခိုင္ႏွုန္းေတာင္ မရွိဘူး ဆုိရင္ မစြန္႔စားသင့္ ပါဘူး။ ကိုယ္ပိုင္လုပ္ငန္း တစ္ခု ျဖစ္တယ္ဆုိရင္ ေငြ အရင္းအႏွီး အကုန္ ထည့္လိုက္မယ္။ ကုမၸဏီ ဝန္ထမ္း ျဖစ္ေနရင္ ဒီထက္ ၾကီးတဲ့ တာဝန္ကုိ ယူျပ လိုက္မယ္ ဆုိတာမ်ိဳးတို႔က သာမန္ထက္ လြန္ကဲတဲ့ စြန္႔စားမွု ျဖစ္ျပီး က်ရွံုးေစမယ့္ အေၾကာင္းမ်ားထဲက တစ္ခုပဲ ျဖစ္ပါတယ္။

Credit : ေအာင္ခမ္း

(Unicode Version)

လူတစ်ယောက် အောင်မြင်လာဖို့ အတွက် ကြိုးစားအားထုတ်မှု၊ ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာ လုပ်ကိုင်ရသလို၊ အောင်မြင်ပြီးရင်လည်း ရရှိထားတဲ့ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ အတွက် ပိုလို့ပင်အခက်အခဲများစွာကို ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အောင်မြင်မှုရရှိပြီးတဲ့ နောက်မှာ ဘာကြောင့်ကျရှုံးသွားရလဲဆိုတဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
ဒါ့အပြင် ယခု စာက အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုမှာ လုပ်ကိုင်ပြီး စွန့်ခွာသွားသူ၊ အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်သို့ ကူးပြောင်း သွားသူ များ ရဲ့ အကြောင်းပြချက် များလည်း ပါ၀င်ပါတယ်။
၁။ အရင်လိုပဲ ဆက်အောင်မြင်မယ်လို့ ထင်မြင်ခြင်း
နေရာ တစ်ခု၊ ပန်းတိုင် တစ်ခုကို ရရှိထားပြီးသူ၊ ရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်ပြီးသူဟာ အနာဂတ်မှာ ဆက်လက် အောင်မြင်မယ်လို့ ထင်တတ်ကြ ပါတယ်။ ဘာနဲ့ တူသလဲဆို. လောင်းကစားဝိုင်း မှာ ဆော့တုန်း တစ်ပွဲ နိုင် သွားပြီးရင် နောက်ပွဲတွေလည်း ဆက်နိုင်မယ်လို့ ထင်မြင်တဲ့ ခံစးချက် ဖြစ်ပါတယ်။ ကံကြမ္မာ ဆိုတဲ့ အရာကို ယုံကြည်ခြင်း ကလည်း ကျရှံုးစေတဲ့ အကြောင်း အရင်း တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်း ဖြစ်ပါတယ်။
၂။ အသေးစိတ် လေ့လာမှု မရှိတော့ခြင်း
အဆင့်ရာထူး တစ်ခုကို တက်သွားတဲ့အခါ၊ သို့တည်းမဟုတ် အောင်မြင်မှု ရရှိလို့ နောက်ထက် ခြေလှမ်း အသစ်ကို ရွှေ့လျားတဲ့ အခါ အများစု အားနည်းသွားတဲ့ အချက်က အသေးစိတ် စစ်ဆေး လေ့လာမှုမရှိ တော့ခြင်း ဖြစ်ပါတယ်။ အလုပ်များတယ်။ မအားဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုအပ်တဲ့ အသေးစိတ် အချက်များကို လစ်လျူရှုပစ် လိုက်ခြင်း ကလည်း ကျရှံုးစေခြင်း ဖြစ်ပါတယ်။
၃။ မိမိ အားသာချက်နှင့် အားနည်းချက် များကို မေ့လျာ့ခြင်း
အချို့က အားသာချက်ကို မှတ်မိတယ်။ အားနည်းချက်ကို မှတ်မထားဘူး။ အချို့က အားနည်းချက်တွေပဲ သိတယ်။ ကိုယ့် အားသာချက်ကို မဖော် ထုတ်တတ်ဘူး။ အချို့ကျတော့လည်း အားနည်းချက်ကော၊ အားသာ ချက် ကော အားလုံးကို မသိပဲ နေတတ်ကြ ပါတယ်။ ယင်း အချက်ဟာလည်း အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု၊ လမ်းကြောင်း တစ်ခုကနေ ကျရှံုးစေတဲ့ အကြောင်း အချက် တစ်ခုပဲ ဖြစ်ပါတယ်။
၄။ ကွဲပြားခြားနားသော အိုင်ဒီယာများကို လက်မခံတော့ခြင်း
အဆင့် ရာထူး တစ်ခု တက်သွားတဲ့ အခါ သို့တည်းမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုမှာ အောင်မြင်မှု တစ်ခု ရပြီးတဲ့ အခါ ပိုပြီး ကြီးလေးတဲ့ တာဝန်ယူခြင်း၊ လုပ်ငန်း အသစ် တိုးချဲ့ခြင်းတို့ ပြုလုပ်ကြပါတယ်။ ယင်းသို့ ပြုလုပ်တဲ့ အခါ လူအများရဲ့ ထင်မြင်ယူဆချက် အကြံပေးချက် များကို လက်ခံ နိုင်ရ ပါမယ်။ ကိုယ့်ကို အမြဲ Yes လို့ ဖြေနေတဲ့ လူတွေနဲ့သာ အမြဲ ဝန်းရံ ထားစေချင်ရင် ကျရှံုးမှု ဆိုတာကို လှမ်းခေါ် နေသလို ပါပဲ။

၅။ သကြား တစ်မျိုးသာ အချိုဓာတ် ရှိသည်ဟု ထင်ခြင်း
အနောက်တိုင်း စကားပုံ တစ်ခု ရှိပါတယ်။ လှေကား အပေါ်တက်နေတုန်း မိမိ အောက်ကလူတွေကို အောက်ငုံ့ နှုတ်ဆက် ရယ်ပြပါတဲ့။ အကြောင်းကတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့ဟာ မိမိထက် အမြင့်ကို ရောက်သွားနိုင်တဲ့ အတွက် မိမိသာ ပြံုးပြ မထားခဲ့ရင် ကိုယ့်ကိုယ် ပြံုးပြတော့မှာ မဟုတ် ပါဘူး။ ဆိုလိုရင်းက ဒီလိုပါ။ မိမိဟာ အောင်မြင်မှု အတွက် ကြိုးပမ်း နေတုန်း အထက်က လူကြီးတွေ အရာရှိတွေ ကို ပြံုးပြ ကူညီ၊ ချည်းကပ် နေတတ်ပြီး မိမိ အောက်က လူတွေကို ပြံုးပြ၊ ကူညီပေးဖို့တော့ မေ့နေကြပါတယ်။ မထင်မှတ်တဲ့ ကံကြမ္မာကြောင့် သို့မဟုတ် မိမိရဲ့ အားနည်းချက် ကြောင့် တစ်ချိန်ချိန်မှာ နောက်ကျ ကျန်ခဲ့ နိုင်ပြီး ကိုယ့်အောက်ကလူတွေကို ကူညီမထား ခဲ့ရင် ကောင်းကောင်း မဆက်ဆံထားခဲ့ရင် သူတို့လည်း ကိုယ့်ကို လှည့်တောင် ကြည့်တော့မှာ မဟုတ် ပါဘူး။
၆။ မိမိ ကျွမ်းကျင်သည့် နယ်ပယ်မှ ကျော်လွန်၍ လုပ်ဆောင်ခြင်း
ကိုယ် ကျွမ်းကျင် တဲ့ အသက်မွေးဝမ်းကျောင်း ပညာ မဟုတ်ပဲ ငွေအရင်းရှိလို့ သို့တည်းမဟုတ် စိတ်ဝင်စားလို့ ပါ ဆိုပြီး အခြား လုပ်ငန်း နယ်ပယ် တစ်ခုကို ဝင်တာဟာလည်း မှားယွင်းပါတယ်။ အဲ့ဒီလို ဝင်တာက မမှားယွင်းပါဘူး။ အကယ်၍ သေချာ ပြင်ဆင်ထားခြင်း မရှိ။ တကယ်လည်း မတတ်မြောက် ပဲနဲ့ လောဘ နဲ့ ဂုဏ်ပကာသန ကို ရှေ့တန်း တင်လို့ သွားမိမယ် ဆိုရင် ကျရှံုးမှာပဲ ဖြစ်ပါတယ်။
၇။ စွန့်စားလွန်းခြင်း
နည်းလမ်း ကျကျ တွက်ချက်လို့ ကိုယ့် ရဲ့ အောင်မြင် နိုင်ချေက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူး ဆိုရင် မစွန့်စားသင့် ပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု ဖြစ်တယ်ဆိုရင် ငွေ အရင်းအနှီး အကုန် ထည့်လိုက်မယ်။ ကုမ္ပဏီ ဝန်ထမ်း ဖြစ်နေရင် ဒီထက် ကြီးတဲ့ တာဝန်ကို ယူပြ လိုက်မယ် ဆိုတာမျိုးတို့က သာမန်ထက် လွန်ကဲတဲ့ စွန့်စားမှု ဖြစ်ပြီး ကျရှံုးစေမယ့် အကြောင်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။
Credit : အောင်ခမ်း

Read times
Rate this item
(0 votes)