-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေခတ္အဆက္ဆက္ ပံုစံအမ်ိဳးမ်ိဳးေျပာင္းလဲလာတဲ႔ ေၾကာ္ျငာပံုစံေတြ

ေခတ္အဆက္ဆက္ ပံုစံအမ်ိဳးမ်ိဳးေျပာင္းလဲလာတဲ႔ ေၾကာ္ျငာပံုစံေတြ google.com

ေၾကာ္ျငာ! ေက်ာ္ရေအာင္ ညာတာလား? ဘာပဲျဖစ္ျဖစ္ ကုိယ္ထုတ္လုပ္လုိက္တဲ့ ကုန္ပစၥည္းေတြကို စားသုံးသူလက္ထဲေရာက္ရွိဖုိ႔ မီဒီယာေပါင္းစုံကေန ဆြဲေဆာင္ေနရတာပါ။ ျမန္မာမွာဆုိရင္လည္းေဒြးတုိ႔ ထက္ထက္မုိးဦးတုိ႔ ေခတ္ေကာင္းခဲ့တုန္းကဆုိရင္လည္း ေၾကာ္ျငာေခတ္ဆုိၿပီး ျဖစ္ခဲ့တယ္ဆုိတာကုိ အားလုံးမွတ္မိၾကဦးမွာပါ။ အခုကေခတ္ေျပာင္းသြားလုိ႔ ႐ုပ္ျမင္သံၾကားမီဒီယာအျပင္ အျခားမီဒီယာအစုံကေန ေၾကာ္ျငာလာေနပါၿပီ။

အနီးစပ္ဆုံးအရင္ ၁၀ ႏွစ္ေက်ာ္အခ်ိန္ကုိ ျပန္ၾကည့္မယ္ဆုိရင္ေတာင္ ျမန္မာႏုိင္ငံက အိမ္ေထာင္စုေတြဟာ ႐ုပ္ျမင္သံၾကားကလာတဲ့ ေၾကာ္ျငာေတြကုိအမိအရ ေစာင့္ၾကည့္ခဲ့ၾကဖူးတာပါ။

နာမည္ၾကီးအႏုပညာရွင္ေတြနဲ႔ ဇီးထုတ္ကေနစလုိ႔ေရႊဆုိင္ ေနာက္…..တစ္ရူးရြက္ေတြအထိ ေၾကာ္ျငာခဲ့ၾကတာက အေတာ္ေလးေခတ္စားခဲ့ပါတယ္။

အဲဒီကေန ဒီေန႔ဒီအခ်ိန္ကုိေရာက္ရွိလာတဲ့ အခါမွာေတာ့ လုပ္ငန္းရွင္ေတြဘက္ကေၾကာ္ျငာအတြက္ ေငြကုန္ေၾကးက်ခံတဲ့ ေနရာမွာ ပံုစံအမ်ိဳးမ်ိဳးေျပာင္းလဲခဲ့ၿပီး အြန္လိုင္းမီဒီယာပံုႏွိပ္မီဒီယာ လက္ကမ္းေၾကာ္ျငာ Billboard စတာေတြမွာ ဆန္းသစ္ၿပီးေၾကာ္ျငာလာတာကိုေတြ႔ရမွာပါ။

ျပည္တြင္းက ထိပ္တန္းေၾကာ္ျငာေအဂ်င္စီတစ္ခုရဲ႕ လုပ္ငန္းရွင္တစ္ဦးကေတာ့ ဒီဘက္ေခတ္မွာ ကုန္ပစၥည္းပုိင္ရွင္ေတြကေၾကာ္ျငာတဲ့အပုိင္းမွာေငြ သိပ္မသုံးၾကေတာ့ဘူးလုိ႔ ေျပာျပလာပါတယ္။

"ေသခ်ာတာကေတာ့ ေၾကာ္ျငာဘတ္ဂ်တ္ကက်သြားတယ္။ မႏွစ္က ၁၅ နဲ႔ ၁၆ မွာယွဥ္ရင္ ေၾကာ္ျငာ၀င္ေငြက ၅ ရာခိုင္ႏႈန္း ၆ ရာခိုင္ႏႈန္းအဲေလာက္ပဲတိုးတယ္။ အဲဒီဥစၥာက   ေငြေၾကးေဖာင္းပြတာလဲ   ျဖစ္ႏိုင္တယ္။ ေၾကာ္ျငာႏႈန္းေတြ တက္တဲ့အတြက္ေၾကာင့္ ႏႈန္းတက္ၿပီးေပးရတာမ်ိဳးေၾကာင့္ လဲျဖစ္ႏိုင္တယ္ အဲေတာ့ လူေတြကအဲေတာ့ လူေတြကသူတို႔ လုပ္ငန္းေတြအတြက္ကိုပိုၿပီးေတာ့ မသံုးေတာ့ဘူး။" လို႔ Mango Media Limited ရဲ႕ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ေဒၚေအးႏွင္းေဆြက ေျပာပါတယ္။

လုပ္ငန္းရွင္ေတြဘက္ ေၾကာ္ျငာဘတ္ဂ်တ္အကုန္လံုးကို ရုပ္ျမင္သံၾကားတခုထဲမွာ အကုန္က်ခံတာမ်ိဳး မဟုတ္ေတာ့ဘဲ ေငြကုန္ေၾကးက်နည္းေအာင္ တျခားနည္းလမ္းနဲ႔   ေၾကာ္ျငာတာမိ်ဳးလည္းေတြ႔လာရတယ္လို႔ သူမက ဆက္ေျပာပါတယ္။

အခုေတာ့ လုပ္ငန္းရွင္တစ္ဦးရဲ႕ သူတုိ႔ထုတ္ကုန္ ေပါက္ဖုိ႔ ဘယ္လုိရင္းႏွီး ျမွဳပ္ႏွံေနသလဲ။

ေရႊသုနႏၵီ အလွကုန္လုပ္ငန္းရဲ႕ ဒါ႐ိုက္တာ ေဒၚခင္ဥမၼာေခ်ာက "ဒီပစၥည္းထုတ္ပိုးမႈနဲ႔ ထုတ္လုပ္တဲ့ အရည္အေသြးေလးကို ေကာင္းေကာင္းေလး လုပ္ထားတဲ့အတြက္ေၾကာင့္   ျပည္သူလူထုလက္ထဲမွာ အမတို႔ နမူနာေတြေပးတယ္၊ ေပးတဲ့အခါမွာဒီနမူနာကိုသံုးၾကည့္ၿပီးေတာ့ ၾကိဳက္ၿပီဆိုရင္ ၀ယ္လို႔ရၿပီဆိုေတာ့ သံုးၾကည့္ ဒီနမူနာကိုက်မတို႔ ေၾကာ္ျငာတဲ့   ေနရာမွာသံုးတယ္၊ ေနာက္ၿပီးကုန္ပစၥည္းကို အေကာင္းဆံုးသံုးတဲ့ အတြက္ ေၾကာင့္ ျပည္သူလူထုကတကယ္ကိုသံုးစြဲတဲ့ သူေလ ေၾကာ္ျငာတယ္ဆိုတာက တီဗီြမွာမင္းသမီးမင္းသား ေတြသံုးၿပီး မင္းသမီးမင္းသားေတြမွ မသံုးရင္ ဒါကအလကားပဲေလ အဲဒါဆိုေတာ့ တကယ္ထိေရာက္တဲ့ နည္းက ျပည္သူလူထုဒီေရႊသုနႏၵီကိုသံုးစြဲတဲ့ ကာစတန္မာေတြသာေၾကာ္ျငာတဲ့ လူေတြပဲအဲေနရာမွာအမတို႔ ရင္းႏွီးျမႇဳပ္ႏွံတယ္" လို႔ ရွင္းျပပါတယ္။

ျပင္သစ္ႏုိင္ငံသားနီးေရာဘတ္က ျမန္မာျပည္မွာေၾကာ္ျငာေအဂ်င္စီလုပ္ငန္းကုိလုပ္ကုိင္ဖုိ႔ လာခဲ့တာအခ်ိန္ ၃ ႏွစ္ေက်ာ္ေတာင္ ရွိေနပါၿပီ။ ဒီအတြက္လည္းဒီမွာေစ်းကြက္နဲ႔ အေျပာင္းအလဲေတြ ရွိႏွင့္ေနၿပီးသား ျဖစ္တယ္လုိ႔ ယုံၾကည္ထားပါတယ္။ သူဒီအလုပ္ကုိစလုပ္တုန္းကဆုိရင္ လုပ္ငန္းရွင္ေတြက ႐ုပ္သံေၾကာ္ျငာလုိမ်ဳိး ပုံစံတစ္ခုတည္း ကေနပဲပုံေသေၾကာ္ျငာဖုိ႔ စိတ္အားထက္သန္ၾကတယ္လုိ႔ ေျပာျပလာပါတယ္။

Read-ေစ်းကြက္ရွာေဖြျခင္းတြင္ အေရးႀကီးဆံုးလုပ္ငန္းစဥ္တစ္ရပ္ျဖစ္သည့္ ေၾကာ္ျငာျခင္း

Synapse 360  ံ Advertising Agency ရဲ႕ တည္ေထာင္သူ ႏွင့္ Operation Director နီး(လ္)ေရာဘတ္က "ျပည္တြင္းကုန္ပစၥည္းပဲ ျဖစ္ျဖစ္..ႏိုင္ငံျခားကဟာပဲျဖစ္ျဖစ္ ဆက္ဆံရမယ့္ သူကအတူတူပဲေလ။ ကုန္ပစၥည္းေတြ ဆီမွာအရည္အေသြးအမ်ဳိးမ်ဳိးရွိတာပဲေလ..ဒါက ကၽြန္ေတာ္တုိ႔အလုပ္မဟုတ္ဘူး၊ ကၽြန္ေတာ္တို႔ အလုပ္က သုံးစြဲသူေတြကုိ ဘယ္လုိစကားေျပာရမလဲဆုိတာပဲဗ်။ ကၽြန္ေတာ္တုိ႔  ဒီကုိေရာက္တုန္းကဆုိရင္ ဒီက အမွတ္တံဆိပ္ ေတာ္ေတာ္မ်ားမ်ားက မီဒီယာတစ္ခုတည္းကပဲ ေၾကာ္ျငာဖုိ႔ပဲ ေတြးတတ္ၾကတယ္။" လို႔ ရွင္းျပပါတယ္။

အခုေတာ့ မီဒီယာမ်ဳိးစုံကေန ကုန္ပစၥည္းေတြကုိ ေၾကာ္ျငာလာေတြကုိ ျမင္ေတြ႕လာေနရတယ္လုိ႔ သူက ျဖည့္စြက္ ေျပာဆုိလာပါတယ္။ ဒါေပမယ့္ ဒီဂ်စ္တယ္မီဒီယာ ပလက္ေဖာင္းေတြကုိ လုပ္ငန္းရွင္ေတြေရာ ျပည္သူေတြေရာေကာင္းေကာင္းနားလည္ရင္ လုပ္ငန္းတုိးတက္လာႏုိင္မယ္လုိ႔ပါ ေျပာျပထားပါေသးတယ္။

 Source; Mizzima Burmese

(Unicode Version)

ကြော်ငြာ! ကျော်ရအောင် ညာတာလား? ဘာပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူလက်ထဲရောက်ရှိဖို့ မီဒီယာပေါင်းစုံကနေ ဆွဲဆောင်နေရတာပါ။ မြန်မာမှာဆိုရင်လည်းဒွေးတို့ ထက်ထက်မိုးဦးတို့ ခေတ်ကောင်းခဲ့တုန်းကဆိုရင်လည်း ကြော်ငြာခေတ်ဆိုပြီး ဖြစ်ခဲ့တယ်ဆိုတာကို အားလုံးမှတ်မိကြဦးမှာပါ။ အခုကခေတ်ပြောင်းသွားလို့ ရုပ်မြင်သံကြားမီဒီယာအပြင် အခြားမီဒီယာအစုံကနေ ကြော်ငြာလာနေပါပြီ။
အနီးစပ်ဆုံးအရင် ၁၀ နှစ်ကျော်အချိန်ကို ပြန်ကြည့်မယ်ဆိုရင်တောင် မြန်မာနိုင်ငံက အိမ်ထောင်စုတွေဟာ ရုပ်မြင်သံကြားကလာတဲ့ ကြော်ငြာတွေကိုအမိအရ စောင့်ကြည့်ခဲ့ကြဖူးတာပါ။
နာမည်ကြီးအနုပညာရှင်တွေနဲ့ ဇီးထုတ်ကနေစလို့ရွှေဆိုင် နောက်…..တစ်ရူးရွက်တွေအထိ ကြော်ငြာခဲ့ကြတာက အတော်လေးခေတ်စားခဲ့ပါတယ်။
အဲဒီကနေ ဒီနေ့ဒီအချိန်ကိုရောက်ရှိလာတဲ့ အခါမှာတော့ လုပ်ငန်းရှင်တွေဘက်ကကြော်ငြာအတွက် ငွေကုန်ကြေးကျခံတဲ့ နေရာမှာ ပုံစံအမျိုးမျိုးပြောင်းလဲခဲ့ပြီး အွန်လိုင်းမီဒီယာပုံနှိပ်မီဒီယာ လက်ကမ်းကြော်ငြာ Billboard စတာတွေမှာ ဆန်းသစ်ပြီးကြော်ငြာလာတာကိုတွေ့ရမှာပါ။
ပြည်တွင်းက ထိပ်တန်းကြော်ငြာအေဂျင်စီတစ်ခုရဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဒီဘက်ခေတ်မှာ ကုန်ပစ္စည်းပိုင်ရှင်တွေကကြော်ငြာတဲ့အပိုင်းမှာငွေ သိပ်မသုံးကြတော့ဘူးလို့ ပြောပြလာပါတယ်။
"သေချာတာကတော့ ကြော်ငြာဘတ်ဂျတ်ကကျသွားတယ်။ မနှစ်က ၁၅ နဲ့ ၁၆ မှာယှဉ်ရင် ကြော်ငြာဝင်ငွေက ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်းအဲလောက်ပဲတိုးတယ်။ အဲဒီဥစ္စာက ငွေကြေးဖောင်းပွတာလဲ ဖြစ်နိုင်တယ်။ ကြော်ငြာနှုန်းတွေ တက်တဲ့အတွက်ကြောင့် နှုန်းတက်ပြီးပေးရတာမျိုးကြောင့် လဲဖြစ်နိုင်တယ် အဲတော့ လူတွေကအဲတော့ လူတွေကသူတို့ လုပ်ငန်းတွေအတွက်ကိုပိုပြီးတော့ မသုံးတော့ဘူး။" လို့ Mango Media Limited ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးနှင်းဆွေက ပြောပါတယ်။
လုပ်ငန်းရှင်တွေဘက် ကြော်ငြာဘတ်ဂျတ်အကုန်လုံးကို ရုပ်မြင်သံကြားတခုထဲမှာ အကုန်ကျခံတာမျိုး မဟုတ်တော့ဘဲ ငွေကုန်ကြေးကျနည်းအောင် တခြားနည်းလမ်းနဲ့ ကြော်ငြာတာမျိုးလည်းတွေ့လာရတယ်လို့ သူမက ဆက်ပြောပါတယ်။
အခုတော့ လုပ်ငန်းရှင်တစ်ဦးရဲ့ သူတို့ထုတ်ကုန် ပေါက်ဖို့ ဘယ်လိုရင်းနှီး မြှုပ်နှံနေသလဲ။
ရွှေသုနန္ဒီ အလှကုန်လုပ်ငန်းရဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာချောက "ဒီပစ္စည်းထုတ်ပိုးမှုနဲ့ ထုတ်လုပ်တဲ့ အရည်အသွေးလေးကို ကောင်းကောင်းလေး လုပ်ထားတဲ့အတွက်ကြောင့် ပြည်သူလူထုလက်ထဲမှာ အမတို့ နမူနာတွေပေးတယ်၊ ပေးတဲ့အခါမှာဒီနမူနာကိုသုံးကြည့်ပြီးတော့ ကြိုက်ပြီဆိုရင် ၀ယ်လို့ရပြီဆိုတော့ သုံးကြည့် ဒီနမူနာကိုကျမတို့ ကြော်ငြာတဲ့ နေရာမှာသုံးတယ်၊ နောက်ပြီးကုန်ပစ္စည်းကို အကောင်းဆုံးသုံးတဲ့ အတွက် ကြောင့် ပြည်သူလူထုကတကယ်ကိုသုံးစွဲတဲ့ သူလေ ကြော်ငြာတယ်ဆိုတာက တီဗွီမှာမင်းသမီးမင်းသား တွေသုံးပြီး မင်းသမီးမင်းသားတွေမှ မသုံးရင် ဒါကအလကားပဲလေ အဲဒါဆိုတော့ တကယ်ထိရောက်တဲ့ နည်းက ပြည်သူလူထုဒီရွှေသုနန္ဒီကိုသုံးစွဲတဲ့ ကာစတန်မာတွေသာကြော်ငြာတဲ့ လူတွေပဲအဲနေရာမှာအမတို့ ရင်းနှီးမြှုပ်နှံတယ်" လို့ ရှင်းပြပါတယ်။
ပြင်သစ်နိုင်ငံသားနီးရောဘတ်က မြန်မာပြည်မှာကြော်ငြာအေဂျင်စီလုပ်ငန်းကိုလုပ်ကိုင်ဖို့ လာခဲ့တာအချိန် ၃ နှစ်ကျော်တောင် ရှိနေပါပြီ။ ဒီအတွက်လည်းဒီမှာစျေးကွက်နဲ့ အပြောင်းအလဲတွေ ရှိနှင့်နေပြီးသား ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ သူဒီအလုပ်ကိုစလုပ်တုန်းကဆိုရင် လုပ်ငန်းရှင်တွေက ရုပ်သံကြော်ငြာလိုမျိုး ပုံစံတစ်ခုတည်း ကနေပဲပုံသေကြော်ငြာဖို့ စိတ်အားထက်သန်ကြတယ်လို့ ပြောပြလာပါတယ်။
Synapse 360 ံ Advertising Agency ရဲ့ တည်ထောင်သူ နှင့် Operation Director နီး(လ်)ရောဘတ်က "ပြည်တွင်းကုန်ပစ္စည်းပဲ ဖြစ်ဖြစ်..နိုင်ငံခြားကဟာပဲဖြစ်ဖြစ် ဆက်ဆံရမယ့် သူကအတူတူပဲလေ။ ကုန်ပစ္စည်းတွေ ဆီမှာအရည်အသွေးအမျိုးမျိုးရှိတာပဲလေ..ဒါက ကျွန်တော်တို့အလုပ်မဟုတ်ဘူး၊ ကျွန်တော်တို့ အလုပ်က သုံးစွဲသူတွေကို ဘယ်လိုစကားပြောရမလဲဆိုတာပဲဗျ။ ကျွန်တော်တို့ ဒီကိုရောက်တုန်းကဆိုရင် ဒီက အမှတ်တံဆိပ် တော်တော်များများက မီဒီယာတစ်ခုတည်းကပဲ ကြော်ငြာဖို့ပဲ တွေးတတ်ကြတယ်။" လို့ ရှင်းပြပါတယ်။
အခုတော့ မီဒီယာမျိုးစုံကနေ ကုန်ပစ္စည်းတွေကို ကြော်ငြာလာတွေကို မြင်တွေ့လာနေရတယ်လို့ သူက ဖြည့်စွက် ပြောဆိုလာပါတယ်။ ဒါပေမယ့် ဒီဂျစ်တယ်မီဒီယာ ပလက်ဖောင်းတွေကို လုပ်ငန်းရှင်တွေရော ပြည်သူတွေရောကောင်းကောင်းနားလည်ရင် လုပ်ငန်းတိုးတက်လာနိုင်မယ်လို့ပါ ပြောပြထားပါသေးတယ်။
Source; Mizzima Burmese

Read times
Rate this item
(0 votes)