-->


တစ္ခါမေအာင္ျမင္တာနဲ႔ တစ္သက္လံုး လက္ေလ်ာ့ရေတာ့မွာလား

တစ္ခါမေအာင္ျမင္တာနဲ႔ တစ္သက္လံုး လက္ေလ်ာ့ရေတာ့မွာလား google.com

တစ္ခါတုန္းကေတာရြာေလးတစ္ရြာကို ေရာက္သြားတယ္။ အဲဒီမွာ ဆင္တစ္ခ်ိဳ႕ကို ႀကိဳးခ်ည္ထားတာ ေတြ႕ရတယ္။ ထူးဆန္းတာက ဆင္ေတြရဲ႕ ေျခေထာက္မွာ ခ်ည္ထားတာဟာ သံႀကိဳးမဟုတ္ဘဲ ဂုန္နီႀကိဳးနဲ႕ ခ်ည္ထားတယ္။

ပိုျပီးထူးဆန္းေနတာက အဲ႔ဒီ ဂုန္နီီႀကိဳးေတြကလည္း တုတ္တုတ္ခိုင္ခိုင္ မဟုတ္ဘဲ သာမန္ႀကိဳး အရြယ္ အစားပါပဲ။ ဆင္ဟာ တစ္ခ်က္ရုန္းလိုက္တာနဲ႔ အဲဒီႀကိဳးဟာ အသာ ေလး ျပတ္ထြက္သြားႏိုင္ပါတယ္။
သိခ်င္တာနဲ႕ ဆင္ထိန္းသမားတစ္ေယာက္ကို ေမးႀကည့္မိတယ္။

ဆင္ေတြကို ဘာလို႕ႀကိဳးအတုတ္ႀကီးေတြနဲ႔ မခ်ည္ဘဲ ႀကိဳးေသးေသး ေလးေတြနဲ႔ ခ်ည္ထားရတာလဲ။လူမရွိတဲ႔ အခ်ိန္ ဆင္ေတြရုန္းကန္လို႕ ႀကိဳးေတြျပတ္ထြက္ျပီး ထြက္ေျပးသြားမွာ မစိုးရိမ္ဘူးလားေပါ့။

ဆင္ထိန္းသမားက ခုလို ျပန္ေျဖပါတယ္။ ဒီဆင္ေတြကို ငယ္ငယ္္ေလးကတည္းက အခုႀကိဳးေတြနဲ႕ပဲ ခ်ည္ခဲ႔တာပါ။ သူတို႕ငယ္ငယ္ တုန္းကေတာ့ ရုန္းႀကေပမယ့္ ႀကိဳးျပတ္ေအာင္ မရုန္းႏိုင္ႀကေတာ့ပါ ဘူး။ေနာက္ဆံုးဆင္ေလးေတြက လက္ေလ်ာ့ျပီး မရုန္းႀကေတာ့တာအခုထိပဲ ။ဒီႀကိဳးကိုျမင္တိုင္း ႀကိဳးျပတ္ေအာင္

မရုန္းႏိုင္ဘူးလို႕ သူတို႕ စိတ္ထဲ စြဲမွတ္သြားျပီ။ သူတို႕ခႏၶာကိုယ္ ႀကီးထြားလာတာကို ေမ႔ေန တာေလတဲ႔ ။ 
ဒီအျဖစ္ပ်က္ေလးကေန ေပၚလာတဲ႔ အေတြးတစ္ခုကေတာ့ .....

ငယ္ငယ္တုန္းက တစ္ခုခုျဖစ္ခ်င္လို႕ ႀကိဳးစားတယ္။ မေအာင္ျမင္ဘူး။ ေနာက္ထပ္အႀကိမ္ႀကိမ္ႀကိဳးစားတယ္။ မေအာင္ျမင္ဘူး။ 

ေနာက္ဆံုးေတာ့ လက္ေလ်ွာ့လိုက္တယ္။ စိတ္ထဲမွာလည္း ငါႀကိဳးစားတာ ဘယ္ေတာ့မွေအာင္ျမင္မွာ မဟုတ္ဘူးလို႕ စြဲမွတ္သြားတယ္။

Read-ကိဳးစားမွဳမရွိျခင္းက အသက္ေပးလုိက္ရျခင္းပါ

အဲ႔ဒီအစြဲကို မေဖ်ာက္ႏိုင္ေတာ့ အသက္အရြယ္ရလာေပမယ့္ ထပ္မံ မႀကိဳးစားေတာ့ဘူး ။ မႀကိဳးစားေတာ့ ဘဝမွာ ေအာင္ျမင္မူေတြ မရ ေတာ့ဘူး။ 

ဒီေတာ့မိမိကိုယ္ကို ျပန္သံုးသပ္ဖို႕ လိုပါတယ္။ငါဟာႀကိဳးေသးေသး ခ်ည္ထားခံရတဲ႔ ဆင္တစ္ေကာင္ ျဖစ္ေနျပီလားလို႕။ 

ဥပမာေလးတစ္ခုေပးခ်င္ပါတယ္။ တစ္ခ်ိဳ႕လူေတြငယ္ငယ္တုန္းက စက္ဘီးစီးသင္တယ္။ စက္ဘီးလဲက် ဒူးကြဲလက္ျပဲျဖစ္လို႕ ေႀကာက္သြားျပီး စက္ဘီးစီး ဆက္မသင္ေတာ့ဘူး ။ ဒီတစ္သက္ စက္ဘီးစီး တတ္မွာ မဟုတ္ဘူးလို႕ စြဲသြားလို႕ သူတို႕ႀကီးတဲ႕အထိ စက္ဘီးမစီး တတ္ႀကေတာ့ဘူး။

Credit; Original Writer

Unicode Version

တစ်ခါတုန်းကတောရွာလေးတစ်ရွာကို ရောက်သွားတယ်။ အဲဒီမှာ ဆင်တစ်ချို့ကို ကြိုးချည်ထားတာ တွေ့ရတယ်။ ထူးဆန်းတာက ဆင်တွေရဲ့ ခြေထောက်မှာ ချည်ထားတာဟာ သံကြိုးမဟုတ်ဘဲ ဂုန်နီကြိုးနဲ့ ချည်ထားတယ်။
ပိုပြီးထူးဆန်းနေတာက အဲ့ဒီ ဂုန်နီီကြိုးတွေကလည်း တုတ်တုတ်ခိုင်ခိုင် မဟုတ်ဘဲ သာမန်ကြိုး အရွယ် အစားပါပဲ။ ဆင်ဟာ တစ်ချက်ရုန်းလိုက်တာနဲ့ အဲဒီကြိုးဟာ အသာ လေး ပြတ်ထွက်သွားနိုင်ပါတယ်။
သိချင်တာနဲ့ ဆင်ထိန်းသမားတစ်ယောက်ကို မေးကြည့်မိတယ်။
ဆင်တွေကို ဘာလို့ကြိုးအတုတ်ကြီးတွေနဲ့ မချည်ဘဲ ကြိုးသေးသေး လေးတွေနဲ့ ချည်ထားရတာလဲ။လူမရှိတဲ့ အချိန် ဆင်တွေရုန်းကန်လို့ ကြိုးတွေပြတ်ထွက်ပြီး ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလားပေါ့။
ဆင်ထိန်းသမားက ခုလို ပြန်ဖြေပါတယ်။ ဒီဆင်တွေကို ငယ်ငယ််လေးကတည်းက အခုကြိုးတွေနဲ့ပဲ ချည်ခဲ့တာပါ။ သူတို့ငယ်ငယ် တုန်းကတော့ ရုန်းကြပေမယ့် ကြိုးပြတ်အောင် မရုန်းနိုင်ကြတော့ပါ ဘူး။နောက်ဆုံးဆင်လေးတွေက လက်လျော့ပြီး မရုန်းကြတော့တာအခုထိပဲ ။ဒီကြိုးကိုမြင်တိုင်း ကြိုးပြတ်အောင်
မရုန်းနိုင်ဘူးလို့ သူတို့ စိတ်ထဲ စွဲမှတ်သွားပြီ။ သူတို့ခန္ဓာကိုယ် ကြီးထွားလာတာကို မေ့နေ တာလေတဲ့ ။
ဒီအဖြစ်ပျက်လေးကနေ ပေါ်လာတဲ့ အတွေးတစ်ခုကတော့ .....
ငယ်ငယ်တုန်းက တစ်ခုခုဖြစ်ချင်လို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ နောက်ထပ်အကြိမ်ကြိမ်ကြိုးစားတယ်။ မအောင်မြင်ဘူး။
နောက်ဆုံးတော့ လက်လျှော့လိုက်တယ်။ စိတ်ထဲမှာလည်း ငါကြိုးစားတာ ဘယ်တော့မှအောင်မြင်မှာ မဟုတ်ဘူးလို့ စွဲမှတ်သွားတယ်။
အဲ့ဒီအစွဲကို မဖျောက်နိုင်တော့ အသက်အရွယ်ရလာပေမယ့် ထပ်မံ မကြိုးစားတော့ဘူး ။ မကြိုးစားတော့ ဘဝမှာ အောင်မြင်မူတွေ မရ တော့ဘူး။
ဒီတော့မိမိကိုယ်ကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ငါဟာကြိုးသေးသေး ချည်ထားခံရတဲ့ ဆင်တစ်ကောင် ဖြစ်နေပြီလားလို့။
ဥပမာလေးတစ်ခုပေးချင်ပါတယ်။ တစ်ချို့လူတွေငယ်ငယ်တုန်းက စက်ဘီးစီးသင်တယ်။ စက်ဘီးလဲကျ ဒူးကွဲလက်ပြဲဖြစ်လို့ ကြောက်သွားပြီး စက်ဘီးစီး ဆက်မသင်တော့ဘူး ။ ဒီတစ်သက် စက်ဘီးစီး တတ်မှာ မဟုတ်ဘူးလို့ စွဲသွားလို့ သူတို့ကြီးတဲ့အထိ စက်ဘီးမစီး တတ်ကြတော့ဘူး။
Credit; Original Writer

Read times
Rate this item
(1 Vote)